Saturday, February 16, 2008

ပြတ်ပြတ်သားသား ကန့်ကွက်ကြပါစို့

ပြတ်ပြတ်သားသားကန့်ကွက်ကြပါစို့ ဆိုသောစာအုပ်အား ဤနေရာသို့နိုပ် ၍ ရယူနိုင်ပါသည်။
အထက်ပါစာအုပ်သည် လက်ရှိ နအဖ အစိုရ၏ လိမ့်လည်လည့်ဖျားမှုပေါင်းများစွာနှင့် နအဖ၏ အာဏာတည်မြဲရေးကြိုးပမ်းမှုများကို သိမြင်ပြီး ပြတ်ပြတ်သားသားတော်လှန်နိုင်ရည်ရွယ်တင်ဆက်လိုက်ပါသည်။
ဤစာအုပ်အားပေးပို့ပေးခဲ့သော Burma Campaign UK အား အထူးကျေးဇူးတင်ရှိပါသည်။
ထို့နည်းတူ အခြားအခြားသော နိုင်ငံရေးစာအုပ်များနှင့် ကျနော်၏ မိတ်ဆွေများအတွက်လိုအပ်မည်ထင်သော စာအုပ်များကိုလည်း ထပ်မံတင် ပို့ထားပါသည်။ ယခုတဖန်တင်ပို့ထားသော စာအုပ်များထဲတွင် ရှားပါစာအုပ်များဖြစ်သော မြန်မာနိုင်ငံရေးဖြစ်စဉ် ထူးခြားမှုရက်စွဲမှတ်တမ်းများနှင့် အခြားသော စာအုပ်များကိုပါတင်ပို့ထားပါသည်။ ကျနော်၏ မိတ်ဆွေများလည်း ကြိုက်နှစ်သက်လိမ့်မည်ဟုမျော်လင့်မိပါသည်။ ကျနော်၏ တိုက်ပွဲဝင်ရဲဘော်များနှင့် ကျနော်၏ ဘလော့တွင် အမြဲလာရောက်အားပေး နေသူများအတွက် လိုအပ်မည်ထင်သောစာအုပ်များကို ထပ်မံရှာဖွေစုဆောင်တင်ပြသွားပါမည်။ စာအုပ်များကို ဒေါင်းလုပ်ရယူရန် ဖတ်စေချင်သော စာအုပ်များ (၂) နှင့် နိုင်ငံရေးစာအုပ်များသို့ဝင်ရောက်၍ ရယူနိုင်ပါသည်။ ဆက်လက်၍ ကြိုးစားနေပါမည်။
စာအုပ်များရှာဖွေစုဆောင်ပေးပို့သော ဘလော့ဂါ ကိုခိုင်ခန့် အားလည်း အထူးပဲကျေးဇူးတင်ရှိပါသည်။
မျိုးမြင့်အောင်

အပြည့်အစုံဖတ်ရန်...

ပဒိုးမန်ရှားအားလုပ်ကြံသည့်သူများစီးလာသောကားအား ထိုင်နိုင်ငံရဲများက ရှာဖွေတွေရှိ


သောင်ရင်းမြစ်အနီးမှ သိမ်းဆည်းရရှိသည့် တိုယိုတာဟိုင်းလက်ကား


ယမန်နေ့ညနေက ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) အထွေထွေအတွင်းရေးမှူး ပဒိုမန်းရှာလားဖန်းအား လုပ်ကြံသတ်ဖြတ်သွားသူများ အသုံးပြုခဲ့သည့် ထိုင်းအက္ခရာ (ချောချန့် ထောထန် - ၄၂၅) တိုယိုတာဟိုင်းလက် ဖိုးဝှီးနှစ်ခန်းတွဲ ကားအနက်အား ယနေ့နံနက်တွင် သောင်းရင်းမြစ် နယ်စပ်မျဉ်းအနီးတွင် မဲဆောက်ရဲတပ်ဖွဲ့မှ တွေ့ရှိခဲ့သည်။

အဆိုပါကားအား မဲဆောက်မြို့မှ ကီလိုမီတာ (၂၀) ခန့်အကွာရှိ ထိုင်းဘက်ကမ်း ဝှေ့ဘုန်းရွာရှိ ဂိတ်အမှတ် (၁၇) တွင် ရပ်ထားသည်ကို တွေ့ရှိသဖြင့် ရဲကသိမ်းယူလာခဲ့ခြင်းဖြစ်သည်။

မဲဆောက်ရဲစခန်းတွင် ကားအတွင်းရှိ သဲလွန်စနှင့် လက်ဗွေရာများအား ထိုင်းအထူးမှုခင်းရဲတပ်ဖွဲ့ က မှတ်တမ်းတင် ရရှိခဲ့သည်။

ယခုအမှုနှင့်ပတ်သက်၍ မဲဆောက်မြို့နယ် ရဲဗိုလ်မှူးကြီး ဖတ်စ၀ပ်တင်ကျွိက “မနေ့က ညနေ (၃) နာရီလောက်မှာ ရွှေကုက္ကိုရွာကနေ ကရင်လူမျိုးတွေကူးလာပြီး အဲဒီကားကိုငှားပြီး မဲဆောက်ကို သွားတယ်။ ညနေ (၅) နာရီကျော်လောက်မှာ ပြန်လာပြီး အဲဒီကားကိုထားပြီး ဗမာဖက်ကမ်းကို ပြန်ကူးသွားတယ်။ ဘယ်နိုင်ငံသားပဲဖြစ်ဖြစ် ထိုင်းနိုင်ငံအတွင်းမှာ ဥပဒေချိုးဖောက်ရင်တော့ အရေးယူအပြစ်ပေးခြင်းခံရမယ်။ ဒီအမှုကို အတိအကျ စစ်ဆေးဖော်ထုတ်ပြီးရင် ပြစ်မှုကျူးလွန် သူတွေကို အရေးယူသွားမယ်” ဟု သတင်းထောက်များအား ပြောသည်။

ကားပိုင်ရှင်မှာ သစ်ကုန်သည် ဘွန်းဆိုသူဖြစ်ကာ မြန်မာဘက်ကမ်းတွင် သစ်လုပ်ငန်းလုပ်ကိုင်ပြီး ရွှေကုက္ကိုရွာမှ ကရင်လူမျိုးများနှင့်ရင်းနှီးပြီး ၎င်းတို့ ထိုင်းဘက်ကမ်းသို့လာလျှင် အဆိုပါကားအား ပုံမှန်ငှားစီးနေကျဖြစ်သည်။

မဲဆောက်ရဲမှ အမှုကွင်းဆက်နှင့်ပတ်သက်၍ သဲလွန်စများရထားသော်လည်း တစုံတရာ ထုတ်
ဖော်ပြောဆိုခြင်းမရှိသေးဘဲ ကရင်လူမျိုးများ အချင်းချင်းဖြစ်သည့် ပြဿနာဟုသာ မှတ်ချက်ပေး သည်။

ကရင်အမျိုးသားအစည်းအရုံး၏ ထိပ်တန်းခေါင်းဆောင်တဦး ယခုကဲ့သို့ မဲဆောက်မြို့တွင် နေ့ခင်းကြောင်တောင် လုပ်ကြံသတ်ဖြတ်ခံရသည့်သတင်းကြောင့် မြန်မာများနှင့်ဒေသခံများကို အထိတ်တလန့်ဖြစ်စေခဲ့သည်။ ။

အပြည့်အစုံဖတ်ရန်...

Thursday, February 14, 2008

ဆင်ဆာတင်ခွင့် မရသော ဘုရားစူးလိမ့်မည် သီချင်း


bagoda suu.mp3



ဤသီးချင်းသည် နိုင်ငံရေးသီချင်းမဟုတ်ပါပဲ အဘယ်ကြောင့် ဆင်ဆာတင်ခွင့် မရသည်ကို သီဆိုသူမနွယ်နွယ်အားမေးမြန်းခဲ့ရာ
ကျမတို့က နိုင်ငံရေးသီးချင်းဆိုတာမဟုတ်ပါဘူး၊ ကျမတို့က နိုင်ငံရေးသီးချင်းဆိုခဲ့ရင်လည်း ဆင်ဆာတင်မှာမဟုတ်ပါဘူး အခုဟာက ဘာကြောင့်ဒီလိုဖြစ်မှန်မသိပါဘူးဟုဖြေကြားပါတယ်။
အခုလိုဆင်ဆာအပိတ်ခံရတာဘာကြောင့်လို့ ထင်ပါသလဲခင်ဗျာ
''မနွယ်နွယ်'' အခုဟာက ဆင်ဆာအပိတ်ခံရတယ်လို့လဲ ပြောဖို့ခက်ပါတယ်။ သူတို့က ဒီသီချင်းကို ဆင်ဆာမတင်ပါနဲ့လို့ ပြောတယ်၊ ဘာကြောင့်လဲလို့မေးတော့လဲ အထက်က မတင်ဖို့ပြောတာပါတဲ့ ဆင်ဆာပိတ်တာတော့ မဟုတ်ပါဘူးလို့ပြောတယ်။ ဒီသီချင်းထဲမှာ နိုင်ငံရေးနဲ့ပတ်သက်တာ လုံးဝမပါပါဘူး။ ဒါပေမယ် သီးချင်းနာမည်ကတော့ ဘုရာဆူးလိမ့်မယ် အဲဒါကြောင့်မို့လို့ထင်တယ်။ နောက်တစ်ခုက ကျမတို့က ၀ါသနာအရ ရေးကြ၊ ဆိုကြလုပ်တာဆိုတော့ ဆင်ဆာတင်တဲ့ အချိန်မှာလည်း တခြားသူတွေလို မလုပ်နိုင်တာတွေလည်း ရှိပါတယ်။

အခုဒီသီချင်းကို အပိတ်ခံရတာနဲ့ပါတ်သက်လို့ရော ဘာများပြောချင်ပါသလဲ
ဒီသီချင်းက ကျမ တို့ရဲ့ အကြိုက်ဆုံးသီချင်းတွေထဲမှာတော့ မပါပါဘူး။ ဒါပေမယ် ကိုလုပ်ထားတဲ့ အရာတစ်ခုကို အခုလို အလုပ်ခံရတာတော့ စိတ်ထဲမှာ တစ်မျိုးပေါ့နော်။ အဲဒါကြောင့် ကျန်တဲ့သီးချင်းတွေကိုလည်း ဆက်မထုတ်တော့ဘူးလို့စိတ်ကူးထားတယ်။
ဒီသီးချင်းကို ဘာကြောင့် ဒီလိုဖြစ်တယ်ဆိုတာကို ပြည်သူအများစုက ဆုံးဖြတ်ပေးကြပါ။ ကျန်တဲ့သီးချင်းတွေက ဒီထက်ကောင်းပါတယ်
အဲဒီသီချင်းတွေကိုလည်း ကျမတို့ဘက်က ရောက်အောင်ပို့ပေးပါမယ်။ အများပြည်သူနာဆင်နိုင်အောင်ဆောင်ရွက်ပေးပါလို့ပဲပြောချင်ပါတယ်။

အပြည့်အစုံဖတ်ရန်...

နေပြည်တော်တွင် စနိုက်ဘာ အလက် ၅၀ ပျောက်ဆုံး

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) အထွေထွေအတွင်းရေးမှူး
ပဒိုမန်းရှာလားဖန်း အသက် (၆၄) နှစ်သည် ယနေ့ ညနေ (၄) နာရီ
(45) မိနစ်တွင် အမည်မသိ လူနှစ်ဦးက နေအိမ်တွင် သေနတ်ဖြင့် လာရောက် လုပ်ကြံသတ်ဖြတ်သောကြောင့် ရင်ညွန့်တွင် ထိမှန်ကာ ပွဲချင်းပြီး သေဆုံးသွားသည်။ လုပ်ကြံသူ လူနှစ်ဦးသည် ကားဖြင့်လာရောက်ပြစ်ခက်ခြင်းဖြစ်ပြီး လုပ်ကြံပြီးပြီးခြင်း ယင်းကားဖြင့် ပြန်လည် ထွက်ခွာသွားပါသည်။

ထို့အပြင် နေပြည်တော်တွင် စနိုက်ပါအလက် ၅၀ ပျောက်ဆုံးသွားသည်ဟု သတင်းရရှိသည်။ ယင်းသတင်းနှင့် ပတ်သက်၍ ခိုင်လုံသော သတင်းရက်ကွက်က လာသော်လည်း အတည်ပြုရန်မှာ အခက်အခဲရှိနေပါသေသည်။ ဤ လက်နက် အလက်၅၀ ပျောက်ဆုံးမှုမှာ အမှန်တကယ်ပျောက်ဆုံးခြင်းလော့ နအဖ အစိုးရ၏ လှည့်ကွက်လော့ ဆိုသည်မှာ အတော်ပင်စဉ်းစားရခက်နေသည်။ ထို့နည်းတူ ဒေါ်အောင်ဆန်းစုကြည်၏ အသက်အန္တရာယ်ကိုလည်း စိုးရိမ်ရဖွယ်ရှိသည်။ လက်နက်ပျောက်ဆုံးသည်ဟုကြောင်းပြ၍ ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံနိုင်ဖွယ်ရှိသောကြောင့်ဖြစ်သည်။
အဖွဲချုပ်ဒုဥက္ကဌ ဦးတင်ဦးကိုလည်း မနေ့ကညနေ ၆ နာရီမှာ နေအိမ်အကျယ်ချုပ်သက်တမ်း နောက်ထပ် ၁ နှစ်ထပ်တိုးလိုက်ပါသည်။
ယခုအချိန်တွင် နအဖ အစိုးရသည် အမျိုးမျိုးလိမ်လည် လှည်ဖြား၊ ကောက်ကျစ်ယုတ်မာနေသော ကြောင့် တော်လှန်ရေးရဲဖော်များအနေဖြင့် အစဉ်သဖြင့် သတိရှိဖို့လိုကြောင်း ကြိုတင်အသိပေးအပ်ပါသည်။

အပြည့်အစုံဖတ်ရန်...

Friday, February 8, 2008

မြန်မာသွေးဟာရဲတယ်လို့ပြောနေတဲ့ သူတွေ တကယ်ဘဲ ရဲကြရဲ့လား မေတ္တသုတ်နဲ့ မရတဲ့ နအဖ ကို ဒို့တတွေ ဘယ်လိုတုန်ပြန်ကြမလဲ

ဒီကနေ့ကတော့ထူးထူးတွေ ရေးစရာမရှိပါဘူး၊ နအဖကို ဘယ်လိုတုန့်ပြန်သင့်သလဲဆိုတာနဲ့ပတ်သက်ပြီးရေးချင်းတာပါ။ စဉ်းစားမိတိုင်းမိတိုင်း ဒေါပွမိတယ်။ ဒေါပွပွနဲ့ရေးရရင်တော့…..

ဒီဗီယိုကတော့ နအဖကို သင်ခန်းစားပေးဖို့ပါ။ အကြမ်းမဖက်တာကို အကြမ်းဖက်တဲ့နည်းနဲ့ ဆက်လက်ကျင့်သုံးနေမယ်ဆိုရင် ဒီဗီယိုထဲကအတိုင်း ထိပ်တိုက်ရင်ဆိုင်မှုတွေနဲ့ ကြုံရနိုင်တယ်။ လူသားတိုင်း လွတ်လပ်ချင်ကြပါတယ်။ လွတ်လပ်ဖို့အတွက် ငြိမ်းငြိမ်းချမ်းချမ်း မေတ္တာပို့လမ်းလျှောက်ခဲ့တဲ့ သံဃာတော်တွေကို သတ်ဖြတ်ခဲ့တာ ကမ္ဘာက အသိပါ။ အကြမ်းဖက်မှုတွေပေါ်ပေါက်လာပြီဆိုရင်လည်း နအဖမှာ တာဝန်ရှိတယ်ဆိုတာ တစ်ကမ္ဘာလုံးကလည်း ၀ိုင်းဝန်းအသိပေးပြီးသားဖြစ်ပါတယ်။ မေတ္တာသုတ်နဲ့မရတဲ့ နအဖလိုလူတစ်စုအတွက်ကို ကျင့်သုံးသင့်တဲ့နည်းကတော့ သီရိလင်္ကာတမီးလ်ကျားသူပုန်စနစ်ဟာ အသင့်တော်ဆုံးလို့မြင်ပါတယ်။ အကြမ်းမဖက်ပဲဆက်သွားနေမယ်ဆိုရင် နအဖသက်ဆိုးရှည်ပြီး၊ ဒေါ်အောင်းဆန်းစုကြည်လည်းဆုတွေ တစ်ပွေ့တစ်ပိုက်ယူနေရယုံကလွဲလို့ ဘာမှ တိုင်းပြည်ပြဿနာကို ဖြေရှင်းပေးနိုင်မှာ မဟုတ်ပါဘူး။
သမိုင်းမှာ ပြည်သူတွေက အကြမ်းဖက်ခဲ့တာမရှိပါဘူး။ နအဖကပဲ အကြမ်းဖက်နေတာပါ။ မလောက်လေးမလောက်စား အရှေ့တောင် အာရှနိုင်ငံတွေနဲ့ မြန်မာပြည်ကို ခြူစားနေတဲ့ တရုတ်တို့လို နိုင်ငံတွေကလွဲပြီး တစ်ကမ္ဘာလုံးက နအဖကို အကြမ်းဖက်သမားတွေဆိုတာ စက်တင်ဘာအရေးအခင်းကြီးက သက်သေပြနေပါပြီ။ တိုင်းပြည်ကို ပြုပြင်ပြောင်းလဲဖို့အတွက်ဆိုရင် နည်းမျိုးစုံကို ကျင့်သုံးသွားဖို့လိုအပ်ပါတယ်။ လူစိတ်မရှိတဲ့နအဖ အုပ်စုဝင်အကြမ်းဖက်သမားတွေကို ပြန်လည်ခုခံကာကွယ်ဖို့ နည်းကတော့ ပိုပြီးအကြမ်းဖက်ပြကြဖို့ပါပဲ။ ဒီမိုကရေစီနည်းလမ်းဟောင်းပါ။ နအဖအတွက်ဆိုရင် မျှတပါတယ်။ သီရိလင်္ကာလူမျိုးအတွက်ဆိုရင် မမျှတပါဘူး။ ဒီသီရိလင်္ကာနိုင်ငံအစိုးရဟာ ပြည်သူတွေအပေါ်ကောင်းပါတယ်။ တမီးလ်တွေကသာ ခွဲထွက်ဖို့ကြိုးစားနေကြတာပါ၊ အကြမ်းဖက်နေကြတာပါ။ မြန်မာနိုင်ငံကတော့ ပြောင်းပြန်ဖြစ်နေပါတယ်။ အုပ်ချုပ်သူက သူပုန်ထက်ပိုသောင်းကြမ်းပြီး အကြမ်းဖက်နေပါတယ်။

အပြည့်အစုံဖတ်ရန်...

နိုင်ငံတော်၏ ဖခင် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ အမှတ်တရ

အပြည့်အစုံဖတ်ရန်...

Thursday, February 7, 2008

ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့ အထိမ်းအမှတ်အဖြစ် ဗိုလ်ချုပ်အောင်ဆန်းအကြောင်း စာအုပ်များကို ဖော်ပြလိုက်ပါသည်




၁၉၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် ကျနော်တို့၏ မြန်မာနိုင်ငံအား တိုင်းတပါးကျွန်အဖြစ်မှကယ်တင်ရန်အတွက် ဗိုလ်ချုပ်အောင်ဆန်းဟု ဖြစ်လာမည့် မောင်ထိန်လင်းအား ရှေ့နေ ဦးဖ၊ အမိဒေါ်စု တို့မှ ဖွားမြင်ခဲ့ပါသည်။
ဗိုလ်ချုပ်အောင်ဆန်းကို ကျွန်ုပ်တို့ မြန်မာတစ်မျိုးသားလုံးကသာမက ကမ္ဘာကပင် လေးစားဂုဏ်ယူခဲ့ကြပါသည်။
ယခုလာမည်ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ကျရောက်မည့် ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေတွင် ဗိုလ်ချုပ်အောင်ဆန်းအား တမ်းတ ဂုဏ်ပြုသောအားဖြင့် ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သက်သော စာအုပ်များအား လေ့လာလိုသူတို့ လေ့လာနိုင်ရန် ဗိုလ်ချုပ်နှင့် ပတ်သတ်၍ ကျွန်ုပ်တို့ ဆုဆောင်းရရှိသမျှလေးအား ဝေငှလိုက်ပါသည်။ ထို့နည်းတူ မြန်မာသမိုင်းတွင်သာမက၊ အာရှသမိုင်းတွင်ပါ မော်ကွန်းတင်နိုင်ခဲ့သော ဦးသန့် အကြောင်းနှင့် ကျောင်းသားအရေးတော်ပုံ သမိုင်းများကိုပါ တပြိုင်တည်း တင်ပြ လိုက်ပါသည်။

စာအုပ်ဒေါင်းလုပ်လုပ်ရန် ဒီနေရာကိုနိုပ်ပါ

အပြည့်အစုံဖတ်ရန်...

Tuesday, February 5, 2008

Rambo Movie

ရမ်ဘို ၄ အပိုင်း (၁)
ရမ်ဘို ၄ အပိုင်း (၂)
ရမ်ဘို ၄ အပိုင်း (၃)
ရမ်ဘို ၄ အပိုင်း (၄)

အပြည့်အစုံဖတ်ရန်...

Sunday, February 3, 2008

သီးလေးသီး ဆေးရောင်စုံအငြိမ့် စင်္ကာပူ

အပြည့်အစုံဖတ်ရန်...

 
/* EOT ----------------------------------------- */