Wednesday, May 14, 2008

နယ်စပ်မှ စစ်တပ်တစ်ခု ပြောင်းပြီး



ထိုင်းနိုင်ငံသို့ မှောင်ခိုတင်သွင်းတော့မည့် သစ်ကားများ


သတင်းထောက် ကြွက်သိုး

၁၃ ရက်နေ့ မနက် ဒေသစံတော်ချိန် ၀၅၀၀ တွင် ထိုင်းမြန်မာ နယ်စပ်မြန်မာဘက်ခြမ်း ဘုရားသုံးဆူ မြို့မှ ထိုင်းနိုင်ငံသို့ ပါကေး တင်ဆောင်သည့် ၁၀ ဘီးကား ၂၀ စီးခန့်
တင်ဆောင်သွားသည်။
၎င်းဒေသရှိ နယ်စပ်ကုန်သွယ်ေ၇းဂိတ်အားနအဖမှ ပိတ်ထားသည်မှာ ၁၅ လရှိပြီဖြစ်သော်လည်း ယခုကဲ့သို့ ထိုင်းနိုင်ငံသို့ပို့ဆောင်မည့် ပါကေး ကား များအား ဒေသခံတပ်၇င်းနှင့် အခြားဌာန ဆိုင်ရာများခွင့်ပြုထားခြင်းကြောင့် ပူးပေါင်းပြီး တင်ဆောင်ခြင်းဖြစ်သည်။
ထိုင်းနိုင်ငံဘက်မှ ပို့ဆောင်သော အခြားကုန်ပစည်းများအား ၄င်းဂိတ်ကြီးမှ မဟုတ်ဘဲ အခြားသော ကုန်သွယ်ရေး( တရားမ၀င် ) လမ်းကြောင်းများမှ တင်သွင်းခြင်းကြောင့် ကုန်ပစည်းများ တန်ဖိုးမှာ မြင့်တက်သွားရခြင်းဖြစ်သည်။
၎င်း တရားမ၀င် လမ်းကြောင်းတွင် (ငြိမ်းချမ်းရေး / စစ်တပ် / အခြားလက်နက်ကို အဖွဲ့များ / ရဲ များ ) ဂိတ်များဖွင့်ကာ ဂိတ်ကြေးတောင်းခံခြင်းကြောင့် ကုန်ပစည်းများ အဆမတန် ဈေးတက်ရခြင်း ဖြစ်သည်။

ယခုရက်ပိုင်းအတွင်း ပြောင်းရွှေ့မည့်တပ်ရင်း ( ခမရ ၁၈ ) မှ တပ်ရင်းမှူး ဒုမှူးကြီး လှမင်း မှာ ယခုလို နယ်စပ်ဂိတ်အား ဖွင့်ပေးပြီး ပါကေးကားများအား ထိုင်းနိုင်ငံသို့ တင်ဆောင်ခွင့်ပြု
ခမရ ၁၈( နတခ ) မှ ၄င်းဒေသ ဧရာဝတီတိုင်းသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်မည်ဖြစ်ပြီး ခမရ ၃၁၀ ( ရတခ ) မှ ဘုရားသုံးဆူမြို့သို့ လာရောက်ကာ ပြောင်းရွှေ့တာဝန်ထမ်းဆောင်မည်ဖြစ်သည်။
ယခင်က ထိုင်းနိုင်ငံနှင့် ဖက်စပ် ကုန်သွယ်မှုပြုလုပ်သည့် ခဲမဖြူ ကားများ ဖြတ်သန်းမှသာ ၄င်းကားများကြားမှ ပါကေး ကားများအား လိုက်ပါစေသော်လည်း
ယနေ့ နံနက်တွင် ခဲမဖြူကားများ ဖြတ်သန်းခြင်းမပြုပါဘဲနှင့် ၄င်းပါကေးကားများအား သီးသန့် ဖြတ်သန်းခွင့်ပြု
ဒေသခံပြောဆိုချက်အရ ၄င်း ပါကေး တစ်စီး ဖြတ်သန်းလျင် ထိုင်းဘတ်ငွေ အနည်းဆုံး ၂၅၀၀၀ ခန့်အား သက်ဆိုင်ရာ အာဏာပိုင်များအား ပေးဆောင်ရသည်ဟု ကြားသိရှိရသည်။
နယ်စပ်ဂိတ်ကြီးအားပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများမှာ စားဝတ်နေရေး ကြပ်တည်းမှု အားခံစားနေရသည်မှာ ၁၅ လတာမျှ ကြာမြင့်ပြီ ဖြစ်သည်။
ကျောင်းနေအရွယ်ကလေးများအား မိဘများမှ ကျောင်းမထားနိုင်သဖြင့် ၄င်းကလေးတွေမှာ မိသားစုစားဝတ်နေရေးအတွက် ကြုံရာ အလုပ်လုပ်နေရကာ ၀င်ငွေအားတဖက်တလမ်းမှ ခက်ခဲစွာ ရှာဖွေနေရပါသည်။
ဒေသအတွင်းတွင်လည်း သက်ဆိုင်ရာ ရယက များမှ ဘာကြေးညာကြေးဆိုပြီး အိမ်များတွင် လိုက်လံကောက်ခံခြင်း ( ဥပမာ = ညနေ ၆ နာ၇ီကျော်လျင် မီးဖို သုံးစွဲသူများအား အချိန်ပို မီးဖိုသုံးစွဲခွင့်အနေဖြင့် သက်ဆိုင်ရာ ရယက ရုံးမှာ ဘတ် ၂၀၀ အားပေးဆောင်ရပြီး လစဉ်ကြေးအနေဖြင့် တစ်လလျင် ၁၀၀ ဘတ် ကိုလည်း လိုက်လံကောက်ခံပါသည် )
ဒေသခံပြည်သူများမှာ စားဝတ်နေရေး ကြပ်တည်း သည့် ကြားမှ ၄င်းကောက်ခံမှုကိုလည်း ဖြေရှင်းနေရပါသည်
အချိန်ပိုသုံးစွဲခွင့်ဆိုသည်မှာ = စားသောက်ဆိုင် / လက်ဖက်ရည်ဆိုင် နှင့် အခြား လုပ်ငန်းငယ်များ ဖြစ်သည်။

No comments:

 
/* EOT ----------------------------------------- */