Monday, March 31, 2008

စာရေးဆရာမဂျူး၏ ဆဲတတ်သူများနှင့် တစ်ညနေစာအုပ်အား အသံဖိုင်းဖြင့်နားဆင်ပါ


Ju_AudioBook_RM.rm


စာရေးဆရာမ ဂျူး၏ ဆဲတတ်သူများနှင့် တစ်ညနေ
ဤစာအုပ်အား အမေရိကန်နိုင်ငံ ၀ီလီလျှံပန်း တက္ကသိုလ်မှ ညီမငယ်တစ်ဦးမှ အသံဖြင့် ဖတ်ပြထားခြင်းဖြစ်ပါသည်။
စာအုပ်၏ အရေးအသားတင်ပြပုံနှင့် စာဖတ်သူညီမငယ်၏ စာဖတ်ကျွမ်းကျင်မှုနှစ်ခုလုံးကိုခံစားနားဆင်နိုင်မှာဖြစ်ပါတယ်။
ဤစာအုပ်တွင် စာရေးဆရာမ ဂျူး မည်သည့် အကြောင်းအရာကို မည်သို့ တင်ပြသွားသနည်း?
ဤစာမူသည် တရာဝင်စာမူခွင့်ရစာအုပ်ဖြစ်သည်။ စာရေးဆရာမ ဂျူး၏ တင်ပြပုံမှာ အတော်ပင်ကောင်းလွန်၏။
မည်သို့သော အကြောင့်နှင့်ပင်ဖြစ်ပါစေ ဤစာအုပ်ကလေးအား နာဆင်ခံစားစေချင်ပါသည်။
စဉ်းစားဖို့နှင့် ဝေဖန်ဖို့အတွက် တင်ပြဖြင်းဖြစ်ပါသည်။

ဤစာအုပ်အား အသံဖိုင်အဖြစ်ဖတ်ရှု့ပေးသော ၀ီလျှံပန်းတက္ကသိုလ်မှ ညီမငယ်နှင့် ပေးပို့ပေးသော ကိုစိုးမိုး အမေရိကားအား အထူးပဲကျေးဇူးတင်ရှိပါသည်။

လေးစားစွာဖြင့်
အစဉ်ကြိုးစားလျှက်
မျိုးမြင့်အောင်

အပြည့်အစုံဖတ်ရန်...

အင်္ဂလိပ်-မြန်မာ ပြက္ခဒိန်

အင်္ဂလိပ်-မြန်မာ ပြက္ခဒိန်
ကျနော်၏ ချစ်မိတ်ဆွေအားလုံးအတွက် လက်ဆောင်ပါ
လေးစားစွာဖြင့်
မျိုးမြင့်အောင်

အပြည့်အစုံဖတ်ရန်...

Sunday, March 30, 2008

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ မှတ်သားဖွယ်သမိုင်းဝင် မိန့်ခွန်းများ




(၁၉၉၆ ခုနှစ်ခန့်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြည်နယ်တိုင်းစည်း တွေ ပြန်လည်ဖွဲ့စည်းစဉ်ကာလ ပထမ ဆုံး စတင်ဖွဲ့စည်းနိုင်တဲ့ ဧရာဝတီတိုင်းက တိုင်းစည်းတွေကို ပြောကြားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့သမိုင်းဝင် မိန့်ခွန်းကို ၂၀၀၆ ခုနှစ်၊ ဇွန်လ ၁၉ ရက်မှာ ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အထိမ်းအမှတ်အဖြစ် ဖေါ်ပြအပ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင်တွေကို ရည် ရွယ်ပြောဆိုတဲ့ မိန့် ခွန်းဖြစ်ပေမယ့် အဖွဲ့ချုပ်အဖွဲ့ဝင်တွေသာမက မြန်မာနိုင်ငံသားတိုင်း လေ့လာမှတ်သားစရာတွေ ပါဝင်သလို ဒီက နေ့ ခေတ် အခြေအနေအထိကို ကိုက်ညီနေတဲ့ မိန့်ခွန်းလည်းဖြစ်ပြီး စာဖတ်သူရဲ့ ဇာတိမာန်ကို လိပ်ပြာနှိုး ပေး မှာလည်း အသေအချာပဲ ဖြစ်ပါတယ်၊)
___________

ကျမတို့ အဖွဲ့ချုပ်ရဲ့ အခု ဆက်လက်ပြီး သွားမယ့်လမ်းဟာ ကြမ်းတယ်ဆိုတာ ကျမတို့ ထူးထူးထွေထွေ ရှင်းပြ နေစရာမလိုဘူး။ စထွက်ကတည်းက လမ်းက ကြမ်းတယ်၊ ဒီ ကြမ်းတဲ့ လမ်းနဲ့ ကျမတို့ အခုလို လျောက်ခဲ့ တာဟာ ၈ နှစ်တိုင်တိုင်ဖြစ်သွားပြီ၊ ဒီ ၈ နှစ်ကြားမှာ လမ်းဘေးမှာ ကျခဲ့တဲ့ ရဲဘော် ရဲဘက်တွေလည်း မနည်း ဘူး၊ သိက္ခာရှိရှိ ကျခဲ့သူတွေလည်း ရှိတယ်။ သိက္ခာမဲ့စွာနဲ့ ကျခဲ့သူတွေလည်းရှိတယ်။ သိက္ခာရှိရှိနဲ့ ကျခဲ့တယ် ဆိုတာ မိမိတို့ရဲ့ ယုံကြည်ချက်အရ အသက်ကို စတေးသွားတဲ့သူများဟာ သိက္ခာရှိရှိနဲ့ ကျခဲ့တဲ့သူတွေပဲ၊ သိက္ခာ မဲ့စွာ ကျတယ်ဆိုတာ ကိုယ့်ရဲ့ ယုံကြည်ချက်ကို ကိုယ်မရပ်တည်နိုင်တာကြောင့် ကျမတို့ကို စွန့်ခွာသွားတဲ့ သူ တွေပဲ၊ တချို့ကျတော့ မစွန့်ခွာသယောင်ယောင်နဲ့ ကျမတို့အပေါ်မှာ သစ္စာဖောက်ပြီးတော့ ဆက်ပြီးတော့ နေ နေတဲ့သူတွေ ရှိတယ်။ အဲဒီသူတွေကပြောင်ပြောင်တင်းတင်းနဲ့ ဖယ်ခွာသွားတဲ့ သူတွေထက် ပိုပြီးတော့ အောက် တန်းကျတယ်လို့ ကျမတော့ ဒီလိုပဲ သတ်မှတ်တယ်။

ကိုယ့်ရဲ့ ယုံကြည်ချက်အရ ကိုယ် သတ္တိရှိရှိနဲ့ ဆက်ပြီးတော့ လုပ်ချင်တယ်ဆိုရင်၊ အဖွဲ့ချုပ်ရဲ့ မူတွေကို လက်မခံ နိုင်ဘူးဆိုရင် အဖွဲ့ချုပ်ရဲ့ လုပ်ရပ်တွေအရ မလုပ်နိုင်ဘူးဆိုရင် အဖွဲ့ချုပ်ရဲ့ ဂုဏ်ရှိတဲ့ နာမည်ကိုတော့ ဆက်ပြီး တော့ မသုံးပါနဲ့လို့ ကျမ ပြောချင်တယ်။
___________

ဘာမှမလုပ်ပဲနဲ့ ခံရတယ်ဆိုတာတော့ အဓိပ္ပါယ်ကို လုံးလုံးမရှိဘူး၊ ခံရဲတာ သတ္တိဆိုတာ ကိုယ်လုပ်ရင် ကိုယ်ခံ ရဲတယ်ဆိုတာကို ပြတာ၊ ဘာမှ မလုပ်ပဲနဲ့ ခံနေတာကို ပြောတာမဟုတ်ပါဘူး၊ ကျမတို့လည်း တကယ်တော့ လုပ်နေ တာပဲ၊ လုပ်နေတယ်ဆိုတာ အမျိုးမျိုးပေါ့၊ ဟောပြောပွဲ လုပ်တယ်ဆိုတာလည်း လုပ်တာပဲ၊ ဒီလို ဆွေး နွေးပွဲလုပ်တယ်ဆိုတာလည်း လုပ်တာပဲ၊ ဒီတော့ ဒီမှာတင်မကဘူး၊ ဒီခြံထဲမှာတင်မကဘူး၊ ဒီရန်ကုန်မှာ တင်မကဘူး၊ ဒီပုသိမ်မှာတင်မကဘူး၊ ဒီ တိုင်းတတိုင်းမှာ တနိုင်ငံလုံးမှာ တချိန်လုံး လုပ်နေရမယ်၊ လုပ်လို့ခံရ မယ် ဆိုရင်လည်း ခံပေါ့၊ တကယ့် စည်းရုံးရေးအင်အား ဆိုတာဟာ ကိုယ့်ရှေ့က ဘယ်နှစ်ယောက်ပဲ ပါသွား သွား နောက်ကတက်နိုင်မယ့် ရဲဘော်တွေလည်း ရှိရမယ်၊ ဒါ ကျမ ၁၉၈၈ ကတည်းက ပြောခဲ့တာပါ၊ ကျမတို့ စည်းရုံးရေး ထွက်တဲ့အခါကျရင် မြို့နယ်တွေက အဖွဲ့ဝင်အရေအတွက် ဘယ်လောက်ရပြီ၊ ဘယ်နှစ် ယောက်ရပါပြီ၊ ဘယ်နှစ်ထောင်ရပါပြီ၊ ဘယ်နှစ်သောင်း ရပါပြီ၊ ဒီလိုပဲ ပြောတယ်၊ ကျမပြောပါတယ်၊ ဒီ ထောင်နဲ့ သောင်းနဲ့ ပြောနေလို့ အလကားပဲ၊ ထောင်ဂဏန်းပဲရှိရှိ၊ သောင်းဂဏန်းပဲရှိရှိ။ သောင်းဂဏန်းပဲရှိရှိ ဒါတွေဟာ အဓိကကျတာ မဟုတ်ပါဘူး၊ ဒီအဖွဲ့ဝင်တွေထဲမှာ တကယ် ထိထိရောက်ရောက် လုပ်နိုင်တဲ့သူ ဘယ်နှစ်ယောက်ရှိလဲ၊ အရှေ့တန်းကနေ ပါသွားလို့ရှိရင် နောက်တခါ ဒုတိယလိုင်းကနေ လိုက်နိုင်တဲ့သူ ဘယ် နှစ်ယောက်ရှိလဲ၊ ဒါဟာ အဓိကပဲ၊ ကျမတို့ စည်းရုံးရေး လုပ်တဲ့အခါ ကိုယ်က လုပ်တဲ့သတ္တိရှိလွန်းလို့ ခံသွားရ လို့ရှိရင် ကိုယ့်နောက်ကနေလည်း လုပ်မယ့်သူတွေရှိအောင်တော့ စည်းရုံးထားရမယ်၊ နောက်ဆုံးတော့ ကျမ တို့ရဲ့စည်းရုံးရေးဟာ ပြည်သူလူထု စည်းရုံးရေးပဲ၊ ပြည်သူလူထု အများစုကနေပြီးတော့ မားမားမတ်မတ်နဲ့ အဖွဲ့ ချုပ် အနောက်ကနေပြီးတော့ ရပ်တည်နေမယ်ဆိုရင် ကျမတို့လုပ်ငန်းဟာ မုချ အောင်မြင်ရမယ်။

အခု အကျယ်ချုပ်အားဖြင့်တော့ ၄၆ သန်းလုံးပေါ့လေ၊ ၄၆ သန်းလုံး အကျယ်ချုပ် ချုပ်ခံနေရတယ်လို့ ဒီလိုပဲပြောရမှာပဲ၊ ဒါပေမယ့် ထောင်တွေထဲကိုတော့ ၄၆ သန်းမပြောနဲ့ ၁ သန်းတောင်မှ ထည့်နိုင်မှာ မဟုတ်ပါဘူး၊ ထောင်ထဲကိုဝင်ရဲတယ်ဆိုတဲ့ လူ ၁ သန်း၊ ထောင်ချရင်ချ လုပ်မယ်ဆိုတဲ့ လူ ၁ သန်းရှိမယ် ဆိုလို့ရှိရင်တောင် ကျမတို့ရဲ့ လှုပ်ရှားမှုဟာ မကြာခင် အောင်မြင်မှာပါ၊ အဲဒီတော့ လူ ၁ သန်း စည်းရုံးဖို့ဟာ ဒီလောက် ခက်သလား၊ တကယ်တော့ကျမတို့ အဖွဲ့ချုပ်ဝင် စာရင်းထဲမှာ ၁ သန်းထက်မက ရှိခဲ့ပါတယ်၊ ဒီ ၁ သန်း ထက်မက ရှိတဲ့လူစာရင်းထဲမှာ ဘယ်နှစ်ယောက်က ထိထိရောက်ရောက် တကယ်ပဲ အနစ်နာခံပြီးတော့ လုပ် နိုင်တာလည်းဆိုတာ ဒါကို ကျမတို့ မေးခွန်းထုတ်ရမှာဖြစ်ပါတယ်၊ ၁ သန်းတောင် မလိုဘူး၊ ၁ သောင်း ဆိုရင်တောင်မှ မနည်းပါဘူး၊ ကျမတို့ အခု အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသမားများဟာ ၂၀၀၀ လောက် ရှိမယ်လို့ ခန့်မှန်းရတယ်၊ တချို့ကလည်း ၁ ထောင်ကျော် ရှိမယ်၊ တချို့ကလည်း ၃ ထောင် လောက်ရှိမယ်ဆိုတော့ ပျမ်းမျခြင်းအားဖြင့် ၂ ထောင်လောက် ရှိမယ် ဆိုပါတော့၊ ဒီနိုင်ငံရေး အကျဉ်းသမားများဟာ ၂ ထောင်လောက်ရှိတယ် ဆိုတာတောင်မှ ကျမတို့ရဲ့ လှုပ်ရှားမှုကို တကမ္ဘာလုံးက အသိအမှတ်ပြုလိုက်နိုင်တဲ့ အခြေအနေထိ ကျမတို့ လုပ်နိုင်ခဲ့တယ်၊ နိုင်ငံရေးအကျဉ်းသမားများ ၁ သောင်းလောက် ရှိနိုင်တဲ့အခြေအနေအထိ (ဒါကတော့ ထောင်ထဲမှာ နေရာရှိတာမရှိတာ ပြောတာ မဟုတ်ဘူးနော်) ထောင်ချရင်ချဆိုတဲ့ လူ ၁ သောင်းလောက်ရှိတယ်ဆိုရင်တော့ ဘာမှပြောစရာ မလိုဘူး၊ ကျမ တို့ အောင်မြင်ရမှာ မုချပဲ၊ မြန်မြန်ဖြစ်ရမယ်၊ အနှေးနဲ့ အမြန်တော့ အောင်မြင်မယ်လို့ ကျမတို့ ယုံကြည်တယ်။
___________

အကောင်းဆုံးကို မျော်လင့်ပြီးတော့ အဆိုးဆုံးအတွက် အမြဲ ပြင်ဆင်ထားရမယ်ဆိုတာ ၊ ဒါ ကျမ ခဏခဏ ပြောခဲ့ဖူးတာပဲ၊ နိုင်ငံရေးသမား အားလုံးဟာ ဒီ ဆောင်ပုဒ်လေးကို ကိုယ့်ရဲ့ ကုတင်ခေါင်းရင်းမှာ ချိတ်ထား သင့်တယ်၊ အမြဲတမ်း အကောင်းဆုံးအတွက် မျော်လင့်ပြီး အဆိုးဆုံးအတွက် ပြင်ဆင်ထားရမယ်၊ ဒီလို စိတ်ဓါတ် နဲ့ ကျမတို့လုပ်မှ အောင်မြင်မှုရှိမှာပါ၊

နောက်ပြီးတော့လည်း ဒီလိုနိုင်ငံရေးအတွက် ကိုယ့်ရဲ့ ဘ၀ကို အနစ်နာခံ စွန့်လွှတ်ရတယ်ဆိုတာ ဒါ အင်မတန် မှ သိက္ခာရှိပါတယ်၊ အင်မတန်မှလည်း ကျေနပ်မှုရှိစရာပါ၊ အားလုံး ပြန်ပြီးတော့ စဉ်းစားကြပါ၊ ဒီဘ၀မှာ ဘာ လိုချင်ကြလဲ၊ မွေးလာတယ်၊ ကြီးလာတယ်၊ နေသွားတယ် အိုသွားတယ်- ဒါပဲလားလို့ ကျမတို့ အများကြီး စဉ်းစားစရာ ဖြစ်တယ်၊ ဒီဘ၀မှာ လူဖြစ်လာပြီဆိုမှဖြင့် ဘာအတွက် လူဖြစ်လာတယ် ဆိုတာ ကျမတို့ စဉ်းစားဖို့ လိုပါ တယ်။


ဒီနေရာမှ တိုက်ရိုက်ဖတ်ရှု့နိုင်ပါသည်
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ သမိုင်းဝင် မိန့်ခွန်းများ
download ယူရန်
ဒီနေရာကိုနိုပ်ပါ

အပြည့်အစုံဖတ်ရန်...

ပြည်ခိုင်ဖြိုး (သို့) စစ်အာဏာရှင်စနစ်၏ ဒေါက်တိုင်များ

ပြည်ခိုင်ဖြိုး (သို့မဟုတ်) စစ်အာဏာရှင်စနစ်၏ ဒေါက်တိုင်များ

ပြည်ခိုင်းဖြိုး (သို့) ကြံ့ဖွတ် အသင်းနှင့်ပတ်သက်သော အကြောင်းအရာများနှင့် ၄င်းတို့၏ လုပ်ဆောင်ချက်၊ ယုတ်မာရက်စက်မှု့များကို ပြည့်စုံစွာဖော်ပြထားပါသည်။ လက်ဆင့်ကမ်းဝေငှပေးစေလိုပါသည်။ ကျနော်၏ ဘလော့တွင် ပို့အသစ် မတင်နိုင်သော်လည်း အမြဲမပြတ်ဆက်လက်အားပေးနေသော ကျနော်၏ ညီအကိုမောင်နှမများအတွက် အစဉ်မပြတ်ပို့အသစ်များ ဆက်လက်တင်နိုင်ရန်ကြိုးစားနေပါသည်။
လေးစားစွာဖြင့်
မျိုးမြင့်အောင်

အပြည့်အစုံဖတ်ရန်...

မေလမှာကျင်ပပြုလုပ်မည် လူထုဆန္ဒခံယူပွဲကို ဘာကြောင့်ကန့်ကွက်ရပါသလဲဆိုတာကို သိချင်လှင် ဒီစာအုပ်ကလေးကို ဖက်ကြည့်ပါ

လူထုဆန္ဒခံယူပွဲကို ကန့်ကွက်ရခြင်းအကြောင်းအရင်း

အကြောင်းမဲ့ စစ်အစိုရလုပ်သမျှကို ဒုက္ခလို့ သတ်မှတ်နေခြင်းမဟုတ်၊ အကျိုးအကြောင်းကို ဆက်ဆက်ချင့်ချိန်နိုင်ဖို့အတွက် ဖြန့်ဝေလိုက်ပါတယ်။ လက်ဆင်ကမ်းဝေငှပေးစေလိုပါတယ်။ ကျနော်၏ဘလော့ကို အမြဲတမ်း ၀င်ရောက်အားပေးနေသူ အားလုံးကို အထူးပဲ ကျေးဇူးတင်ရှိပါသည်။
မျိုးမြင့်အောင်

အပြည့်အစုံဖတ်ရန်...

အန်အယ်လ်ဒီရုံးရှေ့တွင် ကန့်ကွက်မဲပေးရေးဆန္ဒပြပွဲ ပြုလုပ်

ဆန္ဒခံယူပွဲ၌ ကန့်ကွက်မဲပေးရန် ရည်ရွယ်ပြုလုပ်သည့် ဆန္ဒပြပွဲတရပ်ကို ရန်ကုန်မြို့ အန်အယ်လ်ဒီ ဌာနချုပ်ရှေ့တွင် ယနေ့နေ့လယ်ပိုင်းက ပြုလုပ်ကြောင်း မျက်မြင်သက်သေများက ပြောဆိုကြသည်။

လူဦးရေ ၃၀ ခန့်ပါဝင်သည့် ဆန္ဒပြသမားများသည့် “NO” ဟူသောစာသားပါဝင်သည့် ၀တ်စုံကိုဝတ်ဆင်၍ ကမ္ဘာ့ကုလသမဂ္ဂအလံနှင့် ဖက်ဆစ်ဂျပန်တော်လှန်ရေးအလံများကိုလွှင့်ထားကာ စစ်အစိုးရ၏ အခြေခံဥပဒေကို လက်မခံကြရန်နှင့် စစ်ကျွန်ဘ၀သို့မရောက်စေရန် ဆန္ဒခံယူပွဲ၌ ကန့်ကွက်မဲပေးကြရန် စသည်တို့ကို ကြွေးကြော် ဆန္ဒပြကြသည်ဟု အန်အယ်လ်ဒီ ပါတီဝင်တဦးက ပြောသည်။

အန်အယ်လ်ဒီ ဌာနချုပ်ရှေ့က ဆန္ဓပြပွဲ

“အန်အယ်လ်ဒီ အဖွဲ့ဝင်တွေလည်းပါသလို အဖွဲ့ဝင်မဟုတ်တဲ့လူတွေလည်း ပါတယ်။ ၃၀ လောက်ရှိတယ် … No တံဆိတ်ပါတဲ့ အင်္ကျီနီတွေဝတ်ထားကြတယ်၊ အကျဉ်းသားဝတ်စုံဝတ်ထားတဲ့လူတွေက လက်မှာ သံကြိုးတွေ ပတ်ထားတယ်၊ ဆန္ဒပြချိန် နာရီဝက်လောက်တော့ရှိတယ်” ဟု အန်အယ်လ်ဒီ အဖွဲ့ဝင်က ပြောသည်။

အန်အယ်လ်ဒီရုံးတွင် ပြုလုပ်သည့် တော်လှန်ရေးနေ့အခမ်းအနားကို တက်ရောက်ရန်လာကြသော ရာနှင့်ချီသည့် ဧည့်ပရိသတ်များက ဆန္ဒပြသမားများကို ထောက်ခံကြိုဆိုကြသည်ဟုလည်း အဆိုပါ အန်အယ်လ်ဒီ အဖွဲ့ဝင်က ဆက်ပြောသည်။

စစ်အစိုးရက လုံခြုံရေးတပ်ဖွဲ့ဝင်များကို အန်အယ်လ်ဒီ ဌာနချုပ်ပတ်ဝန်းကျင်တွင် ထူထပ်စွာချထားပြီး ဆန္ဒပြသမားများကို ဓာတ်ပုံများရိုက်ယူကြကြောင်း သိရသည်။

ဆန္ဒပြသမားများသည် “မဲရုံကိုသွားကြ … ကန့်ကွက်မဲထည့်ကြ” ဟု ခေါင်းစဉ်တပ်ထားသည့် လက်ကမ်းကြော်ငြာများ ကိုလည်း အန်အယ်လ်ဒီ ဌာနချုပ်ရှေ့တွင် ဖြန့်ဝေခဲ့ကြသည်။

ယခုလဆန်းပိုင်းကစတင်၍ ရန်ကုန်၊ မန္တလေး အစရှိသောမြို့ကြီးများတွင် ကန့်ကွက်မဲထည့်ရေးလှုပ်ရှားမှုကို ပြုလုပ်ကြရာ ၎င်းလှုပ်ရှားမှုသည် တခြားနယ်မြို့များအထိ တဖြည်းဖြည်း ပျံ့နှံ့လျက်ရှိသည်။

ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ဝန်းအတွင်း “တိုင်းပြည်အပေါ် ဘယ်အချိန်အခါမှ တပတ်မရိုက်ခဲ့ပါ” ဟူသည့်စာတန်းပါဝင်သော ပိုစတာတခုကို ယနေ့ချိတ်ဆွဲလိုက် သည်ဟု အန်အယ်လ်ဒီလူငယ်တဦးက ပြောသည်။ ၎င်းပိုစတာတွင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ရေးဆွဲထားသည့် လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ် အောင်ဆန်း၏ ပုံတူ ပါဝင်ကြောင်းလည်း သိရသည်။

အပြည့်အစုံဖတ်ရန်...

ဝမ်းနည်းကြေကွဲကြောင်း


အမျိုးသားဒီမိုကရေစီအဖွဲ.ချုပ်မှပြောရေးဆိုခွင့်ရှိသူတစ်ဦးလဲဖြစ်၊ပြည်သူ.လွှတ်တော်ကိုယ်စားလှယ်
ဦးမြင့်သိန်းဟာစင်္ကာပူနိုင်ငံမှာ(၂၈.၃.၂၀၀၈)ည(၈)နာရီကျော်ခန်.ကကွယ်လွန်သွား၍မိသားစုနှင့်
ထပ်တူဝမ်းနည်းကြွေကွဲရပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဲန်အယ်လ်ဒီ ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်သိန်းဟာ ဒီကနေ့ ညနေပိုင်းမှာပဲ အစာအိမ် ကင်ဆာနဲ့ စင်ကာပူနိုင်ငံမှာ ကွယ်လွန်သွားခဲ့ပြီလို့ ဦးမြင့်သိန်းရဲ့ သားဖြစ်သူက အဲန်အယ်လ်ဒီ ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းဆီကို ပြောဆိုတယ်လို့ ကျနော်တို့ စုံစမ်းသိရှိရပါတယ်။

စင်ကာပူမှာ ဦးမြင့်သိန်းရဲ့ ကျန်းမာရေးကို အနီးကပ် ပြုစုစောင့်ရှောက် ပေးနေသူ တစ်ဦးကလည်း ဦးမြင့်သိန်း ကွယ်လွန်တဲ့အကြောင်းကို ဗီအိုအေကို အတည်ပြုချက် မကြာခင်က ပေးခဲ့ပါသေးတယ်။ ဦးမြင်သိန်းဟာ မွန်ပြည်နယ် ကျိုက်မရောမြို့နယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦးလည်း ဖြစ်ပါတယ်။

ဦးမြင့်သိန်းဟာ ပြီးခဲ့တဲ့ စက်တင်ဘာလက အဖမ်းအဆီးခံခဲ့ရပြီးတဲ့နောက်ပိုင်း ရောဂါအခြေအနေ ပိုပြီးတော့ ဆိုးရွားလာလို့ စင်ကာပူမှာ ဆေးဝါးကုသခံယူနေတုန်း အခုလို ကွယ်လွန်သွားခဲ့ရတာပါ။ ဦးမြင့်သိန်း ကွယ်လွန်ချိန်မှာ အသက် ၆၂ နှစ် ရှိပါပြီ။ သူ ကွယ်လွန်သွားတာနဲ့ ပတ်သက်ပြီးတော့ အဲန်အယ်လ်ဒီပါတီရဲ့ ပြောရေးဆိုခွင့်ရှိ ဦးဉာဏ်ဝင်းက ဗီအိုအေကို အခုလို မှတ်ချတ်ချ ပြောဆိုပါတယ်။

“ကျနော်တို့ မွန်ပြည်နယ်ပေါ့ဗျာ ကျနော်တို့ အတူတူပေါ့၊ မွန်ပြည်နယ်မှာ တာဝန် ထမ်းဆောင်တဲ့ နေရာမှာ ဦးမြင့်သိန်းက မွန်ပြည်နယ် စည်းရုံးရေးအဖွဲ့ရဲ့ အတွင်းရေးမှူး၊ အဲဒါအပြင်ကို အဖွဲ့ချုပ်ရဲ့ ပြန်ကြားရေးအဖွဲ့ အဖွဲ့ဝင်၊ ဦးမြင့်သိန်းက ကျနော်တို့ အားလုံးထက်ကို အတက်ကြွဆုံး အပင်ပန်း အခံဆုံး ကြိုးစား ဆောင်ရွက်ခဲ့တယ် ဆိုတာကိုတော့ ကျနော်ပြောနိုင်ပါတယ်။ ဆေးပညာနဲ့ ပတ်သက်ပြီးတော့ ကျနော် မှတ်ချက်တော့ မပြုနိုင်ဘူး။ သို့သော် ကျနော် သိသလောက် ပြောရရင် ဦးမြင့်သိန်းက အစာအိမ်နဲ့ပတ်သက်ပြီးတော့ ရှိနေတယ်။ အဲဒီအချိန်မှာ စက်တင်ဘာမှာ ဦးမြင့်သိန်းက ထိန်းသိမ်းခံရတယ်။ တစ်လကျော်ကျော်လောက် ကြာသွားတယ်။ အဲဒီကာလမှာ ထိန်းသိမ်းခံရတဲ့ကာလမှာ သူက သူ့ဝေဒနာတွေက ပိုတက်လာတယ်။ အပြင်ရောက်တော့မှာ သူက ဒါနဲ့ပတ်သက်ပြီးတော့ ဆေးတွေဘာတွေ စစ်လိုက်တဲ့အခါမှာ အစာအိမ်ကင်ဆာ ဆိုတာ သိရတယ်။ ဦးမြင့်သိန်းက ဒီလို အထိန်းသိမ်းမခံရရင် ရောဂါကို ကြိုတင်ကာကွယ်နိုင်မယ်၊ ကြိုတင် ကုသနိုင်မယ်။ ဒီအခြေအနေတွေကို ဦးမြင့်သိန်းက လက်လွှတ်ခဲ့ရတယ်လို့ ကျနော် အဲဒီလိုပဲ နားလည်ပါတယ်။ အထူး ၀ီရိယ ရှိတယ်။ အထူး အရည်အချင်းရှိတဲ့ ပုဂ္ဂိုလ် တစ်ဦး ကျနော်တို့ ဒီလို ဆုံးရှုံးရတာဟာ အဲန်အယ်လ်ဒီပါတီရဲ့ ဆုံးရှုံးမှုကြီး တစ်ရပ်ပဲလို့ ကျနော်တို့ နားလည်ပါတယ်။ ဦးမြင့်သိန်းက ကျနော်တို့ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း မောင်နှမ ကဲ့သို့ ရင်းနှီးပြီးတော့ အဲဒီလို အလုပ်ကို ကြိုးစားပြီးတော့ ဆောင်ရွက်ခဲ့တဲ့ ပုဂ္ဂိုလ်တစ်ဦးလို့ ကျနော် ဒီလို တွေ့ရှိကြောင်း ကိုလည်း ပြောချင်ပါတယ်။ ကျနော် အထူး ၀မ်းနည်းတယ်။ ကျနော် အလွန် စိတ်မကောင်းဖြစ်တယ် ဆိုတာ ပြောချင်ပါတယ်။”

အဲဒါကတော့ ကွယ်လွန်သွားခဲ့တဲ့ ဦးမြင့်သိန်းနဲ့အတူ အနီးကပ် လုပ်ကိုင်ဆောင်ရွက် ခဲ့တဲ့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် အဲန်အယ်လ်ဒီ ပါတီက ဦးဉာဏ်ဝင်း ဗီအိုအေကို ရှင်းပြခဲ့တာ ဖြစ်ပါတယ်။


အပြည့်အစုံဖတ်ရန်...

Monday, March 24, 2008

2008 ခုနှစ် အိန္ဒိယရောက် မြန်မာဒီမိုကရေစီအင်အားစုများ၏ သင်္ကြန်အကြိုသံချပ်

ဘုန်းဘုန်းချမှ လုံးလုံးရမယ် အပိုင်း ၁

နားဆင်ရန်

india than chat 1_MP3_128.mp3

ဒေါင်းလုပ်ယူရန်

india than chat 1.wma

ဘုန်းဘုန်းချမှ လုံးလုံးရမယ် အပိုင်း ၂

နာဆင်ရန်
india than chat 2_MP3_128.mp3

ဒေါင်းလုပ်ယူရန်

india than chat 2.wma


အပြည့်အစုံဖတ်ရန်...

Thursday, March 20, 2008

အသိပေးပန်ကြားခြင်း

ကျနော်တွင်အခက်အခဲအမျိုးမျိုးကြောင့် ပို့အသစ်များကို မတင်နိုင်သည်ကို သီးခံခွင့်လွတ်ပေးကြပါရန် တောင်းပန်အပ်ပါသည်။
အများစုစိတ်ဝင်စားနိုင်မည့် ပို့များကို တင်ပြနိုင်ရန်စီစဉ်ထားသော်လည်း အင်တာနက်အခက်အခဲကြောင့် တင်ပြနိုင်ခြင်းမရှိသေးပါ။ ကျနော်၏ ဘလော့တွင် ပို့အသစ်တင်ပြနိုင်ခြင်းမရှိသေးသော်လည်း ဆက်လက်အားပေးနေသော မိတ်ဆွေသူငယ်ချင်းအားလုံးအား အထူးပဲကျေးဇူးတင်ရှိပါသည်။
ဆက်လက်ကြိုးစားနေပါမည်။
မျိုးမြင့်အောင်

အပြည့်အစုံဖတ်ရန်...

မေလ မှာ ပြုလုပ်မည့် ဆန္ဒခံယူပွဲကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြမည်

အပြည့်အစုံဖတ်ရန်...

လှောင်ချိုင့်ထဲကလူ


HlaungChaikeHtelKaLuu_MP3_128.mp3





လှောင်ချိုင်ထဲကလူ သီးချင်းအား အသွင်သစ်တမျိုးဖြင့် တင်ဆက်လိုက်ပါတယ်
တေးရေး၊ တေးဆို ကိုထက်အောင်ရှိုင်း၊ AKT
နောက်ထပ်သီးချင်းများကိုလည်း ထပ်မံသီဆိုနိုင်ရန် ကိုထက်အောင်ရှိုင်နှင့် ညီအကိုများ ကြိုးစားလျှက်ရှိကြောင်းသိရှိရပြီး
ကျနော်၏ ဘလော့မှ ထပ်မံတင်ပြသွားမည်ဖြစ်ပါသည်။
သီးချင်းများမှာ ရေးပြီးနေပြီ ဖြစ်သော်လည်း အခြားသောအခက်အခဲအမျိုးမျိုးကြောင့် အသံသွင်းခြင်းမပြုလုပ်နိုင်သေးသောကြောင့် သီခံပေးကြပါရန်လေးစားစွာတင်ပြအပ်ပါတယ်
ဤသီးချင်းအားပေးပို့ပေးသော ကိုထက်အောင်ရှိုင်း၊ AKT ညီအကိုတစုအား အထူးပဲကျေးဇူးတင်ရှိပါသည်။

အပြည့်အစုံဖတ်ရန်...

Wednesday, March 19, 2008



အပြည့်အစုံဖတ်ရန်...

Wednesday, March 5, 2008

ပြတ်ပြတ်သားသား ဆန်းကျင်ကြ



အပြည့်အစုံဖတ်ရန်...

Tuesday, March 4, 2008

လှောင်ချိုင့်ထဲကလူ


artist - Track 01_0305152414.mp3


နိုင်ငံရေးသီးချင်းတစ်ပုဒ်ဖြစ်ပါတယ်
တေးရေး၊ တေးဆို = ကိုထက်အောင်ရှိုင်း ၊ AKT
၂၀၀၇ ခုနှစ်တွင် NLD (LA) Malaysia မှကြီးမှူးကျင်းပသော မလေးရှားသင်္ကြန်တွင် ခွတ်ဒေါင်းအားမာန် အစရှိသည့် သီချင်းများဖြင့် နာမည်ကြီလာသူတစ်ယောက်ဖြစ်ပါသည်။



အပြည့်အစုံဖတ်ရန်...

မလေးရှားနိုင်ငံရောက် မြန်မာများက စစ်အစိုးမှ ပြုလုပ်မည့် လူထုဆန္ဒခံယူပွဲအား ကန့်ကွက်ကြောင်း လက်မှတ်ရေးထိုး



ယနေ့ ၅.၃.၂၀၀၈ ရက်နေ့တွင် မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများက NLD (LA) Malaysia တွင် ကျင်းပပြုလုပ်သော ၂၀၀၈ မေလတွင်ပြုလုပ်မည့် ဆန္ဒခံယူပွဲအား အယုံအကြည်မရှိကြောင်းနှင့် ကန့်ကွက် ကြောင်း လက်မှတ်ရေးထိုးပွဲတွင် အားတတ်သရောလာရောက်လက်မှတ်ရေးထိုးကြသည်။ လက်မှတ်ရေးထိုးချိန်ကို နေလည် ၁၂ နာရီမှ စတင်ရန်သတ်မှတ်ထားသော်လည်း အလုပ်နားရက်မဟုတ်သည့်အတွက်ကြောင့် လူအများစုက မနက်ပိုင်းတွင်လာရောက်ကြသောကြောင့် လက်မှတ်ရေးထိုးပွဲကို မနက် ၈ နာရီတွင်စတင်ခဲ့ရပါသည်။ ယနေ့တွင်လက်မှတ်စတင်ရေးထိုးနေပြီး မေလ ၃၀ ရက်နေထိ လက်မှတ်ရေးထိုးပွဲပြုလုပ်မည်ဖြစ်ကြောင်း NLD (LA) Malaysia သတင်းနှင့် ပြန်ကြားရေးဌာနမှ ကိုခင်းမောင်ဝင်မှ အသိပေးပြောကြားပါသည်။ ယနေ့ နံနက် ၈ နာရီမှ နေ့လည် ၂ နာရီထိ လူပေါင်း ၈၀ ကျော်လက်မှတ်ရေးထိုးပြီးကြောင်းသိရှိရပါသည်။ မြန်မာတမျိုးသားလုံးအတွက် အလုပ်မအားလက်သည့်ကြားမှ လာရောက်လက်မှတ်ရေးထိုးပေးသော မလေးရှားရောက်မြန်မာများအားလုံးကို အထူးပဲကျေးဇူးတင်ကြောင်း အတွင်းရေးမှူးကို အောင်ကျော်ဆက်မှ ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။

အပြည့်အစုံဖတ်ရန်...

 
/* EOT ----------------------------------------- */