Wednesday, January 16, 2008

All of my fri

All of my fri. Now My Internet have Problem. so i cann't new post. sorry for that.

အပြည့်အစုံဖတ်ရန်...

Sunday, January 13, 2008

စစ်ဗိုလ်တစ်ဦးပစ်သတ်ခံရပြီ

တပ်မ ၆၆ လက်အောက်ခံ ခလရ ၂၀၈ မှ တပ်ရင်းမှုး ဒုဗိုလ်မှုးကြီး သိန်းဇံအားသူ၏လက်ဖြောင့်တပ်ကြပ်ကြီး အောင်ချစ်မှ ပစ်သတ်မှုဖြစ်ပွား။ ၄င်းသတင်းနှင့် ပတ်သက်၍ ဆက်လက်စုံစမ်းလျှက်ရှိသည်။ သတင်းဌာန တစ်ခု သို့ စုံစမ်းကြည့်ရာ ပစ်ခတ်မှုဖြစ်ပွာသည်ကိုသာ သိရှိထားရပြီး အသေအပျောက်နှင့် ဖြစ်ပွားပုံကို ဆက်လက်စုံစမ်းနေသည် ဟုပြောကြားပါသည်။ ယင်းသတင်းအားဆက်လက်စုံစမ်းလျှက်ရှိပြီး အသေးစိတ်သိရှိရပါက ထပ်မံဖော်ပြပေးမည်ဖြစ်သည်။
ထို့နည်တူ ရန်ကုန်နှင့် ဖြူးမြို့တွင်လည်း ဗုံးပေါက်ကွဲမှုများရှိခဲ့သည်ဟု အတည်မပြုနိုင်သေးသော သတင်းများမှ သိရှိရပါသည်

အပြည့်အစုံဖတ်ရန်...

Friday, January 11, 2008

မကြာမှီ ရုံတင်ပြသတော့မည့် HE IS BACK အဆင့်မြင့်ရမ်ဘိုဇာတ်ကားကြီး



မကြာမှီ ရုံတင်ပြသတော့မည့် HE IS BACK ရမ်ဘို ဇာတ်ကား သည် မြန်မာနိုင်ငံ အကြောင်း နှင့် မြန်မာစစ်တပ် နှင့် ရမ်းဘို တိုက်ခိုက်ခဲ့ပုံအကြောင်းကို ရမ်ဘိုကိုယ်တိုင် သရုပ်ဆောင်ဒါရိုက်တာလုပ်၍ ရိုက်ကူးထားခြင်း ဖြစ်သည်။

အပြည့်အစုံဖတ်ရန်...

http://aungsayarpyi.blogspot.com/ အောင်စေရာပြည်ဘလော့မှ ကူးယူဖော်ပြပါသည် ကျနော်အား အစစအရာရာ ကူညီပေးခဲ့သော အောင်စေရာပြည်အား ကျေးဇူးအထူးတင်ရှိပါသည်



Rambo ရုပ်ရှင် ပြသ သည်နှင့် တပြိုင်နက်တည်း နိုင်ငံတကာတွင်ရောက်ရှီသော တိုင်းပြည် ဒီမိုကရေစီ နှင့် ငြိမ်းချမ်းသာယာရေး လိုလားသည့် တိုင်းချစ်ပြည်ချစ် မြန်မာလူမျိုးများ အနေဖြင့် ရုပ်ရှင်ရုံတိုင်းတွင် ဒေါ်အောင်ဆန်းစုကြည် ပုံ ပါသော တီရှပ် သို့ မဟုတ် မည်သည့် မြင်သာ ထင်သာ သည့် အက်ျီ လက်ပတ် အလံ ဖြင့်မဆို သွားရောက်ကာ ရုပ်ရှင်လာပရိသတ်များ အားမိမိတို့ မြန်မာ လူမျိုးများ ဖြစ်ကြောင်း မိမိတို့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား န.အ.ဖ စစ်အာဏာရှင်မှ ဓါတု အဆိပ်ဖြင့် တဖြေးဖြေး ဘ၀ဆုံးစေရန် လုပ်ကြံကြောင်း နှင့် မိမိတို့ မြန်မာပြည် ဒီမိုကရေစီရေး အတွက်လူသားချင်းစာနာမှုဖြင့် ဘက်ပေါင်းစုံမှ ၀ိုင်းဝန်းကူညီကြပါရန် မေတ္တာရပ်ခံစာများ လက်ကမ်းစာစောင်များ ဝေငှကြပါ။အောင်စေရာပြည်ဘလော့သို့

အပြည့်အစုံဖတ်ရန်...

Thursday, January 10, 2008

မကြာမှီ ဖြန့်ချီတာ့မည့် မလေးရှားနိုင်ငံတွင် ကပြဖျော်ဖြေခဲ့သော သီးလေးသီး ဆေးရောင်စုံအငြိမ့် VCD အခွေ



အနုပညာ၊ ဟာသဖြင့် နိုင်ငံနှင့် လူမျိုးများကို မျက်စိ ဖွင့်ပေးသော ဟာသပျက်လုံးများ၊ မြန်မာ တိုင်းရင်းသား အက၊ မြန်မာရိုးရာအက၊ အဆိုအက စုံလင်စွာပါရှိသော၊ ဆင်ဆာဖြတ်တောက်ခြင်းလုံးဝမရှိသော မလေးရှား နိုင်ငံ၌ ကပြဖျော်ဖြေခဲ့သည့် သီးလေးသီးဆေးရောင်စုံ အငြိမ့်ခွေအား မကြာမှီဖြန့်ချီတော့မည် ဖြစ်ကြောင်း အ သိပေးအပ်ပါသည်။
အခွေအရေအတွက် ကန့်သက်ထားသည် ဟုသိရသည်။

အပြည့်အစုံဖတ်ရန်...

စစ်အာဏာရှင်စနစ် ကျဆုံးဖို့ လူတိုင်းဒါကိုလုပ်ကြစို့

ဤနေရာမှ Download ယူ၍ ဖက်ပါ

အပြည့်အစုံဖတ်ရန်...

ပျဉ်းမနားတွင် ဗုံးပေါက်ကွဲ အမျိုးသမီး တစ်ဦးသေဆုံး


ပျဉ်းမနားတွင် ဗုံးပေါက်ကွဲ၊ အမျိုးသမီးတဦး သေဆုံး
မဇ္ဈိမသတင်းဌာန
Friday, 11 January 2008 14:43 - မြန်မာစံတော်ချိန်

အစောင့်အကြပ် ထူပြောလှသည် မြန်မာနိုင်ငံ၏ နေပြည်တော်သစ် အနီးရှိ ပျဉ်းမနား မီးရထား ဘူတာရုံတွင် ဗုံးပေါက်ကွဲရာ အမျိုးသမီးတဦး သေဆုံးသွားကြောင်း ရထားပို့ဆောင်ရေးဌာန အရာရှိတဦးက ပြောသည်။

ယနေ့ နံနက် ၄း၃ဝ က ပျဉ်းမနား အနီးရှိ ဘူတာရုံ အိမ်သာတွင် ဗုံးတလုံး ပေါက်ကွဲရာ အိမ်သာတက်နေသူဟု ယုံကြည်ရသည့် အမျိုးသမီးတဦး သေဆုံးသွားခြင်း ဖြစ်သည်ဟု အမည်မဖော်လိုသူ အရာရှိက ပြောသည်။

“အမျိုးသမီးတဦး ပွဲချင်းပြီး သေဆုံးပြီး အိမ်သာလည်း ပျက်သွားတယ်။ တခြားတော့ ဘာအပျက်အစီးမှ မရှိ ဘူး။” ဟု သူက ပြောသည်။

လုံခြုံရေးများ တိုးမြှင့် ချထားလိုက်သော်လည်း ရထားခရီးစဉ်များ ပုံမှန်အတိုင်းပင် ဖြစ်သည်ဟု သူက ထပ် ပြောသည်။

ပျဉ်းမနားဆေးရုံမှ အမည်မဖော်လိုသူ သူနာပြုတဦးက ဗုံးဒဏ်ကြောင့် အမျိုးသမီးတဦး၏ ရုပ်အလောင်း ဆေးရုံသို့ ရောက်ရှိလာကြောင်းနှင့် ရင်ခွဲရုံတွင် ထားသည်ဟု ပြောသည်။

မည်သူကမှ ဗုံးဖောက်ခွဲသည်ဟု ထုတ်ဖော် ကြေညာခြင်း မရှိသေးသလို အာဏာပိုင်များ ဖက်ကလည်း ထုတ် ဖော်နိုင်ခြင်း မရှိသေးပါ။ နေပြည်တော် ရဲစခန်းကတော့ စုံစမ်းလျှက်ရှိသည်ဟု ဆိုသည်။

“လောလောဆယ်တော့ ဘယ်သူလုပ်တယ် ဆိုတာ မပြောနိုင်သေးဘူး။ စုံစမ်းဆဲပဲ” ဟု တပ်ကြပ်အဆင့် ရှိသူရဲ ဝန် ထမ်း က မဇ္ဈိမ သို့ ပြောသည်။

ရန်ကုန် ရှိ သတင်းရပ်ကွက်များက သေဆုံးသူအမျိုးသမီးသည် ကရင်လူမျိုး ဖြစ်သည်ဟု ဆိုသည်။ သို့သော် အ တည် မပြုနိုင်သေးပါ။

အသေးစား ဗုံးပေါက်ကွဲမှုများသည် မြန်မာနိုင်ငံတွင် ထူးဆန်းမနေသော်လည်း ယခု ပေါက်ကွဲမှုသည် ၂ဝဝ၅ ခုနှစ်ကတည်းက စစ်အစိုးရ ရုံးစိုက်နေသည့် နေပြည်တော်တွင် အနီးတွင်တော့ ပထမဆုံးအကြိမ် ဖြစ်သည်။

အပြည့်အစုံဖတ်ရန်...

ရဲဘော်လက်စွဲ

ရဲဘော်လက်စွဲ စာအုပ်အား ဤနေရာမှ Down load ယူပါ

အပြည့်အစုံဖတ်ရန်...

Wednesday, January 9, 2008

သီးလေးသီးဆေးရောင်စုံအဖွဲ့ ထိုင်းသို့ရောက်ပြီ


ရုပ်ရှင်နှင့် ဗွီဒီယိုသရုပ်ဆောင် လူရွှင်တော် ကိုဂေါ်ဇီလာ ဦးဆောင်သော သီးလေးသီးဆေးရောင်စုံအဖွဲ့သည် ၉.၁.၂၀၀၈ နေ့ ညနေတွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ သို့ ရောက်ရှိခဲ့ပါသည်။ သီးလေးသီး ဆေးရောင်စုံ အဖွဲ့ သည် မလေးရှားနိုင်ငံတွင် အောင်မြင်စွာ ကပြဖျော်ဖြေပြီးနောက် ထိုင်းနိုင်ငံ သို့ ကပြဖျော်ဖြေရန် ရောက်ရှိခဲ့ ခြင်း ဖြစ်ပါသည်။ ထိုင်းနိုင်ငံတွင် ကပြဖျော်ဖြေပြီးပါက စင်္ကပူနိုင်ငံ(၁၉.၁.၂၀၀၈) ၊ ထိုင်းနိုင်ငံ(ဒုတိယ အကြိမ်)၊ ကိုရီးယား၊ ဂျပန် နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့တွင် ကပြဖျော်ဖြေမည် ဖြစ်ပါသည်။

အပြည့်အစုံဖတ်ရန်...

ABSDF ရဲ့ ၂၀၀၈ ပြက္ခဒိန်


၂၀၀၈ ခုနှစ်မှာ အားလုံးပျော်မြူးနိုင်ကြပါစေ

အပြည့်အစုံဖတ်ရန်...

Tuesday, January 8, 2008

ရဲဘော်တစ်ဦး၏ ရင်ဖွင့်သံ

အပြည့်အစုံဖတ်ရန်...

သီးလေးသီး ပီနန်းမှာ ကခဲ့စဉ်က




အပြည့်အစုံဖတ်ရန်...

Monday, January 7, 2008

သီးလေးသီး တို့ ထိုင်းကို ရောက်တော့ မည်

ရုပ်ရှင်၊ ဗွီဒီယိုသရုပ်ဆောင် ကိုဂေါ်ဇီလာ ခေါင်းဆောင်သော သီးလေးသီး ဆေးရောင်စုံ အငြိမ့် အဖွဲ့သည် ၆.၁.၂၀၀၈ ရက်နေက မလေးရှားနိုင်ငံ ပီးနန်မြို့ ၌ ကပြဖျော်ဖြေခဲ့ပါသည်။ ထိုကပြဖျော်ဖြေပွဲတွင် မလေးရှား ရောက် မြန်မာများက အလွန်ဝေးလှန်လှသော အရပ် ဒေသများမှ ပင်လာရောက်အားပေးသည်ကို တွေ့ရပါ သည်။ ဆုတော်ငွေပေါင်းများစွာ ကို လည်း လက်ခံရရှိသည် ကိုလည်း တွေ့မြင်ခဲ့ရပါသည်။

သီးလေးသီးဆေးရောင်စုံအငြိမ့်သည် မလေးရှားနိုင်ငံ၌ အောင်မြင်စွာ ကပြဖျော်ဖြေအပြီးတွင် ထိုင်းနိုင်ငံတွင် ကပြ ဖျော်ဖြေရန် ယနေ့ နံနက် ၉ နာရီတွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ မှ စတင်ထွက် ခွာသွားပြီဖြစ်ပါသည်။ သီးလေးသီး ဆေးရောင်စုံအဖွဲ့သည် မလေးရှားနိုင်ငံမှ ထွက်ခွာသွားပြီ ဖြစ်သော်လည်း မလေးရှားရောက် မြန်မာပြည်သူတို့၏ ရင်ထဲတွင် မှတ်တမ်း ကဗျည်းတင်နိုင်ခဲ့ပါသည်။ သီးလေးသီး ဆေးရောင်စုံအငြိမ့်အောင်မြင်ရခြင်းမှ ပြည်သူတို့နှင့် တသားတည်းရှိခြင်း၊ ပြည်သူတို့၏ ရင်တွင်း ခံစားချက် များကို ရဲဝင့်စွာဖော်ထုတ်ဝင့်ခြင်းနှင့် အနုပညာဘက်တွင် လူငယ်များဖြစ်သော်လည်း ပြည့်စုံသည်ထက် သာလွန်ခြင်းတို့ကြောင့်ဖြစ်သည်ဟု သုံးသပ်မိပါသည်။
ကျနော်အမြင်ပြောရလျှင် ထိုင်းနိုင်ငံတွင် ကပြဖျော်ဖြေမည့်ပွဲတွင်လည်း မလေးရှား ထက်ပင် အောင်မြင်မှု ရလိမ့်မည်ဟုထင်ပါသည်။ သီးလေးသီး ညီအကိုမောင်နှမများ မလေးရှားမှ မထွက်ခွာမှီ ထိုင်းနိုင်ငံတွင် ကပြ မည့် အငြိမ့်ပျက်လုံးများကို တွေ့မြင်ခဲ့ရသောကြောင့် ထိုကဲ့သို့ အောင်မြင်လိမ့်မည်ဟု ထင်မြင်ချက် ပေးခြင်းဖြစ် ပါသည်။ သီးလေးသီးဆေးရောင်စုံအငြိမ့်အဖွဲ့သည် မြန်မာ့ ဒီမိုကရေစီ သမိုင်းတွင် ပြည်သူတို့၏ ဆန္ဒကို ရဲရဲဝင့်ဝင့် ထုတ်ဖော်ခြင်းဖြင့် မှတ်တိုင်တစ်ခု တင်နိုင်ခဲ့ပြီဟုယူဆပါသည်။
ထိုင်းနိုင်ငံမှ မြန်မာတော်တော်များများမှလည်း သီးလေးသီးအငြိမ့်အား သွားရောက် အားပေးကြည့်ရှုရန် အတွက် စောင့်မျှော်နေကြသည်။

အပြည့်အစုံဖတ်ရန်...

Friday, January 4, 2008

သီးလေးသီးနှင့် ပြည်တွင် ဂရက်

သီးလေးသီးနှင့် ပတ်သက် ၍ ဗိုလ်ကြီး ကိုကိုနိုင် အား နယ်ပြောင်းရွှေ့လိုက်သည်ဟု အနုပညာအသိုင်းအ၀ိုင်း နှင့် နီးစပ်သည့် လူအချို့မှ ပြောကြား နေပါသည်။ ၄င်းကိစ္စနှင့် ပတ်သက်၍ ဆက်လက် စုံစမ်းလျှက် ရှိပြီး အ သေး စိတ် ကို ထပ်မံဖော်ပြမည်ဖြစ်သည်။
ထိုကိစ္စနှင့်ပတ်သက်၍ သီးလေးသီး ညီအကို မောင်နှမများနှင့် ခေါင်းဆောင် ဒါရိုက်တာလူရွှင်တော် ကိုဂေါ်ဇီ လာ တို့မှ အထူးပဲ ၀မ်းနည်းမိပါကြောင်းပြောကြားပါသည်။

အပြည့်အစုံဖတ်ရန်...

Thursday, January 3, 2008

သီးလေးသီး အငြိမ့်မှ ပျက်လုံးအချို့


မျှော်စင်ကျွန်း၌ ကပြဖျော်ဖြေထားသေ အငြိမ့်အား အောက်တွင် လင့်ခ် ပေးထားပါသည်။ ထိုနေရာမှ သွာရောက်ကြည့်ရှုပါက youtube မှ ကြည်သည်ထက် ပို့၍ ကောင်းမွန်ပါသည်။ သီးလေးသီး၏ အနုပညာအား ဤ မှတ်တမ်းဖြင့် ဂုဏ်ပြုအပ်ပါသည်။

အပြည့်အစုံဖတ်ရန်...

 
/* EOT ----------------------------------------- */