Friday, February 8, 2008

မြန်မာသွေးဟာရဲတယ်လို့ပြောနေတဲ့ သူတွေ တကယ်ဘဲ ရဲကြရဲ့လား မေတ္တသုတ်နဲ့ မရတဲ့ နအဖ ကို ဒို့တတွေ ဘယ်လိုတုန်ပြန်ကြမလဲ

ဒီကနေ့ကတော့ထူးထူးတွေ ရေးစရာမရှိပါဘူး၊ နအဖကို ဘယ်လိုတုန့်ပြန်သင့်သလဲဆိုတာနဲ့ပတ်သက်ပြီးရေးချင်းတာပါ။ စဉ်းစားမိတိုင်းမိတိုင်း ဒေါပွမိတယ်။ ဒေါပွပွနဲ့ရေးရရင်တော့…..

ဒီဗီယိုကတော့ နအဖကို သင်ခန်းစားပေးဖို့ပါ။ အကြမ်းမဖက်တာကို အကြမ်းဖက်တဲ့နည်းနဲ့ ဆက်လက်ကျင့်သုံးနေမယ်ဆိုရင် ဒီဗီယိုထဲကအတိုင်း ထိပ်တိုက်ရင်ဆိုင်မှုတွေနဲ့ ကြုံရနိုင်တယ်။ လူသားတိုင်း လွတ်လပ်ချင်ကြပါတယ်။ လွတ်လပ်ဖို့အတွက် ငြိမ်းငြိမ်းချမ်းချမ်း မေတ္တာပို့လမ်းလျှောက်ခဲ့တဲ့ သံဃာတော်တွေကို သတ်ဖြတ်ခဲ့တာ ကမ္ဘာက အသိပါ။ အကြမ်းဖက်မှုတွေပေါ်ပေါက်လာပြီဆိုရင်လည်း နအဖမှာ တာဝန်ရှိတယ်ဆိုတာ တစ်ကမ္ဘာလုံးကလည်း ၀ိုင်းဝန်းအသိပေးပြီးသားဖြစ်ပါတယ်။ မေတ္တာသုတ်နဲ့မရတဲ့ နအဖလိုလူတစ်စုအတွက်ကို ကျင့်သုံးသင့်တဲ့နည်းကတော့ သီရိလင်္ကာတမီးလ်ကျားသူပုန်စနစ်ဟာ အသင့်တော်ဆုံးလို့မြင်ပါတယ်။ အကြမ်းမဖက်ပဲဆက်သွားနေမယ်ဆိုရင် နအဖသက်ဆိုးရှည်ပြီး၊ ဒေါ်အောင်းဆန်းစုကြည်လည်းဆုတွေ တစ်ပွေ့တစ်ပိုက်ယူနေရယုံကလွဲလို့ ဘာမှ တိုင်းပြည်ပြဿနာကို ဖြေရှင်းပေးနိုင်မှာ မဟုတ်ပါဘူး။
သမိုင်းမှာ ပြည်သူတွေက အကြမ်းဖက်ခဲ့တာမရှိပါဘူး။ နအဖကပဲ အကြမ်းဖက်နေတာပါ။ မလောက်လေးမလောက်စား အရှေ့တောင် အာရှနိုင်ငံတွေနဲ့ မြန်မာပြည်ကို ခြူစားနေတဲ့ တရုတ်တို့လို နိုင်ငံတွေကလွဲပြီး တစ်ကမ္ဘာလုံးက နအဖကို အကြမ်းဖက်သမားတွေဆိုတာ စက်တင်ဘာအရေးအခင်းကြီးက သက်သေပြနေပါပြီ။ တိုင်းပြည်ကို ပြုပြင်ပြောင်းလဲဖို့အတွက်ဆိုရင် နည်းမျိုးစုံကို ကျင့်သုံးသွားဖို့လိုအပ်ပါတယ်။ လူစိတ်မရှိတဲ့နအဖ အုပ်စုဝင်အကြမ်းဖက်သမားတွေကို ပြန်လည်ခုခံကာကွယ်ဖို့ နည်းကတော့ ပိုပြီးအကြမ်းဖက်ပြကြဖို့ပါပဲ။ ဒီမိုကရေစီနည်းလမ်းဟောင်းပါ။ နအဖအတွက်ဆိုရင် မျှတပါတယ်။ သီရိလင်္ကာလူမျိုးအတွက်ဆိုရင် မမျှတပါဘူး။ ဒီသီရိလင်္ကာနိုင်ငံအစိုးရဟာ ပြည်သူတွေအပေါ်ကောင်းပါတယ်။ တမီးလ်တွေကသာ ခွဲထွက်ဖို့ကြိုးစားနေကြတာပါ၊ အကြမ်းဖက်နေကြတာပါ။ မြန်မာနိုင်ငံကတော့ ပြောင်းပြန်ဖြစ်နေပါတယ်။ အုပ်ချုပ်သူက သူပုန်ထက်ပိုသောင်းကြမ်းပြီး အကြမ်းဖက်နေပါတယ်။

No comments:

 
/* EOT ----------------------------------------- */