Monday, April 14, 2008

ပရိတ်သတ်အများဆုံး အာပေးမှုကိုခံခဲ့ရသော မလေးရှာသင်္ကြန်မှ ကြွကြွ ငရဲပြည်ကိုကြွ




ကြွှကြွ ငရဲပြည်ကိုကြွ တေးသီချင်းအားဤနေရာမှ နားဆင်ပါ
spdc yein_MP3_128.mp3

အပြည့်အစုံဖတ်ရန်...

NLD(LA)MALAYSIA သံချပ်

သံချပ်ပထမပိုင်း
than chat 1_MP3_128.mp3
သံချပ်ဒုတိယပိုင်း
than chat2_MP3_128.mp3
သံချပ် တတိယပိုင်း
than chat 3_MP3_128.mp3

အပြည့်အစုံဖတ်ရန်...

Sunday, April 13, 2008

NLD (LA) MALAYSIA ၏ မလေးရှား သင်္ကြန်







မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်တွင် မြန်မာအတာသင်္ကြန်ပွဲတော်ကို အောင်မြင်စွာ ကျင်းပနှိုင်ခဲ့ပါသည်။
NLD(LA) Malaysia ကကြီးမှူးကျင်းပသော မြန်မာရိုးရာ မဟာသင်္ကြန်ပွဲတော်ကို ၂၀၀၈ ခုနှစ်၊ဧပြီလ ၁၃ ရက်နေ့တွင် နံနက် ၁၁ နာရီ ၃၀ မိနစ် မှ ညနေ ၅း၀၀ နာရီထိ အောင်မြင်စွာကျင်းပနိုင်ခဲ့သည်။
လူတော်တော်များများက ဒီနေ့ပွဲချိန်အတွင်းတွင် မလေးအစိုးရက ၀င်ရောက်ဖမ်းစီမည်ဟု ကောလဟာလ သတင်းများထွက်နေသော်လည်း ပွဲပြီးဆုံးသည် အထိ အနှောက်အယှက်မရှိ အောင်မြင်စွာပြုလုပ်နိုင်သည် မှာ မလေးအစိုးရ၏ NLD(LA) Malaysia အပေါ် သဘောထားမှာ တစ်ခြားအဖွဲများအပေါ်ထားသည့်ကဲ့သို့ မဟုတ်၍ ပဲလား၊ NLD(LA)Malaysia ၏ ကြိုးပမ်းစွမ်းဆောင်မှုကြောင့်လာ မေးမြန်စရာပင်ဖြစ်သည်။ မည်သို့ပင်ဖြစ်ပါစေ မြန်မာရိုးရာအတာသင်္ကြန်ပွဲတော်ကို အောင်မြင်စွာကျင်းပနိုင်သည်မှာ NLD(LA)Malaysia ၏ အောင်မြင်မှုတစ်ရပ်ပင်ဖြစ်သည်။
ACR ကဲ့သို့သော အဖွဲစည်းများ ဖမ်းစီးခံရမှုကြောင့် အချို့အချို့သော ရုံးများ ပိတ်ထားစဉ်တွင် ရုံးပိတ်ရက်မရှိ ၂၄နာရီ အပြည့် တာဝန်ထမ်းဆောင်နေခြင်း၊ မဟာသင်္ကြန်ပွဲအတွက် ကြိုတင်ပြင်ဆင်ခြင်း ဒိုးပတ်၊သံချပ်၊ သီးချင်း၊ စသည့် တီးလုံးသံများဖြင့် တစ်ရုံးလုံးဆူးညံနေခြင်း၊ စသည် တို့ကိုဆက်လက်ဆောင်ရွက်နေသော NLD(LA) Malaysia ၏ သတ္တိတို့နှင့် စွမ်းဆောင်ရည်တို့မှာလည်း ချီကျူးစရာပင်ဖြစ်သည်။
မလေးရှားနိုင်ငံ၊ ကွာလာလမ်းပူမြို့လယ်ရှိ လူသိများသော ကိုတာရာယာကုန်တိုက်ဘေးတွင်ရှိသော (SM) ကုန်တိုက် ၆ထပ်တွင် ဒေသစံတော်ချိန် နံနက် ၁၁နာရီ မိနစ် ၃၀ မှ ညနေ ၅း၀၀ နာရီအချိန်ထိ NLD(LA)Malaysia မှ ကျင်းပသော ဒုတိယ အကြိမ်မြောက် မြန်မာရိုးရာ အတာသင်္ကြန်ပွဲတော်ကို အဖမ်းအဆီး များကြားထဲမှ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်။ ဤပွဲသို့ လာရောက်ကြည့်ရှု့သူများမှာလည် များသောအားဖြင့် over still များဖြစ်ကြပြီး မြန်မာအတာသင်္ကြန်ပွဲတော်ကို ချစ်မြတ်နိုးလွန်းသည့် အတွက် စွန့်စွန့်စားစားဖြင့် လာရောက်ကြည့်ရှု့ အားပေးကြခြင်း ဖြစ်ပါသည်။
အခမ်းအနားကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို (လွတ်မြောက်နယ်မြေ) မလေးရှား ဌာနခွဲ ဥက္ကဌ ကိုကျော်ကျော် မှ ပြောကြားပြီး အခမ်းအနားကို ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးသွားသော အာဇာနည်ခေါင်းဆောင်များအား အလေးပြုခြင်း၊ ပါတီအလံတော်အား အလေးပြုခြင်း နှင့် ပါတီ သစ္စာအဓိဌာန် (၄) ချက် ရွတ်ဆိုပြီး ကိုကျော်ကျော်မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပါသည်။
အခမ်းအနား အစီအစဉ်များကို (န.အ.ဖ) လက်ထက် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်များတွင် ပျောက်ကွယ် လုနီးပါး ဖြစ်သော သင်္ကြန် (သံကြပ်)၊ သင်္ကြန် ယိမ်းအကများ၊ တေးသီချင်းဖျော်ဖြေခြင်း၊ တစ်ခန်းရပ်ပြဇာတ်နှင့် တေးသရုပ်ဖော် အစီအစဉ်တို့ဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ပါသည်။
ကိုမင်းမင်း သီဆိုသော (ကြွကြွ ငရဲပြည်ကိုကြွ) တေးသီချင်းနှင့် အတူ NLD (LA) Malaysia ရဲဘော်များ ၀တ်ဆင်ထားသော (န.အ.ဖ) ဗိုလ်ချုပ်ကြီးများ၏ စစ်အင်္ကျီနှင့် ထမီဝတ်ပြီး ကပြဖျော်ဖြေသော (န.အ.ဖ) ယိမ်းတွင် လာရောက်ကြည့်ရှုသော ပရိတ်သတ်များ၏ လက်ခုပ်သံများသည် အခမ်းအနားကျင်းပသော ဇာတ်ရုံကြီးတစ်ခုလုံး ဖုံးလွှမ်းသွားသည်အထိ အားပေးခဲ့ပါသည်။
တစ်ခန်းရပ်ပြဇာတ်ဖြစ်သော “ ပြတ်ပြတ်သားသား ဆန့်ကျင့် ကန့်ကွက်ကြ” ပြဇာတ်တွင် ရဟန်း၊ရှင်လူ၊ ကျောင်းသား ပြည်သူများအား နအဖ စစ်တပ်မှ အကြမ်းဖက်ဖြိုခွင်းခဲ့သည့် သရုပ်ဖော်ပြကွက်တွင် ပရိတ်သတ်များသည် နအဖ စစ်အာဏာရှင်အပေါ် ပိုမိုစက်ဆုပ်ရွံရှာမှုများနှင့်အတူ ဒေါသပေါက်ကွဲသံများထွက်ပေါ် လာအထိ ဇာတ်ရုံကြီးတခုလုံး ဆူညံသွားခဲ့ပါသည်။
အခမ်းအနားကို နှစ်ပိုင်းခွဲကာ ဖျော်ဖြေတင်ဆက်ခဲ့ပြီး ပထမပိုင်းအစီအစဉ် အပြီးတွင် ပွဲကို ခေတ္တရပ်နားကာ မြန်မာရိုးရာ သင်္ကြန်အစားအစာဖြစ်သော မုန့်လုံးရေပေါ်၊ ရွှေရင်အေး၊ သာကူကျောက်ကြောတို့နှင့် ကျွေးမွေးဧည့်ခံခဲ့ပါသည်။
နောက်ဆုံးအစီအစဉ်တွင် “အရေးကြီးပြီ ညီနောင်အပေါင်းတို့” သီချင်းဖြင့် ဖျော်ဖြေခဲ့ပြီး အခမ်းအနားကို အောင်မြင်စွာအဆုံးသတ်ခဲ့ပါသည်။ ယင်းအခမ်းအနားသို့ မလေးရှားသို့ရောက်ရှိနေသော ရွှေမြန်မာများက အခက်အခဲမျိုးစုံကြားမှပင် လူပေါင်း ၇၀၀ ကျော် တက်ရောက်အားပေးခဲ့ပါသည်။

အပြည့်အစုံဖတ်ရန်...

Saturday, April 12, 2008

မလေးရှားသင်္ကြန်စတင်ဖျော်ဖြေနိုင်တော့မည်



NLD(LA)Malaysia မှ အဖွဲ့ဝင့်များနှင့် သင်္ကြန်မောင်မယ် များသည် NLD(LA)Malaysia ရုံးတည်စိုက်ရာ ပူချွန်းမှ ကွာလာလမ်ပူမြို့သို့ နံနက် ၈း၃၀ နာရီမှ စတင်ထွက်ခွာလာပြီဖြစ်သည်။

အပြည့်အစုံဖတ်ရန်...

ဒုတိယအကြိမ်မြောက် မလေးရှားရောက် မြန်မာတို့၏ မြန်မာရိုးရာအတာသင်္ကြန်

မလေးရှားနိုင်ငံတွင် အဖမ်းအဆီးများနေသည်ဟု သတင်းများထွက်ပေါ်နေသည့် အပြင် အဖွဲ့အစည်းများကို ပါလိုက်လံဖမ်းစီးနေသော အချိန်တွင် NLD(LA)Malaysia က မြန်မာရိုးရာအတာသင်္ကြန်ကို စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန် ပြင်ဆင်လျှက်ရှိကြောင်း သိရှိရသည်။ မလေးရှားနိုင်ငံတွင် မြန်မာရိုးရာ မဟာသင်္ကြန်ပွဲတော်ကို ၁၃.၀၄.၂၀၀၈ ရက်နေ့၊ နံနက် ၁၁း၀၀ နာရီတိတိ တွင် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၊ ကိုတာရာယာနယ်မြေ SM ကုန်တိုက်တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး လာရောက်ကြည့်ရှု့သူများ၏ လုံခြုံရေးကိစ္စအ၀၀အတွက် NLD(LA) Malaysia တာဝန်ယူ ဆောင်ရွက်ပေးမည်ဟုကြားသိရပါသည်။
၁၃.၀၄.၂၀၀၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် မလေးရှားနိုင်ငံရောက် ရွှေမြန်မာတို့၏ ဒုတိယအကြိမ်မြောက် မြန်မာရိုးရာအတာသင်္ကြန်ပွဲတော်ကို ကျနော်၏ ဘလော့မှ တိုက်ရိုက်တင်ပြသွားမည်ဖြစ်သည်။
တိုက်ရိုက်ကြည့်ရှု့ နာဆင်လိုပါက ကျနော်ထံသို့ ၏မေးဖြင့် ကြိုတင် အကြောင်းကြားစေလိုပါသည်။
လေးစားစွာဖြင့်
ကြိုးစားလျှက်
မျိုးမြင့်အောင်

အပြည့်အစုံဖတ်ရန်...

Friday, April 11, 2008

်မွန်းကြပ်သေးဆုံးသော မြန်မာများ



မွန်းကြပ် သေဆုံးခဲ့သော မြန်မာအလောင်းများကို မြေမြုပ် သဂြိုလ်ပြီးဖြစ် Print E-mail
ဖနိဒါ
Thursday, 10 April 2008 15:38 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ သားငါးတင် ကွန်တိန်နာ ကားတစီးဖြင့် ထိုင်းနိုင်ငံ တောင်ပိုင်းသို့ ခိုးဝင်ရန် ကြိုးစားစဉ် အသက်ရှု မွန်းကြပ်ကာ သေဆုံးသွားကြသော မြန်မာလူမျိုး (၅၄) ဦးတို့၏ အလောင်းများအား ထိုင်းအာဏာပိုင်များက ယနေ့ မြေမြုပ် သဂြိုလ်လိုက်သည်၊

အမျိုးသမီးအများစု ပါသော အလောင်းများကို ရနောင်းခရိုင် စွတ်ဆမ်ရန်မြို့ရှိ ဘုန်းကြီးကျောင်းတွင် ဗုဒ္ဓဘာသာ ထုံးတမ်းစဉ်လာအရ ရနောင်းခရိုင် ထိုင်းလူမှုကယ်ဆယ်ရေးအဖွဲ့က မြေမြုပ် သဂြိုလ်လိုက်ကြသည်။

"ကျန်တဲ့ လူတွေကိုတော့ အချုပ်ထဲ ထည့်ထားတယ်၊ သေတဲ့လူတွေကိုတော့ ဘုန်းကြီးကျောင်းမှာ ယာယီ မြုပ်ထားတာပေါ့နော်၊ ဗုဒ္ဓဘာသာ ထုံးတမ်းဆင်လာအရ ပေါ့။ အလောင်းပိုင်ရှင်တွေ လာရင် ပြန်ထုတ်မှာပေါ့နော်၊ အခုလက်ဗွေ။ သူတို့ရဲ့ စာရွက်စာတမ်းတွေကို သိမ်းဆည်းထားတာပေါ့နော်" ဟု ရနောင်းမြို့ခံတဦးက မဇျိမကို ပြောသည်။

မြန်မာနိုင်ငံသား ၁၂၁ ယောက်သည် တင်္နသာရီတိုင်း ကော့သောင်းမြို့မှ ကွန်တိန်နာ (၁၀) ဘီး ထရပ်ကားတစီး၏ အအေးခန်း အပျက်ထဲတွင် လိုက်ပါပြီး ခိုးဝင်လာစဉ် အစုလိုက် အပြုံလိုက် သေဆုံးနေမှုကို ထိုင်းနိုင်ငံ တောင်ပိုင်း ရနောင်းခရိုင် စွတ်ဆမ်ရန်မြို့တွင် ဒေသခံများက ဗုဒ္ဓဟူးနေ့ ည၌ တွေ့ရှိခဲ့သည်။

ရနောင်းနှင့် ဖူးကက်မြို့ကြား ကီလိုမိတာ ၁၅၀ အကွာရှိ ရနောင်းခရိုင် စွတ်ဆမ်ရန်မြို့ရရှိ နာခါရွာမှ ဒေသခံများက လမ်းဘေးတွင် ရပ်ထားသော မင်္သကာဖွယ်ရာ ကားကို တွေ့ရှိကာ သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ကြရာမှ ကျား (၁၇) ဦး နှင့် မ (၃၇) ဦး သေဆုံးနေသည်ကို သိရှိရခြင်း ဖြစ်သည်။

အသက်ရှင် ကျန်နေသူများအနက် (၂၁) ဦးမှာ သတိမေ့မျောနေသဖြင့် မြို့နယ်ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှုများ ခံယူနေရသည်။

ခိုးဝင်လားသူများအနက် အများစုသည် မွန်ပြည်နယ် ကျိုက်ထို၊ သထုံ၊ မောင်လမြိုင်၊ ချောင်းဆုံမြို့များမှ လာရောက်ကြသူများ ဖြစ်သည်။ ကားမှာ ရနောင်းမြို့မှ ဖြစ်ပြီး၊ ကားမောင်သူနှင့် လူပွဲစားမှာမူ ကားကိုပစ်ကာ ထွက်ပြေး တိမ်းရှောင်နေကြသည်။

သေဆုံးသွားကြသူများနှင့် ပတ်သက်၍ သက်ဆိုင်ရာ ဆွေမျိုးများမှ သဂြိုလ်ခွင့် တောင်းခံပါက အလောင်းများကို ပြန်လည် တူးဖော် သဂြိုလ်ခွင့် ပေးသွားမည်ဖြစ်ကြောင်း ထိုင်းအာဏာပိုင်များက ပြောဆိုထားသည်။

အသက်ရှင်လျက် ကျန်ရှိနေသူများကို မြန်မာ အာဏာပိုင်များနှင့် ညှိနှိုင်းပြီး ပြန်ပို့ရန် ထိုင်းဘက်က စီစဉ်လျှက် ရှိသည်။

တရားမ၀င် ၀င်ရောက်လာသူများကို ဖမ်းဆီးမိပါက (၁၅) ရက်မှ (၂၀)ရက်အထိ အချုပ်ချထားပြီး ငွေဒဏ်ဘတ် ၂၀၀၀ ပေးဆောင်စေကာ မူရင်းနိုင်ငံ ပြန်ပို့လေ့ ရှိသည်။


အပြည့်အစုံဖတ်ရန်...

နဖူးစာ နိုင်ငံလည်သော ကိုပန်းသီး

သီးလေးသီး အငြိမ့်အဖွဲ့မှ လူရွှင်တော် ပန်းသီး
သင်္ကြန်အမီ ထိမ်းမြားလက်ထပ်

NEJ/ ၁၁ ဧပြီ ၂၀၀၈
line

wedding
လူရွှင်တော် ပန်းသီးတို့ ဇနီးမောင်နှံ

သီးလေးသီး ဆေးရောင်စုံ အငြိမ့်အဖွဲ့မှ လူရွှင်တော် ပန်းသီး (ကိုမျိုးဇော်) သည် ထိုင်း-မြန်မာ နယ်စပ် လွတ်မြောက်နယ်မြေတွင် ဘဝလက်တွဲဖော် ဖူးစာရှင် မဝင်းသီတာအောင်နှင့် ယနေ့ နံနက်တွင် ထိမ်းမြား လက်ထပ် လက်မှတ်ရေးထိုးကြသည်။

မြန်မာနိုင်ငံ ရှေ့နေများ ကောင်စီရုံးတွင် ကျင်းပသည့် လက်မှတ် ရေးထိုးပွဲသို့ သီးလေးသီး ဆေးရောင်စုံ အငြိမ့်အဖွဲ့မှ ဝိုင်းတော်သားများ၊ နှစ်ဘက် မိတ်ဆွေ

များ စုံညီစွာ တက်ရောက်ကြသည်။

လူရွှင်တော် ပန်းသီး အိမ်ထောင်ပြုသည့်ကိစ္စနှင့် ပတ်သက်၍ အဖွဲ့ခေါင်းဆောင် ကိုဂေါ်ဇီလာက "ဒါကလူမှုရေးကိစ္စပါ။ အဖွဲ့ရဲ့လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး ထိခိုက်စရာ အကြောင်းမရှိပါဘူး။ ကျနော် တို့ ရည်ရွယ်ချက်ကို ဆက်လုပ်သွားပြီး အောင်ပွဲရတဲ့အထိ ချီတက်သွားမှာပါ။ မြန်မာပြည်က လူထုတွေလည်း စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ လာမယ့်မေလ (၁၀) ရက်မှာ ကျင်းပမယ့် လူထုဆန္ဒ ခံယူပွဲမှာ ဆန့်ကျင်သပိတ်မှောက်ကြဖို့ တိုက်တွန်းပါတယ်" ဟု ခေတ်ပြိုင်သို့ပြောသည်။

လူရွှင်တော်စိန်သီးကလည်း "ဒါ ကျနော်တို့အဖွဲ့ အင်အားတောင့်လာတာလို့ ပြောချင်တယ်။ ပြည်တွင်းကလာတာ (၇) ယောက်၊ အခု (၈) ယောက်ဖြစ်သွားတော့ ကျနော်တို့အတွက် ပိုပြီး အားရှိသွားတယ်" ဟု ပြောသည်။

အိမ်ထောင်ပြုလိုက်သော်လည်း မိမိတို့ အဖွဲ့၏ ရည်မှန်းချက်ပန်းတိုင် ရောက်ရှိသည်အထိ ဆက် လက် လျှောက်လှမ်းသွားမှာဖြစ်ကြောင်း ကိုပန်းသီးက ပြောသည်။

မဝင်းသီတာအောင်သည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) မှ အမျိုးသမီး
အဖွဲ့ဝင်တဦးဖြစ်သည်။

သီးလေးသီး အငြိမ့်အဖွဲ့သည် လာမည့်ဧပြီလ (၁၃) ၌ ချင်းမိုင်မြို့တွင် ကပြဖျော်ဖြေမည် ဖြစ်သည်။ ။

အပြည့်အစုံဖတ်ရန်...

Thursday, April 10, 2008

ကန့်ကွက်မဲပေးကြ


Vote No.mp3
ကန့်ကွက်မဲပေးကြ သီချင်းအား ကျနော်၏ ဘလော့ချစ်သူအားလုံးနားဆင်နိုင်ရန်အတွက် တင်ပေးလိုက်ပါတယ်
ဒို့တတွေ ဒီအချိန်မှာ ဘာတွေလုပ်ကြရမလဲ
ဒီအချိန်မှာ စစ်အစိုးရကို ကန့်ကွက်မဲ မပေးခဲ့ရင် ဒို့ရဲ့ သားစဉ်မြေးဆက်တွေ ဘယ်ဘ၀တွေကို ရောက်သွားနိုင်သလဲ
ဒီအချိန်မှာ ဒို့တတွေဟာ လုပ်သင့်တဲ့အလုပ်ကို မလုပ်ခဲ့ပဲ နေခဲ့ရင် သမိုင်းက ပေးတဲ့ပစ်ဒဏ်ကို ဒို့တတွေ ဘယ်လောက်ထိခံစားရမလဲ
ဒီအချိန်မှာ ဒို့တတွေ သတ္တိတွေမမွေးနိုင်ခဲ့ဘူးဆိုရင် ဒို့တတွေ ဘယ်အချိန်ထိ ဆက်ကြောက်နေကြရမှာလဲ

စဉ်းစားဖို့နဲ့ ဝေဖန်ဖို့ တင်ပြပေးလိုက်တာပါ
အစဉ်လေးစားလျှက်
မျိုးမြင့်အောင်

အပြည့်အစုံဖတ်ရန်...

Tuesday, April 1, 2008

ဂုဏ်ပြုထိုက်သူ


gone pyu htike thu_MP3_128.mp3

သံစဉ်၊စာသား ထက်အောင်ရှိုင်း
တေဆို ကုမာရ
ဒီသီချင်းလေးဟာ စက်တင်ဘာလှုပ်ရှားမှုကို ဂုဏ်ပြုထားသောသီချင် တစ်ပုဒ်ဖြစ်ပါသည်။
ဒီသီးချင်းလေးကိုလည်း မျှဝေခံစားစေချင်ပါတယ်
ဒီသီချင်းရေးဆိုနေကြသောညီငယ်များသည် အခက်အခဲမျိုးစုံကြားမှ ကြိုးစားနေခြင်းဖြစ်ပါသည်။
သီချင်းစတီရီယိုဝင်ရန်အတွက် အလုပ်မျိုးစုံ ကိုမရှက်မကြောက်ပြုလုပ်ပြီ ရရှိလာသော ငွေကြေးဖြင့် တစ်ပုဒ်ချင်းအသံသွင်နေခြင်းဖြစ်သောကြောင့် စီဒီမထုတ်နိုင်ခြင်းဖြစ်ပါသည်။
ထို့အပြင် နိုင်ငံရေးသီးချင်းများဖြစ်သောကြောင့် အပြင်တွင် ငွေကြေးဖြင့် မရောင်းချလိုသောကြောင့် အခက်အခဲ များစွာဖြင့် ကြိုးစားရုံးကန်နေရပါသည်။ ကိုထက်အောင်ရှိုင်တို့အတွက် အသိမှတ်ပြုစေချင်ပါသည်။ အသိအမှတ်ပြုစေချင်သည်ဆိုသည်မှ ငွေကြေးထက် ကိုထက်အောင်ရှိုင်းတို့၏ အခက်အခဲမျိုးစုံကြားမှာ အမိမြန်မာပြည် လွတ်မြောက်ရေးအတွက် တက်နိုင်အပိုင်းမှ တတပ်တအားပါဝင်နေခြင်းကို အသိမှတ်ပြုပေးစေလိုပါသည်။ ကိုထက်အောင်ရှိုင်းတို့အဖွဲ၏ ယခင်သီးချင်းများကိုပါပူတွဲတင်ပြပေးလိုက်ပါသည်

လှောင်ချိုင့်ထဲကလူ
HlaungChaikeHtelKaLuu_MP3_128.mp3
တေးဆို ထက်အောင်ရှိုင်းနှင် AKT
လေးစားစွာဖြင့်
မျိုးမြင့်အောင်

အပြည့်အစုံဖတ်ရန်...

 
/* EOT ----------------------------------------- */