Thursday, February 14, 2008

နေပြည်တော်တွင် စနိုက်ဘာ အလက် ၅၀ ပျောက်ဆုံး

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) အထွေထွေအတွင်းရေးမှူး
ပဒိုမန်းရှာလားဖန်း အသက် (၆၄) နှစ်သည် ယနေ့ ညနေ (၄) နာရီ
(45) မိနစ်တွင် အမည်မသိ လူနှစ်ဦးက နေအိမ်တွင် သေနတ်ဖြင့် လာရောက် လုပ်ကြံသတ်ဖြတ်သောကြောင့် ရင်ညွန့်တွင် ထိမှန်ကာ ပွဲချင်းပြီး သေဆုံးသွားသည်။ လုပ်ကြံသူ လူနှစ်ဦးသည် ကားဖြင့်လာရောက်ပြစ်ခက်ခြင်းဖြစ်ပြီး လုပ်ကြံပြီးပြီးခြင်း ယင်းကားဖြင့် ပြန်လည် ထွက်ခွာသွားပါသည်။

ထို့အပြင် နေပြည်တော်တွင် စနိုက်ပါအလက် ၅၀ ပျောက်ဆုံးသွားသည်ဟု သတင်းရရှိသည်။ ယင်းသတင်းနှင့် ပတ်သက်၍ ခိုင်လုံသော သတင်းရက်ကွက်က လာသော်လည်း အတည်ပြုရန်မှာ အခက်အခဲရှိနေပါသေသည်။ ဤ လက်နက် အလက်၅၀ ပျောက်ဆုံးမှုမှာ အမှန်တကယ်ပျောက်ဆုံးခြင်းလော့ နအဖ အစိုးရ၏ လှည့်ကွက်လော့ ဆိုသည်မှာ အတော်ပင်စဉ်းစားရခက်နေသည်။ ထို့နည်းတူ ဒေါ်အောင်ဆန်းစုကြည်၏ အသက်အန္တရာယ်ကိုလည်း စိုးရိမ်ရဖွယ်ရှိသည်။ လက်နက်ပျောက်ဆုံးသည်ဟုကြောင်းပြ၍ ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံနိုင်ဖွယ်ရှိသောကြောင့်ဖြစ်သည်။
အဖွဲချုပ်ဒုဥက္ကဌ ဦးတင်ဦးကိုလည်း မနေ့ကညနေ ၆ နာရီမှာ နေအိမ်အကျယ်ချုပ်သက်တမ်း နောက်ထပ် ၁ နှစ်ထပ်တိုးလိုက်ပါသည်။
ယခုအချိန်တွင် နအဖ အစိုးရသည် အမျိုးမျိုးလိမ်လည် လှည်ဖြား၊ ကောက်ကျစ်ယုတ်မာနေသော ကြောင့် တော်လှန်ရေးရဲဖော်များအနေဖြင့် အစဉ်သဖြင့် သတိရှိဖို့လိုကြောင်း ကြိုတင်အသိပေးအပ်ပါသည်။

No comments:

 
/* EOT ----------------------------------------- */