သီးလေးသီးဆေးရောင်စုံအငြိမ့် ပို့အား ကျနော်အနေဖြင့်နောက်ကျမှ တင်ခြင်းကို အားလုံးအနေဖြင့် နားလည်ခွင့်လွတ်ပေးကြပါရန် လေးစားစွာတောင်ပန်အပ်ပါသည်။ ကျနော်အနေဖြင့် ဒီပို့ကိုတင်ဖို့အတွက် အတော်ပင်အချိန်ယူစဉ်စားနေရပါသည်။ ကျနော်၏ ဘလော့တွင် အသစ်အဆန်းတစ်ခုကို သူများထက်ဦးအောင်တင်ဆက်နိုင်သော်လည်း ကိုယ့်ကြောင့် တစ်ပါးသူ ဒုက္ခရောက်မည်အလုပ်မျိုး ကို ကျနော်လုံးဝမလုပ်လိုပါ။ ထိုကြောင့် သီးလေးသီးအကြောင်း တင်ဆက်မှုသည် နောက်ကျခဲ့ခြင်းဖြစ်ကြောင်း တင်ပြအပ်ပါသည်။
သီးလေးသီးဆေးရောင်စုံအငြိမ့် အဖွဲ့သည် အင်မတန်တော်သော လူငယ်များဖြင့် ဖွဲ့စည်းထားပြီး အရည်အချင်းရှိသော၊ ပြည်သူအများက ချစ်ခင်လေးစားရသော အနုပညာအသိုင်းအ၀ိုင်းမှ ခေါင်းဆောင်များမှ ပံ့ပိုးမှုများပေးထားသော အငြိမ့်အဖွဲ့ဖြစ်ပါသည်။ သီးလေးသီးဆေးရောင်စုံ အငြိမ့်အဖွဲ့၏ တင်ဆက်မှုများတွင် ပြည်သူများ၏ ခံစားချက်များကို ဦးစားပေးထားသော ပျက်လုံး၊ ဟာသများ၊ တိုင်းရင်းသားရိုးရာအကများနှင့် မြန်မာ့တောဓလေ့ ဦးရွှေရိုးနှင့် ဒေါ်မိုးအက၊ ဒိုးပတ်အက အစရှိသည်တို့ကို ကပြဖျော်ဖြေခဲ့ရာ ပွဲစသည်မှ ပွဲပြီးဆုံးသည့် အချိန်အထိ ခန်းမတစ်ခုလုံး လက်ခုတ်သံများဖြင့် ဆူညံနေပါသည်။
၎င်းပွဲသို့ လာရောက်ကြည့်ရှု့သော ကရင်အမျိုးသားတစ်ဦးမှ သီးလေးသီးကပြဖျော်ဖြေသော ကရင်ဒုံးယိမ်းအကသည် အတော်ကောင်းကြောင်းနှင့် သာမာန်လူတို့ မကပြနိုင်သည် အကမျိုးဖြစ်ကြောင်း၊ ထိုအကမျိုးသည် ကပြတတ်ယုံဖြင့် မရပဲ အတော် အပင်ပန်းခံနိုင်မှ ကပြဖျော်ဖြေနိုင်ကြောင်း ကျနော်အားပြောပြပါသည်။
ဦးရွှေရိုးနှင့် ဒေါ်မိုးအကမှာလည်း အတော်ပင်ကောင်းပါသည်။ ပုသိမ်ထီးကိုလေထဲသို့မြောက်၍ ကပြီးပြန်ဖမ်းပြသည်။ နောက်တစ် ပြန်ဖမ်းရာတွင် ပုသိမ်ထီးနှင့် ဒေါ်မိုးအားမှား၍ ဖမ်းလိုက်ပုံမှာ အတော်ပင်ဟာသမြောက်ပါသည်။ ယခုကဲ့သို့ ဟာသမြောက်သော၊ လှပသေသပ်သော ဦးရွှေရိုးနှင့် ဒေါ်မိုးအကကို မလေးနိုင်ငံသားများပင် ကြိုက်နှစ်သက်ကြောင်းနှင့် စကားနားလည်စရာမလိုဘဲ သရုပ်ဖော်ဖြင့် ဟာသပြုလုပ်နိုင်သော သီးလေးသီး၏ အနုပညာကိုလည်း အတော်ပင် လေးစားဂုဏ်ယူမိပါသည်။
နောက်ဆက်တွဲသတင်းတစ်ခုမှာ ကွာလာလမ်ပူမြို့၌ ကပြဖျော်ဖြေစဉ်က အကြောင်းအရပ်အမျိုးမျိုးကြောင့် မကြည့်ရှု့နိုင်သော မလေးရှားရောက်ရွှေမြန်မာများမှ မလေးရှားနိုင်ငံ နယ်စပ်မြို့ဖြစ်သော ပီနန်းမြို့ဖျော်ဖြေပွဲတွင် ညအိပ်သွားရောက် ကြည့်ရှုရန်အတွက် အကြောင်းကြားလာသောကြောင့် ကွာလာလမ်ပှုမြို့ ပွဲဖြစ်မြောက်ရေးကော်မတီသို့ အကြောင်းကြားလာသောကြောင့် လက်မှတ်များစီစဉ်ပေးနေရသည်ဟု သတင်းရရှိပါသည်။
မလေးရှားနိုင်ငံ၌ ကပြဖျော်ဖြေသော သီးလေးသီးဆေးရောင်စုံအငြိမ့်ဖျော်ဖြေပွဲမှ ဗွီဒီယိုမှတ်တမ်းအချို့အား ကျနော်၏ ဘလော့မှ တင်ပြသွားမည်ဖြစ်ပြီး ဖျော်ဖြေပွဲအပြည့်အစုံအား ကွာလာလမ်ပူမြို့ ပွဲဖြစ်မြောက်ရေး ကော်မတီသို့ ဆက်သွယ်ဝယ်ယူနိုင်ပါသည်။
Monday, December 31, 2007
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ ၃၀.၁၂.၂၀၀၇ ရက်နေ့တွင် ဖျော်ဖြေကပြခဲ့သော သီးလေးသီး ဆေးရောင်စုံ အငြိမ့်၏ ကကွက် ဆန်းများ
Posted by Myo Myint Aung at 11:35 PM 0 comments
Labels: သီးလေးသီး
Saturday, December 29, 2007
၃၀.၁၂.၂၀၀၇ ရက်နေ့တွင် ကပြဖျော်ဖြေရန် သီးလေးသီးအဖွဲ့ ပြင်ဆင်နေ
သီးလေးသီးအဖွဲ သည် ၃၀.၁၂.၂၀၀၇ ရက်နေ့တွင် ကပြဖျော်ဖြေရန်အတွက် လေ့ကျင့်မှုများပြုလုပ်ရာသို့ ကျနော်မှ သွားရောက် ကြည့်ရှု့ခဲ့ရာ ဟာသများ၊ အကနှင့် ဒိုးပတ်း အဖွဲ့ များဖြင့် တော်တော် မြိုင်မြိုင်ဆိုင်ဆိုင်ရှိပြီး ဟာသများမှာလည်း အတော်ပင် ဟာသရသ မြောက်ကြောင်း မျက်မြင်ကိုယ်တွေ့ ကြားသိခဲ့ရပါသည်။ ထိုပွဲသို့ မလေးရှားရောက် မြန်မာအတော်များများ လာရောက်အားပေးမည်းဟု မျှော်လင့်ပါသည်ဟု ပွဲစီစဉ်သူ လူငယ်ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုကျော်ကျော်က ပြောကြားခဲ့ပါသည်။ မလေးရှာ၌ ဖျော်ဖြေပြီးလျှင် အခြားနိုင်ငံများသို့ သွားရောက်ကပြဦးမည်ဟု အဖွဲ့ခေါင်းဆောင် ကိုဂေါ်ဇီလာက ပြောကြားခဲ့ပါသည်။
စပွန်စာ ပေးသော နိုင်ငံအားလုံးကို လိုက်လံကပြပေးပါမည်ဟု လည်း ဖြေကြားခဲ့ပါသည်။
ယခုအချိန်၌ လေ့ကျင့်မှုများပြုလုပ်နေသောကြောင့် ကိုဂေါ်ဇီလာနှင့် အင်တာဗျူးကို မနက်ဖြန်မှ ဆက်လက်မေးမြန်းမည်ဖြစ်ပါသည်။
Posted by Myo Myint Aung at 12:02 AM 0 comments
Labels: သတင်း
Friday, December 28, 2007
သီးလေးသီးဆေးရောင်စုံအငြိမ့်၏ ပထမဦးဆုံး ပြည်ပဖျော်ဖြေရေးအစီအစဉ်
ကာတွန်း မိုးကောင်းမှ ကူညီပံ့ပိုးပေးပါသည်
၃၀.၁၂.၂၀၀၇ မလေးရှားနိုင်ငံ ကွာလာလမ်ပူ မြို့
၀၆.၀၁.၂၀၀၈ မလေးရှားနိုင်ငံ ပီနန်းမြို့
၁၂.၀၁.၂၀၀၈ ထိုင်းနိုင်ငံ ဘန်ကောက်မြို့
၁၉.၀၁.၂၀၀၈ စင်္ကာပူနိုင်ငံ
စသည်နိုင်ငံတို့တွင် ကပြဖျော်ဖြေမည်ဖြစ်ပြီး၊ အကယ်၍ အခြားနိုင်ငံများက ဖိတ်ခေါ်လျှင်လည်း ကပြဖျော်ဖြေပေမည် ဖြစ်ကြောင်း
သီးလေးသီ လူရွှင်တော် ခေါင်ဆောင် ဒါရိုက်တာ ကိုဂေါ်ဇီလာက ပြောကြားပါသည်
Posted by Myo Myint Aung at 3:42 PM 0 comments
Labels: ကာတွန်း
Sunday, December 23, 2007
စစ်အစိုးရမှ လိုက်လံသိမ်းစည်းနေသော သီလေးသီး ဆေးရောင်စုံ အငြိမ့် VCD မှ ပျက်လုံးများ
Posted by Myo Myint Aung at 4:45 AM 0 comments
Labels: သီးလေးသီး အငြိမ့်
Friday, December 21, 2007
အောက်တိုဘာစိန်ခေါ်မှု
စစ်ပညာတတ်မြောက်ပြီးရင် ဒို့တတွေဘာတွေ ဆက်လုပ်ကြရမလဲ ဆိုတာကို ထိုင်းနိုင်ငံရှိ မြန်မာစစ်သံရုံးကို မြန်မာ ကျောင်းသားတို့ က ၀င်ရောက်စီးနင်းသိမ်းပိုက်ခဲ့သော အောက်တိုဘာစိန်ခေါ်မှု့ သတင်းမှတ်တမ်းအား ကြည့် ပြီး စဉ်းစားကြည့်ကြပါ။
ဒီဖြစ်ရပ်ဟာဆိုရင် ထိုင်နိုင်ငံတွင် ဖွင့်လှစ်ထားသော မြန်မာစစ်သံရုံးကို ဒီမိုကရေစီလိုလားသာ ကိုဂျော်နီ ဦးစီသော ကျောင်းသာတစ်စုက ၀င်ရောက်စီးနင်းခဲ့တဲ့ ဖြစ်ရပ်တစ်ခုဖြစ်ပါတယ်။ ဒီအဖြစ်အပြတ်ဟာဆိုရင် လူငယ်ကျောင်း သားတစ်စုဟာ အကြောင်းအရပ်အမျိုးမျိုးကြောင့် လက်နက်ကိုင်နေရပေမယ် ငြိမ်းချမ်းရေးကို မလိုလာသူ၊ ပြည်သူတွေကို ဒုက္ခပေးနေတဲ့ လက်နက်ကိုင်လူရမ်းကားတွေ မဟုတ်ဘူးဆိုတာကို ပြောစရာမလိုဘဲ တွေ့မြင်နိုင်ပါတယ်။ ထို့နည်းတူ ထိုင်းနိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဆူကုန်ပန်း ရဲ့ မြန်မာကျောင်းသားတွေနဲ့ မြန်မာပြည်သူတွေရဲ့ သဘေားထားနှင့် နိုင်ငံခေါင်းဆောင်တစ်ဦးရဲ့ ဥာဏ်ပညာနှင့် ဇွဲ၊ သတ္တိတို့ကို တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။
ကျနော်တို့ တစ်တွေလည်း စစ်ပညာတွေ တတ်မြောက်ခဲ့ရင်၊ စစ်လက်နက်တွေ လက်ဝယ်သို့ရောက်ရှိလာခဲရင် ဘယ်လိုလုပ်ငန်းတွေကို လုပ်သင့်တယ်ဆိုတာကို သုံးသပ်ဆုံးဖြတ်စေချင်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာအရေးအခင်း မှာ ပါဝင်ခဲ့တဲ့ ရဟန်းရှင်လူကျောင်းသားပြည်သူတွေရဲ့ ကြွေးကြော်သံတစ်ခုဖြစ်တဲ့ “ဗိုလ်ချုပ်ပေးတဲ့ စစ်ပညာပြည်သူတွေကို သတ်ဖို့မဟုတ်ဘူး” ဆိုတဲ့ ကြွေးကြော်သံတွေကိုလည်း နာထဲမှာ ပြန်လည် ကြားယောင်ပြီး ကျနော်တို့တစ်တွေရဲ့ သေနတ်တွေကို စစ်အစိုရ ခေါင်းဆောင်တွေကို အနီးကတ် ချိန်တွယ် ပစ်ခတ်နိုင်ဖို့ ကြိုးစားရပါမယ်။ စစ်ပညာတွေ အမှန်တကယ်တတ်မြောက်လိုပြီ မြန်မာဒီမိုကရေစီတိုက်ပွဲကို လက်နက်ကိုင်တော်လှန်ရေးဆင်နွဲလိုပါက သို့ ဆက်သွယ်လိုက်ပါ
ကျနော်တို့ရဲ့ လက်နက်ကိုင်သင်တန်းသည် ပန်းခင်းလမ်းကို လျှောက်ပြီး ဖဲမွေ့ယာပေါ်သို့ အိပ်စက်ရမည် သင်းတန်း မဟုတ်ကြောင်း ကြိုတင်အသိပေးအပ်ပါသည်။
ဒို့တောင်းနေတဲ့ ဒို့ရဲ့ ဒုတိယလွတ်လပ်ရေးကို ဒို့တစ်တွေ ဘယ်ပုံဘယ်နည်းနဲ့ အမြန်ဆုံး ရယူနိုင်မလဲ?
မြန်မာ့ဒီမိုကရေစီတိုက်ပွဲကို
လက်နက်ကိုင်နည်းဖြင့်
ပြန်လည်ရယူလိုသော
သူရဲ့ကောင်းများအတွက်
မျိုးမြင့်အောင်
ဒုတိယပိုင်း
တတိယပိုင်း
စတုတ္ထပိုင်း
Posted by Myo Myint Aung at 7:00 AM 0 comments
Labels: သတင်းမှတ်တမ်း
Monday, December 17, 2007
MA2 လက်နက် ဖြုတ်တပ် ပစ်ခတ်အသုံးပြုနည်း
ဤ MA2 စစ်လက်နက်သည် စစ်အစိုးရဘက်မှ အသုံးပြုသော စစ်လက်နက်ဖြစ်ပါသည်။ ကျနော်၏ ဘလော့အား ၀င်ရောက်အားပေးသော ညီငယ်တစ်ဦး၏ တောင်းဆိုချက်အရ တင်ပြခြင်းဖြစ်ပါသည်။ ကျနော်၏ ဘလော့အား ၀င်ရောက်အားပေးသူအပေါင်းအား အထူးကျေးဇူး တင်ရှိပါသည်။ ကျနော်၏ ဘလော့အား ၀င်ရောက်ကြည့်ရှု့ သူအပေါင်းအား စိတ်ကျေနပ်မှု့ရရှိစေရန်နှင့် မြန်မာပြည် ဒီမိုကရေစီရရှိရေးအ တွက် ဆက်လက်ကြိုးစားနေပါမည်။
မျိုးမြင့်အောင်
Posted by Myo Myint Aung at 11:16 AM 1 comments
Labels: လက်နက်ကိုင်သင်တန်း
စစ်အစိုးရ၏ လူ့အခွင့်အရေးချိုးဖောက်မှု့များ
လူ့အခွင့်အရေးကို အပြည့်အ၀အာမခံချက်ပေးနိုင်တာကတော့ ဒီမိုကရေစီစနစ်ဘဲ ဒီတော့ ဒို့တတွေရဲ့ မွေးရာပါလူ့အခွင့်အရေးကို အပြည့်အ၀ရယူခံစားချင်တယ်ဆိုရင်တော့ အာဏာရှင်စနစ်ကိုဖြိုလှဲပြီး ဒီမိုကရေစီစနစ်ကိုထူထောင်နိုင်ဖို့လိုအပ်တယ် အဲဒီလိုထူထောင်နိုင်ဖို့အတွက် ဒို့ညီအစ်ကိုတွေ လက်တွဲညီညီနဲ့ ဘက်ပေါင်းစုံ၊ ထောင့်ပေါင်းစုံးကနေ့ အဏာရှင်တွေကို တော်လှန်ရမယ်ဆိုတာကို နားလည်စေချင်တယ်။ အဲဒီလိုနားလည်ပြီဆိုရင် ဒို့လုပ်နိုင်တဲ့တော်လှန်းရေးလုပ်ငန်းတွေကို ခုချိန်ကစပြီ လုပ်လိုက်ကြရအောင်
အရေးတော်ပုံ အောင်ရမည် --------မျိုးမြင့်အောင်
Posted by Myo Myint Aung at 10:13 AM 0 comments
Labels: ဗွီဒီယို
Wednesday, December 5, 2007
မ၀င်းဝင်းမော် အတွက် နိုင်ငံတကာမှ လှူဒါန်းမှုများ
၁။ ဒေါက်တာ အေးအေးမြင့် RM 500.00
၂။ ဦးသန်းမြင့် (Singapore) RM 1502.14
၃။ အရှင်ဥဇ္ဖန (USA) RM 664.35
မ၀င်းဝင်းမော်၏ စုစုပေါင်း ကုန်ကျစရိတ်မှ 15000 ရင်ဂစ် ကုန်ကျမည်ဟုခံမှန်းထားပါသည်။ ယခု လက်ခံရရှိသော အလှူငွေမှာ 2000 ရင်ဂစ် ကျော်သာရှိပါသေးသည်ဟု NLD (LA) Malaysia ဘဏာရေးဌာနမှ ကိုလင်းသူရမှာ ပြောကြားခဲ့ပါသည်။
မ၀င်းဝင်းမော်၏ ဒီဇင်ဘာ ၇ ရက်နေ့အထိနောက်ဆုံးအခြေအနေအား ဒီကိုနိုပ် ပြီးကြည့်ပါ
မ၀င်းဝင်းမော်၏ ခွဲစိတ်ကုသမှုပြီစီဲးပြီးအခြေအနေ
မလေးရှားနိုင်ငံမှ မြန်မာဧဂျင့်များ၏ ဂုတ်သွေးစုတ်မှုကြောင့် ဒုက္ဒရောက်ခဲ့ရသော မြန်မာအလုပ်သမားတစ်ဦးဖြစ်သော မ၀င်ဝင်းမော်၏ ၂၇ နာရီကြာခွဲစိတ်ပြီးနောက်ဆက်တွဲအခြေအနေ အာ ဤနေရာမှ နားဆင်နိုင်ပါသည်။
ma win win maw 1.mp3_MP3_128.mp3
မ၀င်းဝင်းမော်အကြောင်းသိလိုလျှင် ဘားမာတူဒေး မှာ ၀င်ရောက်ကြည့်ရှု့နိုင်ပါတယ်။
အပြည့် အစုံကို ဒီကိုနှိပ် ပြီးကြည့်နိုင်ပါတယ်။
Posted by Myo Myint Aung at 2:43 AM 0 comments
Labels: သတင်း
Tuesday, December 4, 2007
စင်္ကပူမှ အောင်မြင်ကျော်ကြားသော လမ်းပြကြယ် စာအုပ်တိုက်
Posted by Myo Myint Aung at 3:22 PM 0 comments
Labels: သတင်း
Sunday, December 2, 2007
မီခိုးဗုံး ပြုလုပ်နည်း
မိမိလုပ်ငန်းအားလုပ်ဆောင်နေစဉ် စစ်အစိုးရလောက်ကောင်များမှ လိုက်လံဖမ်းဆီးလျှင် ဤ လက်လုပ်မီခိုးဗုံးခွဲထားခဲ့၍ မိမိနောက်သို့ မလိုက်လံနိုင်အောင် ဆောင်ရွက်နိုင်ပြီး အခြားမိမိတို့ အကြံဥာဏ်ရှိသလိုဆောင်ရွက်နိုင်ပါသည်။
ဤ ပညာတတ်မြောက်ပါက ပြည်သူအကြိုးအတွက်သာ အသုံးပြုရန်အနူးညွတ်တောင်းပန်အပ်ပါသည်။
Posted by Myo Myint Aung at 10:02 AM 0 comments
Labels: လက်နက်ကိုင်သင်တန်း
RPJ 5 လက်နက်ကြီးပစ်ခက်မှု သင်းတန်း
Posted by Myo Myint Aung at 8:18 AM 0 comments
Labels: လက်နက်ကိုင်သင်တန်း
BA 93 ဗုံးသီးပစ် လက်နက်ကြီးတပ်ဆင်အသုံးပြုမှုသင်တန်း
Posted by Myo Myint Aung at 7:44 AM 0 comments
Labels: လက်နက်ကိုင်သင်တန်း
လက်ပစ်ဗုံးပစ်ခတ်အသုံးပြုပုံ
ကျနော်ရဲ့လက်နက်ကိုင်သင်တန်းပို့များမှာ ကလေးများကို ရူးသွတ်စေရန်အတွက်မဟုတ်ဘဲ အကယ်၍ ၄င်းလက်နက်များမိမိလက် ၀ယ်သို့ရောက်ရှိလာလျှင် မည်သို့ ထိန်းသိမ်းကိုင်တွယ်အသုံးပြုရမည်ကို သင်ကြားပို့ချချင်းဖြစ်ပါသည်။ ကျွန်ုပ်၏ သင်တန်းများကို လေ့လာထားခြင်းအားဖြင့် မည်သို့မျှအကျိုးမယုတ်နိုင်ဟုမျှော်လင့်ပါသည်။ ယခုခေတ်တွင် ကလေးငယ်များသည် ကျွန်ုပ်တို့ထက် ဦးနှောက်ဖွင့်ဖြိုးမှု မြန်ဆန်နေသည်ကို သတိပြုအပ်ပါသည်။ ကျွန်ုတို့မြန်မာဓလေ့ထုံးစံများမှာ ကလေးသူငယ်များကို အလွန်းအမင်းအစိုးရိမ်လွန်ကဲပြီး အရာရာထိန်ချုပ်ထားမှုကြောင့် ကလေးသူငယ်များမှာ တော်သင့်သလောက် မတော်ဘဲ ရှိနေသည် ကိုလည်းသတိပြုအပ်ပေသည်။ ကလေးသူငယ်များကို အမြင့်သို့တက်လျှင်လိမ့်ကျတတ်သည်ကို သတိပေးထားလျှက် ထိုကလေးငယ်မှ အမြင်သို့ တက်ချင်လျှင် အစုံတခုသေားအတိုင်းအတားအထိတက်ခွင့်ပြုလိုက်ပါ။ ထိုတက်လိုက်သောအချိန်အတွင်းတွင် ကလေးငယ် အတွက် ရရှိလိုက်သော ကောင်းကျိုးဆိုးကျိုးနှစ်ခုလုံးမှာ ကလေးငယ်အတွက် အတွေ့အကြုံအသစ်ဖြစ်ပြီး ထိုကဲသို့သော အတွေ့အကြုံ များများရရှိလာပါက ရင့်ကျက်သော လူငယ်တစ်ယောက်ဖြစ်လာလိမ့်မည်။ သို့သော် လူကြီးတစ်ယောက်အနေဖြင့် ထိုကလေးငယ်မပြုလုပ်မည် ဆိုကျိုးနှင့် ကောင်းကျိုးနှစ်ရပ်လုံးကို ခွဲခြာပြရန်နှင့် ကလေးငယ်အား အန္တရာယ်မဖြစ်နိုင်လောက်သည် အတိုင်အတာတစ်ခုအတွင်းသာ လုပ်ခွင့်ပြုရန်လိုအပ်ပါသည်။
အကယ်၍ လက်နက်များမိမိလက်အတွင်းသို့ရောက်လာလျှင် မျောက်အုန်းသီးရသလို မဖြစ်စေရန်နှင့် အကယ်၍ စစ်ပညာတတ်လျှင် ပြည်သူကို ပြန်မသက်ဘဲ တိုင်ပြည်အန္တရာယ်အသွယ်သွယ်ကိုကာကွယ်နိုင်ရန်ရည်ရွယ် ၍ တင်ပြပါသည်။
Posted by Myo Myint Aung at 12:39 AM 0 comments
Labels: လက်နက်ကိုင်သင်တန်း
Saturday, December 1, 2007
ြဲ့မန်မာသတင်းစာတွေမှာ ကြော်ငြာခွင့် ပိတ်ပင်ခံရတဲ့ ရုပ်ရှင်မင်းသား ကိုကျော်သူ၊ မရွှေဇီးကွက်တို့ရဲ့သမီး မမြင့်မိုရ်ဦး (Dimple Kyaw) နဲ့ ကိုကျော်ကိုကိုဇင် (Dicky Zin) တို့ရဲ့ မင်္ဂလာဆွမ်းကျွေး ဖိတ်ကြားလွှာ
Posted by Myo Myint Aung at 11:46 PM 0 comments
45 ပစ်စတိုဖြုတ်တပ် အသုံးပြုခြင်း
Posted by Myo Myint Aung at 6:47 PM 0 comments
Labels: လက်နက်ကိုင်သင်တန်း
40 မမ (သို့) 79 မမ လက်နက် ဖြုတ်တပ် အသုံးပြုမှုသင်ခန်းစာ
Posted by Myo Myint Aung at 1:31 AM 0 comments
Labels: လက်နက်ကိုင်သင်တန်း
Thursday, November 29, 2007
Wednesday, November 28, 2007
အမေလူထုဒေါ်အမာရဲ့ မွေးနေ့
Posted by Myo Myint Aung at 2:36 AM 0 comments
Labels: အမေလူထုဒေါ်အမာ
Monday, November 26, 2007
ပစ်မှတ်
Posted by Myo Myint Aung at 12:15 PM 0 comments
Labels: ကာတွန်း
မလေးရှားဘယ်လဲ ဘာလဲ
ဒီမိုကရေစီနိုင်ငံတစ်ခုဖြစ်တဲ့ မလေးရှားနိုင်ငံမှ သပိတ်မှောက်ဆန္ဒ္ဒပြနေသော အိန္ဒိယလူမျိုးမလေးနိုင်ငံသားများအား မျက်ရည်ယိုဗုံးများဖြင့် ပစ်ခက်၍လည်းကောင်း၊ ဓါတုဗေဒဆေးရည်များထည့်ထားသော မီသတ်ဆေးရည်များဖြင့် ထိုးပတ်နှိမ်နှင့်ခဲ့ပါသည်။ ထို့ကြောင့် ဆန္ဒပြနေသော အိန္ဒိယလူမျိုးတစ်ဦးက ပြောကြားသည်မှာ ” မလေးရှားက ဒီမိုကရေစီနိုင်ငံတစ်ခုပါလို့ ကြွေကြော်ထားသောလည်း တကယ် တမ်းတွင် ဒီမိုကရေစီစနစ်ကို မကျင့်သုံးသောကြောင့် ဤကဲ့သို့ အကြမ်းဖက်စွာနှိမ်နင့်ခဲ့သည်ဟုဆိုပါသည်။
ယခုမလေးရှားနိုင်ငံသည် မြန်မာနိုင်ငံမှ နည်းနာများကိုယူဆောင်အသုံးပြုနေသည်မှာ 2006 ခုနှစ်က သေချာရုပ်လုံးပေါ်လာခဲ့ပါသည်။
မြန်မာပြည်၌ စွမ်းအားရှင်၊ ကြံ့ဖွံ့တို့ကဲ့သို့ RELA ဟုခေါ်သော အဖွဲ့အစည်းအား စေတနာဝန်ထမ်းအဖွဲ့မှ အစိုရလက်ကိုင်တုတ်အဖြစ် အသုံးပြုခဲ့သည်ကို ၂၀၀၆ နှစ်တွင် ဖော်ဆောင်ခဲ့သည်။ ထို့နည်တူ ယခုတဖန် ငြိမ်းချမ်းရေး၏သင်္ကတတစ်ခုဖြစ်သော မဟတ္တမဂန္တီ၏ ပုံကို ကိုင်ဆောင်၍ ဆန္ဒထုတ်ဖော်ပြသနေသော အိန္ဒိယလူမျိုးများ အား အကြမ်းဖက်နိုမ်းနင်းခဲ့ပါသည်။
Posted by Myo Myint Aung at 3:01 AM 1 comments
Labels: သတင်း
Friday, November 23, 2007
AK 47 လက်နက်တပ်ဆင် အသုံးပြုမှု သင်တန်း ပထမပိုင်း
Posted by Myo Myint Aung at 11:00 PM 0 comments
Labels: လက်နက်ကိုင်သင်တန်း
AK 47 လက်နက်တပ်ဆင် အသုံးပြုမှု သင်တန်း ဒုတိယပိုင်း
Posted by Myo Myint Aung at 10:25 PM 0 comments
Labels: လက်နက်ကိုင်သင်တန်း
AK 47 သင်ခန်းစားအား မကြာမှီ ရက်ပိုင်းအတွင်း တင်ပြသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Posted by Myo Myint Aung at 7:40 AM 0 comments
Labels: လက်နက်ကိုင်သင်တန်း
မလေးရှားရောက် မြန်မာအလုပ်သမား အမျိုးသမီးတစ်ဦးအား တတ်စွမ်းသမျှဝိုင်းဝန်းကူညီကြပါ. သတင်းအပြည့်အစုံအား www.burmatoday.net တွင် ဖတ်ရှု့နိုင်ပါသည်
Posted by Myo Myint Aung at 6:53 AM 0 comments
Labels: သတင်း
Wednesday, November 21, 2007
Monday, November 19, 2007
၂၀.၁၁.၂၀၀၇မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ ကျင်းပပြုလုပ်သော NLD (LA) Malaysia ၏ ဆန္ဒပြပွဲ
မလေးရှားနိုင်ငံကွာလာလမ်ပူမြို့၌ ယနေ့ ၂၀.၁၁.၂၀၀၇ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) မလေးရှားဌာနခွဲမှ ဆန္ဒပြပွဲတစ်ခုပြုလုပ်ကျင်းပခဲ့သည်ကို သိရှိရပါသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) မလေးရှားဌာန သတင်းနှင့် ပြန်ကြားရေးဌာနမှ ကိုခင်မောင်ဝင်းမှ ဆန္ဒပြပွဲနှင့် ပတ်သက်၍ ပြောကြားခဲ့သည်မှာ ၁၉.၁၁.၂၀၀၇ မှ ၂၂.၁၁.၂၀၀၇ ထိ စင်္ကာပူနိုင်ငံ၌ကျင်းပပြုလုပ်လျှက်ရှိသော အာစီယံ အစည်းအဝေးမှ မြန်မာ့ဒီမိုကရေစီအရေးအတွက် ပြတ်ပြတ်သားသား အမြန်ဆုံးဆောင်ရွက်ပေးရန်အတွက် ဆန္ဒပြရခြင်း ဖြစ်သည်ဟုပြောကြာခဲ့ပါသည်။ ၄င်းဆန္ဒပြပွဲသို့ ဒီမိုကရေစီလိုလားသူ မလေးရှားရောက် မြန်မာ ၃၀၀ ကျော်တက်ရောက်ခဲ့ပါသည်
Posted by Myo Myint Aung at 11:28 PM 0 comments
Labels: သတင်း
NLD (LA) Malaysia ၏ သဘေားထားကြေငြာချက် English ဘာသာဖြင့်
Posted by Myo Myint Aung at 10:23 AM 0 comments
Sunday, November 18, 2007
မိမိသိရှိလိုသော လက်နက်များအကြောင်းနှင့် အကြံပေးချက်များအား Cbox တွင် ရေးသားထားခဲ့ပါရန်
ကျွန်တော်အနေဖြင့် ဤဗွီဒီယိုအခန်းဆက်အားတင်ပြခြင်းမှာ စစ်ပညာတတ်မြောက်ပြီပါက ပြည်သူအားသတ်ဖို့အတွက်မဟုတ်ဘဲ၊ ပြည်သူအကျိုးစီးပွားကိုကာကွယ်ရန်အတွက်သာဖြစ်ပါသည်။ ကျွန်တော်၏ ဘလော့တွင် ၀င်ရောက်လေ့လာသူများ၏ ဝေဖန် အကြံပြုချက် များကို ကြိုးဆိုလျှက်ရှိပါသည်။ ထို့နည်းတူ သိရှိလိုသော အကြောင်းအရာများကိုလည်း Cbox တွင် ရေးသားထားခဲ့စေလိုပါသည်။
လက်နက်ကိုင်နည်းပညာအခန်းဆက်များကိုလည်း ဆက်လက်တင်ပြသွားမည်ဖြစ်ပါသည်။
Posted by Myo Myint Aung at 9:28 PM 1 comments
Labels: ကြေငြာချက်
အခြေခံလက်လုပ်ဗုံး ပြုလုပ်နည်း သင်ခန်းစာ
Posted by Myo Myint Aung at 9:03 AM 0 comments
Labels: ဗွီဒီယို
M 16 လက်နက်ဖြုတ်တပ်တပ်ဆင်နည်း
Posted by Myo Myint Aung at 2:38 AM 0 comments
Labels: လက်နက်ကိုင်သင်တန်း
Saturday, November 17, 2007
လက်နက်ကိုင် သင်တန်း အခန်းဆက်ဗွီဒီယို
လက်နက်ကိုင်သင်းတန်း အခန်းဆက် ဗွီဒီယိုအား မကြာမှီ အချိန်အတောအတွင် တင်းပြသွားမည် ဖြစ်ပါသည်။
Posted by Myo Myint Aung at 9:57 AM 0 comments
စစ်တကောင်းတွေ အတာသင်္ကြန်
Posted by Myo Myint Aung at 7:34 AM 0 comments
Labels: သီချင်း NLD (LA) Malaysia
Friday, November 16, 2007
အဆုံးမသက်နိုင်တဲ့ သွေးပန်ချီ
Posted by Myo Myint Aung at 11:14 PM 0 comments
Labels: သီချင်း NLD (LA) Malaysia
အနိုင်းမဲ့ မေတ္တာရှင်
Posted by Myo Myint Aung at 11:11 PM 0 comments
Labels: သီချင်း NLD (LA) Malaysia
မိုးယံထက်က ရွှေရောင်ခွတ်ဒေါင်းများ
Posted by Myo Myint Aung at 11:04 PM 0 comments
Labels: သီချင်း NLD (LA) Malaysia
မလေးရှားသွားမည့် သားလေး
Posted by Myo Myint Aung at 11:03 AM 0 comments
Labels: သီချင်း NLD (LA) Malaysia
မြန်မာနိုင်ငံသို့ စစ်လက်နက်ပစ္စည်းနှင့် နည်းပညာရောင်းချသူ (၁၄) ဦး ပြစ်ဒဏ်ချမှတ်ခံရ NEJ / ၁၆ အောက်တိုဘာ ၂၀၀၇
မြန်မာနိုင်ငံသို့ လက်နက်ပစ္စည်းများနှင့် နည်းပညာများကို တရားမ၀င်ရောင်းချမှုဖြင့် တောင်ကိုရီးယားနိုင်ငံသား (၁၄) ဦးကို ပြစ်မှုထင်ရှားကြောင်း တရားရုံးက ယမန်နေ့၌ စီရင်ချက်ချမှတ်လိုက်သည်။
ဒေးဝူး အင်တာနေရှင်နယ် ဥက္ကဋ္ဌဟောင်း လီတေယွန်အား လက်နက်ပစ္စည်းတင်ပို့မှု၊ နည်းပညာပေါက်ကြားမှုတို့ဖြင့် ဆိုးလ်မြို့ဗဟိုတရားရုံးချုပ်က အမေရိကန်ဒေါ်လာ
(၅၄,၅၅၀) တန်ဖိုးရှိသည့် တောင်ကိုရီးယား ၀မ်ငွေ သန်း (၅၀) ပေးဆောင်ရန် ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း တရားရုံးတာဝန်ရှိတဦးကို ကိုးကားပြီး အေပီသတင်းတွင်
ဖော်ပြသည်။
စီးပွားရေးခေါင်းဆောင် (၁၀) ဦးမှာလည်း အလားတူ ငွေကြေးပမာဏအတိုင်း ဒဏ်ငွေ
ချမှတ်ခံရပြီး ကျန် (၃) ဦးမှာမူ ဆိုင်းငံ့ထောင်ဒဏ် (၂) နှစ်မှ (၃) နှစ်ကြား ပြစ်ဒဏ်ချမှတ်
ခံရကြောင်း အဆိုပါ တရားရုံးတာဝန်ရှိက ပြောသည်။
လက်နက်စက်ရုံ တည်ဆောက်ရေးပစ္စည်းများနှင့် နည်းပညာများကို မြန်မာနိုင်ငံသို့
တရားမ၀င် တင်ပို့ရောင်းချမှုဖြင့် ထိပ်တန်း တောင်ကိုရီးယားကုမ္ပဏီများမှ အရာရှိ
(၁၄) ဦး၏ အဆိုပါအမှုကို ယမန်နှစ် ဒီဇင်ဘာတွင် စတင်စွဲဆိုခဲ့ခြင်းဖြစ်သည်။
တရားစွဲခံရသူများသည် ဒေ၀ူးအင်တာနေရှင်နယ်နှင့် Doosan Infracore ကဲ့သို့သော ကုမ္ပဏီကြီးများအပါအ၀င် ကုမ္ပဏီ (၇) ခုမှ ဖြစ်ပြီး ၎င်းတို့ထဲတွင် ဒေ၀ူးအင်တာနေရှင်နယ်
ဥက္ကဋ္ဌ လီတေယွန်း၊ ယခင် Daewoo Heavy Industries ဥက္ကဋ္ဌ ယန်ဂျေရှင်းနှင့် Doosan
Infracore ၏ ဒု-ဥက္ကဋ္ဌတို့လည်း ပါဝင်သည်။
(၁၀၅) ဟောင်ဝစ်ဇာအမြောက်နှင့် တင့်ကားဖျက်ကျည်အပါအ၀င် ကျည်အမျိုးမျိုးအရေ
အတွက် သောင်းနှင့်ချီ၍ နှစ်စဉ်ထုတ်လုပ်နိုင်သည့် စက်ရုံကို မြန်မာနိုင်ငံတွင် တည်ဆောက်ရန်
ဒေ၀ူးနှင့်အတူ အခြားကိုရီးယားကုမ္ပဏီများသည် မြန်မာစစ်အစိုးရနှင့် ၂၀၀၁ ခု၌ အမေရိကန်
ဒေါ်လာ (၁၃၃.၈) သန်းဖိုး စာချုပ်ချုပ်ဆိုခဲ့ကြောင်း တောင်ကိုရီးယား အမျိုးသားထောက်လှမ်း
ရေးဌာနက ထုတ်ပြန်ခဲ့သည်။
ယင်းကုမ္ပဏီများသည် မြန်မာနိုင်ငံ ပြည်မြို့အနီးရှိ လက်နက်စက်ရုံအတွက် တည်ဆောက်ရေး
ဆိုင်ရာ ပစ္စည်းများနှင့် စစ်လက်နက်ထုတ်လုပ်သည့် ပစ္စည်းအမျိုးအစားပေါင်း (၄၈၀) ကျော်ကို ၂၀၀၂ ခုနှင့် ၂၀၀၆ ခုအတွင်း တင်ပို့ခဲ့သည်။
ယင်းလက်နက်စက်ရုံတည်ဆောက်မှုလုပ်ငန်းသည် (၉၀) ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ပြီး ဒေ၀ူး
ကုမ္ပဏီက လုပ်ငန်းအစီအစဉ်ရေးဆွဲကာ စက်ရုံတည်ဆောက်ရေးဆိုင်ရာ ပစ္စည်းများနှင့် လက်နက်ထုတ်လုပ်ရာတွင် လိုအပ်သည့် အစိတ်အပိုင်းများအတွက် Doosan Infracore က
တာဝန်ယူခဲ့သည်။
တောင်ကိုရီးယားသည် လက်နက်ထုတ်လုပ်ရာတွင် အသုံးပြုနိုင်သည့် စီးပွားဖြစ်ပို့ကုန်များကို ပိတ်ပင်သည့် wassenaar Agreement ကို လက်မှတ်ရေးထိုးထားသည့် နိုင်ငံဖြစ်သည့်အပြင် မြန်မာနိုင်ငံသို့ လက်နက်အစိတ်အပိုင်းနှင့် လက်နက်ထုတ်လုပ်မှုဆိုင်ရာပစ္စည်းများ၊ နည်းပညာ
များ တင်ပို့ရောင်းချခြင်းကို တားမြစ်ထားသည်။
Posted by Myo Myint Aung at 5:16 AM 0 comments
Labels: သတင်း
သွေးမုန်တိုင်း တိုက်ခတ်ဖို့များတဲ့ မြန်မာ့ဒီမိုကရေစီပွဲသိမ်း
မြန်မာ့နိုင်ငံရေးအခြေအနေ ကတော့စစ်အာဏာရှင်စနစ် အမြစ်ပြတ်ဖို့အရေးတိုင်းပြည်ကို နောက်တကြိမ် သွေး နဲ့ ဆေးချဦးမှ ရမယ့်အနေ အထားပါပဲ။ (၈၈) ခုနှစ်တုန်းကတော့ တပြည်လုံးအတိုင်းအတာနဲ့ ပထမအ ကြိမ် ဆေးချခဲ့ပြီးပါပြီ။ ဒါပေမယ့် ဒီကနေ့ အထိ ဒီမိုကရေစီသစ်ပင်ပေါက် မလာခဲ့ဘူး။ ကျနော်တို့ အတိုက်အခံ အင်အားစုတွေဘက်က ခေါင်းဆောင်မှုအပိုင်းမှာ ချွတ်ယွင်းအားနည်း တာတွေရှိခဲ့လို့ ရတဲ့အခွင့်အရေးတွေ လက်လွတ် ဆုံးရှုံးကုန်ပြီး စစ်အာဏာရှင်စနစ် အောက်မှာ ဆက်ပြီး ပြားပြားမှောက်ခဲ့ရတယ်။
ပြည်သူတွေရဲ့ဘ၀တွေ ဆက်လက်ကျိုးကြေခဲ့ရတယ်။ အဆိုးဝါးဆုံး၊ အနိမ့်ကျဆုံး အခြေအနေကို ရောက်ခဲ့ ရတယ်။ အချိန်ကြာလာတာနဲ့ အမျှ ဖြေရှင်းရမယ့် ပြဿနာတွေ ပိုမိုများပြားလာခဲ့တယ်။ အဲသလို “ကျနော်တို့ အတိုက်အခံတွေဘက်က ခေါင်းဆောင်မှုအပိုင်းမှာ ချွတ်ယွင်း အားနည်းတာ တွေရှိခဲ့လို့” ဆိုတဲ့ သုံးသပ်ချက် အပေါ် ၀ိဝါဒကွဲချင် လည်းကွဲမယ်၊ စိတ်ဆိုး ဒေါသထွက်သူတွေလည်း ရှိချင်ရှိမယ်။ ကွဲကွဲ၊ ထွက်ထွက် မှန်မှန် ကန်ကန် ရှုမြင်သုံးသပ်ရင်တော့ ဒီအဖြေပဲ ထွက်လာမယ်လို့ ထင်ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ ပြည်သူလူထုအနေနဲ့က မဆလတပါတီအာဏာရှင်စနစ်ကို ဖြိုချခဲ့တဲ့အရေးမှာ သွေးမြေ လည်း ကျပေးခဲ့ပြီးပါပြီ။ ဒီမိုကရေစီစနစ် ထူထောင်နိုင်ဖို့ အတွက်လည်း အမျိုးသား ဒီမို ကရေစီအဖွဲ့ချုပ်အပါအ၀င် အတိုက်အခံ အင်အားစုတွေဘက်ကို အပြတ်အသတ် ပုံအောမဲပေးခဲ့ ကြပြီးပါပြီ။ ကျန်တဲ့ပွဲသိမ်းပိုင်းက န၀တ၊ နအဖစစ်ဏာရှင်တွေနဲ့ လူထုပါဝါတွေ တင်းပြည့်ကျပ်ပြည့် ရရှိထားတဲ့ အတိုက်အခံခေါင်းဆောင်တွေ စီးချင်း ထိုးရမယ့်အပိုင်း။ နိုင်ငံရေးဦးနှောက် ကစားရမယ့် အပိုင်းဖြစ်လို့ပါပဲ။
န၀တ၊ နအဖစစ်အုပ်စုဝင်တွေကတော့ အာဏာကို လုံးဝ လက်မလွှတ်ချင်လို့ တလျှောက်လုံး မျက်နှာ ပြောင်ပြောင် နဲ့ ကမ်းကုန်အောင် ညစ်ပတ်ခဲ့တာကမ္ဘာသိပါ။ အဲဒါကြောင့် နအဖရဲ့ ညစ်ပတ်မှုတွေကို အထူးအထွေ ဋီကာ ချဲ့ရင်း အချိန်ကုန်ခံနေတာထက်စာရင် ကျနော်တို့ အတိုက်အခံတွေဘက်က အားနည်းချက် ရှိခဲ့တဲ့ အပိုင်းကို ပြန်လှန်သုံးသပ်ပြီး ဆက်လက်တိုက်ပွဲဝင်ခြင်းက ပိုပြီးအကျိုးများ မယ်လို့ ယူဆပါတယ်။
ဘောလုံးစကားနဲ့ပြောရရင် နအဖက ပွဲအစကတည်းက ဂိုးမပေးချင်လို့ တဘက်က အန်အယ်လ်ဒီ ဦးဆောင်တဲ့ အတိုက်အခံအသင်းကို လူချ၊ နည်းမျိုးစုံညစ်ပြီး ပိတ်ဆို့ကစားနေခဲ့တာပါ။ အဲဒါကို “ကျနော်တို့ကို လူချနေ ပါတယ်။ အမျိုးမျိုး ညစ်ပတ်နေပါတယ်။ ဂိုးရှေ့မှာ တချိန်လုံး ပိတ်ကစား နေပါတယ်” လို့ အော်ဟစ် တိုင်းတန်း နေရုံနဲ့ မရပါဘူး။ ဘယ်လောက်ပဲ အော်အော် ဂိုးသွင်းနိုင်မှ အောင်ပွဲရတယ်လို့ သတ်မှတ်ခံရမှာပါ၊
နောက်ပြီး (၈၈) အရေးအခင်းပြီးကာစ။ ၉၀ ရွေးကောက်ပွဲ နိုင်ကာစမှာ အတိုက်အခံအသင်းဘက်က တိုက်စစ် နဲ့ ကစားခွင့်ရခဲ့တာပါ။ အဲသလို တိုက်စစ်နဲ့ ဖိကစားခွင့် ရတုန်း ပိတ်ဆို့ပြီး လူချကစားနေတဲ့ နအဖအသင်း ဘက်ကို ဂိုးမြန်မြန်သွင်းနိုင်အောင် ခပ်သွက်သွက် ထိုးဖောက်လိုက်ရမှာပါ။ ကွင်းဘေးက ပရိသတ်အားလုံး ကလည်း အတိုက်အခံအသင်းဘက်ကို အင်တိုက်အား တိုက်အားပေးတဲ့ အနေ အထားမျိုး ရှိခဲ့တာ မဟုတ် လား။
အဲသလို အသာစီးရတဲ့ အနေအထားမှာ အတိုက်အခံအသင်းအနေနဲ့ ဂိုးမြန်မြန်သွင်းဖို့ မကြိုးစားဘဲ နအဖ အသင်းကို လူချမကစားဖို့၊ မညစ်ပတ်ဖို့ ဂိုးရှေ့မှာ ပိတ်မကစားဖို့ပဲ တချိန်လုံးတောင်းဆိုရင်း ခြေကုန် လက်ပန်းကျပြီး ဂိုးမသွင်းနိုင်ဘဲ အောင်ပွဲနဲ့ဝေးရတဲ့ အနေအထားမျိုးကို ရောက်ခဲ့ရတယ်။ ကြာတော့ တခဲနက် အော်ဟစ်အားပေးလာတဲ့ ပရိသတ်ပါ စိတ်ပျက်လက်မှိုင်ချရတဲ့ အခြေအနေကို ဆိုက်တော့တာပါပဲ။
ဒါပေမယ့် ပြီးခဲ့တဲ့ ရှစ်လေးလုံးနှစ်ပတ်လည်တုန်းကတော့ ခေါင်းဆောင်မှုအပိုင်း အားနည်းတာတွေ ကို အတိအလင်း ၀န်ခံပြောကြားဖော်ရတဲ့ အတိုက်အခံ ခေါင်းဆောင်တဦးကို တွေ့ခဲ့ရပါတယ်။ သူကတော့ ချင်း တိုင်းရင်းသား ခေါင်းဆောင် ဦးထောင်ကိုထန်းပဲ ဖြစ်ပါတယ်။ ဒီဗွီဘီကထုတ်လွှင့်တဲ့ သြဂုတ်လ (၇)ရက်နေ့ အစီအစဉ်မှာ သူက အခုလို ပြောကြားခဲ့ပါတယ်။
“ကနေ့ (၁၉) နှစ်ကြာတဲ့အခါမှာ ဘယ်လိုအခြေအနေ ရောက်သွားသလဲလို့ မေးခွန်းထုတ်မယ် ဆိုရင်တော့ ကျ နော့် အမြင်ပြောရရင်တော့ ကျောင်းသားတွေက တာဝန်ကျေတယ်။ ဒီမိုကရေစီ လမ်းကြောင်းပေါ် တင်ပေး တယ်။ ပြည်သူလူထု အခုလည်း တာဝန်ကျေတယ်။ ရွေးကောက်ပွဲမှာ ဒီမိုကရေစီအင်အားစုကို မဲပေးပြီးတော့ အပြတ်အသတ် အနိုင်ရရှိအောင် လုပ်ပေးတယ်။
အဲဒီမှာ ကျနော်တို့အားနည်းတာက ကျနော်ကအစပေါ့လေ။ အားနည်းတာက လွှတ်တော်ကိုယ်စား လှယ်တော် တွေရယ်။ (၉၀)ခုနှစ် ရွေးကောက်ပွဲမှာ အနိုင်ရရှိတဲ့ ပါတီတွေရဲ့ အားနည်းချက်။ ညံ့ဖျင်း ချက်ကြောင့် ဖြစ် တယ်။ အဲလို ကျနော် ဒီလိုပဲ တည့်တည့်ပြောချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ (၉၀) ရွေးကောက်ပွဲကို စစ်အစိုး ရက မူပြောင်းလဲပြီးတော့ လမ်းတခုကို နိုင်ငံရေးလမ်းစဉ်တခုကို သူက ပြောင်းလဲသွားတယ်။ အဲဒီအခါကျတော့ နအဖနဲ့ ဘယ်လိုပုံစံနဲ့ ဆက်ဆံမလဲဆိုတာ နည်းလမ်းတခုကို ရှာဖွေပြီးတော့ လုပ်ရမယ်။ ဒါ ကျနော်တို့ အနိုင်ရ နိုင်ငံရေးပါတီ အုပ်စုတွေနဲ့ ဒီမိုကရေစီအင်အားစု တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ဒါတွေကို ကျနော်တို့ မဆောင်ရွက်နိုင်ခဲ့ဘူး။
အဲဒီတော့ (၁၉) နှစ်အထိ ကြာပေမယ့် အခုထက်အထိ ဘာမှ မြန်မာပြည်မှာ ဒီမိုကရေစီလမ်းကြောင်း ပေါ်မှာ အကောင် အထည်ပေါ်တာ မတွေ့သေးဘူး။ အထူးသဖြင့် ပြည်သူလူထုဆိုတဲ့နေရာမှာ ပြည်သူက မန်းဒိတ် ပေးထားတာ နိုင်ငံရေးပါတီတွေ အထူးသဖြင့် လွှတ်တော်ကိုယ်စားလှယ်တော်တွေမှာ မန်းဒိတ် ပါဝါပေး ထားတယ်။ ပြည်သူပေးတဲ့ တာဝန်ကိုတော့ ကျေပွန်အောင် ထမ်းဆောင်ဖို့ လိုတယ် လေ။”
ဦးထောင်ကိုထန်းပြောခဲ့တဲ့အတိုင်း ကျနော်တို့ အတိုက်အခံအင်အားစုတွေဘက်က ခေါင်းဆောင်မှု အပိုင်းကို ပြန်လည် သုံးသပ်ကြည့်မယ်ဆိုရင် ...
စစ်အုပ်စုအနေနဲ့ အာဏာသိမ်းပြီး မကြာမီမှာပဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထဲက တတ်သိ ပညာရှင်အုပ်စုဝင် တွေ ကို အစီအစဉ်တကျ စတင်ဖြိုခွင်းခဲ့တယ်။ အဲဒီနောက် ၁၉၈၉ ခုနှစ် ဇူလိုင်လမှာ ဒေါ်အောင် ဆန်းစုကြည်ကို အကျယ်ချုပ်နဲ့ ထိန်းသိမ်းပြီးတဲ့အချိန်မှာတော့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟို အလုပ် အမှုဆောင်ကော်မတီမှာ မျိုးချစ်ရဲဘော်ဟောင်းအုပ်စုဝင်တွေပဲ အများစုကျန်ခဲ့တာကို တွေ့ရမှာဖြစ်ပါတယ်။ အဲဒါကြောင့်မို့ ဒီကနေ့အချိန်အထိ လျှောက်လှမ်းခဲ့တဲ့ ကာလအများစုမှာ ဗဟိုကော်မတီကို မျိုးချစ် ရဲဘော် ဟောင်း တွေကပဲ အဓိကဦးဆောင်ခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။
(ဘာဖြစ်လို့လဲဆိုတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အဓိကခေါင်းဆောင်တွေဖြစ်တဲ့ ဒေါ်အောင် ဆန်း စုကြည်၊ ဦးတင်ဦးနဲ့ ဦးဝင်းတင်တို့က အဖမ်းဆီးအထိန်းသိမ်းခံဘ၀နဲ့ နေရတဲ့အချိန်က အများစု ဖြစ်နေလို့ပါ)။
အဲဒီတော့ ဒီကနေ့ဖြစ်တည်နေတဲ့ တော်လှန်ရေးရဲ့ အနေအထားဟာ ဦးဆောင်ပါတီဖြစ်တဲ့ အန် အယ်လ်ဒီကို တလျှောက်လုံးနီးပါး အုပ်စီးခွင့်ရခဲ့တဲ့ မျိုးချစ်ရဲဘော်ဟောင်းတွေရဲ့ ခေါင်းဆောင်မှု အပိုင်းနဲ့ အများကြီး သက်ဆိုင်နေတယ်လို့ ယူဆပါတယ်။ အဲဒါကြောင့်လည်း မျိုးချစ်ရဲဘော်ဟောင်း တွေရဲ့ နိုင်ငံရေးလုပ် ဆောင်ချက်တွေကို မှတ်မိသလောက် ပြန်လည်ငဲ့စောင်းကြည့်မိပါတယ်။
ဒါပေမယ့် ကျနော်က အန်အယ်လ်ဒီပါတီဝင်မဟုတ်ဘဲ ပြင်ပက လေ့လာသုံးသပ်သူတဦး အနေနဲ့သာ ဖြစ်စဉ် တွေကို ပြန်လည်ဆက်စပ်ကြည့်ခြင်းဖြစ်တဲ့အတွက် ပါတီတွင်းကိစ္စအသေးစိတ်တွေကိုတော့ ဗဟို ကော်မတီ တွေနဲ့ နီးနီးကပ်ကပ်ရှိတဲ့ အန်အယ်ဒီပါတီဝင်တွေက ပိုသိနိုင်မှာဖြစ်ပါတယ်။
နိုင်ငံရေးဖြစ်စဉ်တွေကို ပြန်လည် ငဲ့စောင်းကြည့်တဲ့အခါမှာ ၁၉၈၉ ခုနှစ် ဇူလိုင် (၁၉) ရက်နေ့မှာ ကျရောက် မယ့်အာ ဇာနည်နေ့ချီတက်ပွဲကိစ္စအကြောင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ မျိုးချစ်ရဲဘော်ဟောင်းတွေ ဆွေးနွေး ပြောဆိုကြတဲ့ အသံဖမ်းတိတ်ခွေ နားထောင်ခဲ့ရတာကို ပြန်အမှတ်ရမိပါတယ်။
ကျနော်က ၁၉၉၀ ပြည့်ရွေးကောက်ပွဲမတိုင်ခင် အပြင်ကို ပေါက်ထွက်လာတဲ့ အဲဒီအသံဖမ်း တိတ်ခွေကို နားထောင်ခဲ့ရတာပါ။ အဲဒီအထဲမှာ အာဇာနည်နေ့ ချီတက်မယ့်ကိစ္စကို ဆွေးနွေးရင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ မျိုးချစ်ရဲဘော်ဟောင်းတွေ သဘောထား အကြီးအကျယ်ကွဲနေကြတာကို ကြားရပါတယ်။ ဒေါ်အောင် ဆန်းစုကြည်က ချီတက်မယ့်ဘက်က အပြင်းအထန်ဆွေးနွေးပြီး မျိုးချစ် ရဲဘော်ဟောင်းတွေကတော့ ချီတက်မှာ ကို ကန့်ကွက်တဲ့ဘက်ကနေ ပြောဆိုဆွေးနွေးနေကြတာ ဖြစ်ပါတယ်။
အဲဒီတိတ်ခွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်က မျိုးချစ်ရဲဘော်ဟောင်းတွေကို သူရဲဘောကြောင်သူ တွေအဖြစ် ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုတာကိုကြားရပြီး မျိုးချစ်ရဲဘော်ဟောင်းတွေကတော့ ဒေါ်အောင် ဆန်းစုကြည်ရဲ့ ချီတက်မယ့်လုပ်ရပ်ကို မိုက်ရူးရဲဆန်တဲ့သဘောမျိုးရှုမြင်ပြောဆိုပြီး ဟားတိုက်ရယ်မော နေကြတာကို ကြားခဲ့ရ ပါတယ်။
အဲဒီအာဇာနည်နေ့ကိစ္စမှာ မတရားတဲ့ အမိန့်အာဏာဟူသမျှ တာဝန်အရဖီဆန်ကြဆိုတဲ့အတိုင်း မျိုးချစ် ရဲဘော်ဟောင်းတွေအနေနဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နောက်မှာ တညီတညွတ်တည်း ရှိနေခဲ့ ရင် ပြည်သူလူထုကလည်း တခဲနက်လိုက်ပါချီတက်ကြမှာဖြစ်တဲ့အတွက် တိုက်ပွဲအရှိန်အဟုန်က တမျိုးတမည် ဖြစ်သွားနိုင်ပါတယ်။
ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကတဘက် မျိုးချစ်ရဲဘော်ဟောင်းတွေကတဘက် ဖြစ်နေတာကို စစ်အုပ်စုက အခွင့်ကောင်းယူပြီး ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်နဲ့ ဖမ်းဆီးထိန်းသိမ်း လိုက်တဲ့အတွက် တိုက်ပွဲ အရှိန်လျော့ကျသွားခဲ့ရပါတယ်။
ရွေးကောက်ပွဲအပြီး ဇူလိုင်လမှာ ရွေးကောက်တင်မြှောက်ခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ဂန္ဒီခန်းမမှာ စုဝေးခွင့်ရခဲ့ပါတယ်။ အဲဒီအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆရာဦးဝင်းတင်တို့ အဖမ်းခံနေရချိန်ဖြစ်တဲ့ အ
အဲဒီအချိန်မှာ ခန်းမအပြင်မှာ စောင့်မျှော်နေကြတဲ့ ပြည်သူလူထုကြီးက အစိုးရအဖွဲ့ကြေညာရင် ထောက်ခံဖို့ စောင့်စားနေကြတာပါ။ စစ်အုပ်စုကလည်း အစိုးရအဖွဲ့ကြေညာမှာကို စိုးရိမ်လို့ (ကြေညာလို့ရ တယ်ဆိုတာကိုလည်း သိနေလို့) လန့်ဖြန့်ပြီး ၁/၉၀ ကို အရေးပေါ် ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့် မျိုးချစ်ရဲ ဘော် ဟောင်းတွေ ဦးဆောင်တဲ့ ဂန္ဒီခန်းမအစည်းအဝေး က ပြည်သူ့လွှတ်တော် ခေါ်ယူရေးကိုသာတောင်း ဆိုပြီး အစည်း အဝေးကိုရုပ်သိမ်းခဲ့လို့ ပြည်သူလူထုအနေနဲ့ ခဲလေသမျှ သဲရေကျဖြစ်ခဲ့ရပါတယ်။ အဲဒီအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်လို တိုက်ပွဲခေါ်ရဲတဲ့ခေါင်းဆောင်မျိုး အပြင်မှာမရှိတာ အတိုက်အခံအင်အားစုတွေ အတွက် အကြီးအကျယ်နစ်နာခဲ့ရပါတယ်။
၂၆-၃-၁၉၉၁ မှာတော့ မျိုးချစ်ရဲဘော်ဟောင်းတွေဟာ နအဖရဲ့ဖိအားပေးမှုတွေ (ဒေါ်အောင်ဆန်း စုကြည်ဟာ ဥပဒေမဲ့လုပ်ရပ်တွေ ကျူးလွန်တယ်။ နေအိမ်ခြံဝင်းအတွင်းမှာ အကြမ်းဖက် သောင်းကျန်းသူတွေ နေထိုင်ခွင့်ပေး ထားတယ်ဆိုတဲ့ စွပ်စွဲချက်တွေ) ကိုငုံ့ခံပြီး နအဖအလိုကျ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကို ပါတီကနေ ထုတ်ပစ်ကာ ဗဟိုကော်မတီကို ပြန်လည်ဖွဲ့စည်းခဲ့ပါတယ်။ ဘားမားတူဒေးဝက်ဘ်ဆိုက်မှာ ဖော်ပြတဲ့ “ကေမှဖေဖေသို့” ဆောင်းပါးထဲမှာ ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံကို အန်အယ်လ်ဒီရုံးမှာ မကပ်ရဘူးလို့ ဗဟိုက အမိန့်ထုတ်ခဲ့တယ် ဆိုတာကိုဖတ်ရတော့ မျိုးချစ်ရဲဘော်ဟောင်းတွေရဲ့ လူထု ခေါင်းဆောင် အပေါ်ထားတဲ့ သဘောထားကို အံ့သြမင်သက် မိခဲ့ရတယ်။
ပုသိမ်ထောင်ကထွက်လာတဲ့ ပါတီဝင်အမျိုးသမီးတဦးရဲ့ ပြောဆိုချက်အရလည်း မျိုးချစ်ရဲဘော်ဟောင်းတွေ ဦးဆောင်တဲ့ ဗဟိုကော်မတီဟာ နိုင်ငံရေးမှုနဲ့ ထောင်ကျပြီးထွက်လာတဲ့ ပါတီဝင်တွေကို ပါတီဝင်အဖြစ်ကနေ ထုတ်ပစ်တယ်လို့ သိရတဲ့အခါ မျိုးချစ်ရဲဘော်ဟောင်းတွေရဲ့ နိုင်ငံရေး ရပ်တည်ချက်ကို ပိုလို့နားမလည်နိုင် အောင် ဖြစ်ခဲ့ရတယ်။
ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်နဲ့ အထိန်းအသိမ်းခံနေရစဉ် ၁၉၉၃ခုနှစ် ဇန်န၀ါရီလမှာလည်း စစ်အုပ် စုကလုပ်တဲ့ အတုအယောင် အမျိုးသားညီလာခံကို မျိုးချစ်ရဲဘော်ဟောင်း ဦးအောင်ရွှေ ခေါင်းဆောင်တဲ့ ကိုယ် စားလှယ် (၈၆) ဦး သွားတက်ခဲ့တာကို တွေ့ရပါတယ်။ အဲဒီလုပ်ရပ်ဟာ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အ တိုက် အခံအင်အားစုတွေရဲ့ သဘောထားနဲ့ ဆန့်ကျင်နေပြီး စစ်အုပ်စုက စစ်ကျွန်သက်ရှည်အောင်ဖန်တီးမယ့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပေါ်ပေါက်ရေးကို အားပေးအားမြှောက်ပြုသလို ဖြစ်ခဲ့ပါတယ်။
နအဖအာဘော်တွေရေးနေတဲ့ စိုးမြကျော်ရဲ့ဆောင်းပါးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ် အမှု ဆောင်အဖွဲ့ဟာ ဒေါ်အောင်ဆန်းစုကြည်ကို ပါတီကထုတ်ထားတဲ့အချိန်မှာ မှန်ကန်တဲ့ ဆုံးဖြတ် ချက်တွေ ချ မှတ်လုပ်ဆောင်ခဲ့တယ်လို့ ရေးသားထားပုံကိုကြည့်ရင် နအဖနဲ့ပေါင်းပြီး လက်ဝါးရိုက်တယ်လို့ စွပ်စွဲတာတွေဟာ မလွန်ဘူးလို့ ထင်ပါတယ်။ ထင်တဲ့အတိုင်းသာ ဟုတ်နေခဲ့ရင်တော့ အခုအထိ လျှောက်လှမ်း ခဲ့ရတဲ့ တော်လှန်ရေးခရီးကြမ်းကြီးအပေါ် “သေပြီဆရာ” လို့ပဲ မှတ်ချက်ချဖို့ ရှိတော့မယ်ထင်ပါရဲ့။
အခုအချိန်မှာတော့ နအဖက သူတို့စိတ်ကြိုက်ရေးဆွဲထားတဲ့ အတုအယောင်ဖွဲ့စည်းပုံကိုပဲ ဇွတ် အတည်ပြုဖို့ ခေါင်းမာမာနဲ့ ဆက်ကြိုးစားနေတယ်။ နအဖအနေနဲ့ကလည်း အာဏာကို လက်မလွှတ် ရဲလို့သာ စိတ်ကူး ယဉ်ကြိုးပမ်းနေတာပါ။ အဲသလို အာဏာလက်မလွတ်ရအောင် (မြန်မာ့နိုင်ငံရေးမှာ စစ်တပ်ရဲ့ အခန်းကဏ္ဍကို ဦးဆောင်မှုနေရာက ရအောင်) ဇွတ်လုပ်ယူလို့ ရသွားခဲ့ရင်လည်း တိုင်း ပြည်ကို တည်ငြိမ်အောင် အုပ်ချုပ်လို့ရ မှာ မဟုတ်ဘူးဆိုတာ သူတို့ကိုယ်တိုင်လည်း သိမှာပါ။
အခုအတိုင်းပဲ အတိုက်အခံအင်အားစုတွေ၊ လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေက ဆန့်ကျင်မြဲဆန့် ကျင်၊ တော်လှန်မြဲတော်လှန်နေကြဦးမယ်ဆိုတာကို သူတို့သိမှာပါ။ တရားမျှတမှုမရှိတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ အောက်မှာ ဘယ်အတိုက်အခံအင်းအားစုက လာပြီးပူးပေါင်းမှာလဲ။ ဘယ်တော်လှန်ရေးသမားက လာပြီးလက်နက်ချ အညံ့ခံမှာလဲ။ ရှင်းနေတဲ့ဥစ္စာ၊ အဲဒီတော့ အတုအယောင်ဖွဲ့စည်းပုံအတိုင်းသာ ဇွတ်လျှောက်မယ်ဆိုရင် ပြဿနာတွေက ဖြစ်မြဲအတိုင်း ဆက်ဖြစ်နေဦးမှာပဲ။ တိုင်းသူပြည်သားတွေလည်း ဆက်ပြီး ဒုက္ခသုက္ခ ရောက်မြဲ ရောက်နေကြ ဦးမှာ မုချပဲ။
ဘာဖြစ်လို့လဲဆိုတော့ ဒီကနေ့ဖြစ်နေတဲ့ ပြဿနာအရပ်ရပ်ဟာ စစ်တပ်က သူ့နေရာသူမနေဘဲ နိုင်ငံ ရေးဦး ဆောင်မှုအခန်းကဏ္ဍမှာ ၀င်ရှုပ်နေလို့ပါ။ နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍမှာ စစ်တပ်က တမတ်သားမပြောနဲ့ တပြားသားပဲဝင်ပါလည်း ပြဿနာက တက်နေဦးမှာပါပဲ။ စစ်တပ်ဆိုတာ နိုင်ငံ ရေးရဲ့လက်အောက်ခံအနေနဲ့ပဲ ရှိရမှာပါ။ နိုင်ငံရေးဆိုတာ အများစုသော စစ်ခေါင်းဆောင်တွေ ကျွမ်း ကျင်တဲ့အလုပ်မဟုတ်ပါဘူး။ တိမ်တောင် သဖွယ် မင်းရေး ကျယ်တဲ့အလုပ်မို့ တသွေးတသံတမိန့် စနစ်ကို ယဉ်ပါးနေတဲ့ စစ်ဗိုလ်တွေအများစုအနေနဲ့ နိုင်ငံရေးပြဿနာတွေကို မကိုင်တွယ်တတ်။ မဖြေရှင်းတတ်တာ သဘာဝကျပါတယ်။ အင်မတန်ရှုပ်ထွေးသလို အင်မတန်လည်း သိမ်မွေ့တဲ့ အလုပ်မို့ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးသမားစစ်စစ်တွေပဲ ကိုင်တွယ် ဖြေရှင်းနိုင်မှာပါ။
ဒီလိုပြောလို့ စစ်ခေါင်းဆောင်တွေဆိုတာ နိုင်ငံရေးကို နားလည်တဲ့သူတွေ မဟုတ်ဘူးလို့ ဆိုလိုတာ မဟုတ် ပါဘူး။ နားလည်တဲ့သူတွေလည်း ရှိနိုင်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းကိုပဲ ကြည့်ပါ။ နိုင်ငံရေး ကိုနားလည်လို့၊ ၀ါ သ နာပါလို့ စစ်တပ်နဲ့ နိုင်ငံရေး မရောထွေးသင့်ဘူးလို့ ရှင်းရှင်းလင်းလင်း သိမြင်လို့ ဂျပန် တော် လှန်ရေးအပြီးမှာ စစ်တပ်ကထွက်ပြီး နိုင်ငံရေးလောကထဲ ကို ခြေစုံပစ်ဝင်လိုက်တာပေါ့။
ဒီကနေ့ တိုင်းပြည်ကို သိပ်ပြီးအုပ်ချုပ်ချင်နေတဲ့ နအဖစစ်ခေါင်းဆောင်တွေလည်း သတ္တိရှိရင် ဗိုလ်ချုပ် အောင်ဆန်းလို စစ်တပ်ကထွက်ပြီး ၀င်အရွေးခံပေါ့၊ နိုင်ငံသားတယောက်အနေနဲ့ ၀ါသနာပါရင် နိုင်ငံရေး နယ်ထဲကို ၀င်နိုင်တဲ့ အခွင့်အရေးရှိနေတာပဲဟာ၊ အဲလိုတော့ သတ္တိမရှိဘဲ သေနတ် အားကိုးနဲ့ အချောင် အာဏာလိုချင်မှတော့ အခုလို ပြည်တွင်းပြည်ပရဲ့ ဆန့်ကျင်မှုကိုခံရတာ နည်းတောင်နည်းသေးလို့ပဲ ပြောရ မယ် ထင်တယ်။
အဲဒီတော့ ဒီကနေ့ နိုင်ငံရေးလောကမှာ ၀င်ရှုပ်နေတဲ့ စစ်တပ်အနေနဲ့ စစ်တန်းလျားကိုပြန်ပြီး ကိုယ့်ရဲ့ အဓိက တာဝန်ဖြစ်တဲ့ နိုင်ငံတော်ကာကွယ်ရေးတာဝန်ကိုသာ ကျေပြွန်အောင်ထမ်းဆောင်မယ်ဆိုရင် ဖြစ်နေ တဲ့ပြဿနာတွေဟာ တော်တော်များများ လျော့ပါးပြေလည်သွားမှာပါ။ ဒါပေမယ့် ဒါကိုပဲ မိုက်မိုက်မဲမဲ ဆက်ကြိုး စားနေပုံထောက်ရင် နအဖထိပ်ပိုင်း စစ်ခေါင်းဆောင်တွေအဖို့ စစ်အာဏာရှင် စနစ် ဆက်လက်ခိုင်မြဲအောင် မျက်လှည့်ပြရုံမှတပါး အခြားလမ်းကို ရွေးချယ်စရာ မရှိလို့ဆိုတာ ထင်ရှားနေပါတယ် (သူတို့ရဲ့ သေရေး ရှင်ရေးက ပိုပြီးအရေးကြီးတယ်လို့ ခံယူထားတာကြောင့် ဖြစ်မှာပါ)။
အဲဒီလိုအခြေအနေမှာ ကိုယ့်ဘက်က ဘာဆက်လုပ်မလဲ ဆိုတာကိုပဲ ကျနော်တို့ အတိုက်အခံတွေ ဘက်က ပြတ်ပြတ် သားသား စဉ်းစားဖို့ရှိတော့တယ်။ စဉ်းစားဖို့ဆိုရာမှာ (၁) တွေ့ဆုံဆွေးနွေးရေး နည်းလမ်း (၂) ပြည် သူတွေက မန်းဒိတ်အပြည့်ပေးထားတဲ့ အန်အယ်လ်ဒီဗဟိုအလုပ်အမှုဆောင် ကော်မတီက ဦးဆောင် တိုက်ပွဲ ခေါ်ပြီး ပြည်သူလူထုပါလာအောင် ဆွဲခေါ်နိုင်မယ့်နည်းလမ်း (၃) အန်အယ်လ်ဒီဗဟိုကော်မတီက ဦး ဆောင် တိုက်ပွဲခေါ်မှုမရှိတဲ့အတွက် (၈၈) မျိုးဆက်ကျောင်းသား တွေအပါအ၀င် နိုင်ငံရေးတက်ကြွလှုပ်ရှား သူတွေက ဦးဆောင်တိုက်ပွဲဝင်ပြီး ပြည်သူလူထုပါလာအောင် စည်းရုံးခေါ်ဆောင်နိုင်မယ့် နည်းလမ်း (၄) မထင်မှတ်တဲ့ အနေအထားကနေ လူထုပေါက်ကွဲ အုံကြွမှု ဖြစ်ပေါ်လာနိုင်တဲ့ နည်းလမ်းဆိုပြီး နည်းလမ်း လေးသွယ် တွေ့ရ မှာဖြစ်ပါတယ်။
အဲဒီနည်းလမ်းလေးသွယ်မှာ အမှတ်စဉ် (၁) ဖြစ်တဲ့ တွေ့ဆုံဆွေးနွေးရေးနည်းလမ်းကို ဖြစ်နိုင်မဖြစ်နိုင် အရင် သုံးသပ်ကြည့်ရမှာ ဖြစ်ပါတယ်။ တကယ်လို့ မဖြစ်နိုင်တဲ့ဟာကို ထိုင်စောင့်နေမယ်ဆိုရင် အချိန်ကုန်တာပဲ အ ဖတ်တင်ပြီး လူထုကို ဒုက္ခဆင်းရဲတွင်းထဲပိုရောက်အောင် တွန်းပို့သလို ဖြစ်ပါလိမ့်မယ်။ များသော အား ဖြင့်တော့ အာဏာရှင်ဆိုသူတွေဟာ မနက်ဖြန်မှသာ ခွေးပြေးဝက်ပြေး ပြေးချင်ပြေးရပါစေ။ ဒီကနေ့အထိတော့ သူတို့ကိုယ်သူတို့ အိုကေတယ်လို့ထင်တဲ့ လူစားတွေချည်းပါပဲ။ လူဆိုတာ သေရမှာကို ကြောက်တဲ့အမျိုးမို့ လက် ထဲ မှာ သေနတ်ရှိနေတဲ့ အာဏာရှင်တွေအနေနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုလွန်ကဲကြတာ အဆန်းမဟုတ်ပါဘူး။
ဒါပေမယ့် သေမထူး နေမထူးဘ၀ ရောက်လာရင်တော့ လူတွေဟာ သေရမှာကို မကြောက်ကြဘူး ဆိုတာကို အာဏာရှင်တွေအများစု စဉ်းစားမိပုံ မပေါ်ဘူး (အောက်ကနေ အချက်အလက်အမှားတွေနဲ့ မြှောက် ပင့်စားသောက်နေတဲ့လူတွေကလည်း သူတို့အနားမှာ များမှများပဲကိုး) တွေးမိတဲ့ အာဏာ ရှင်လည်း ရှိကောင်း ရှိမှာပါ၊ အဲသလို တွေးမိတဲ့အာဏာရှင်မှလည်း တရားမျှတဲ့ ရွေးကောက်ပွဲ ဒါမှ မဟုတ် တွေ့ဆုံ ဆွေးနွေးရေးနည်းလမ်းနဲ့ နောက်ဆုတ်ပေးတတ်ကြတာပါ။ ဒါမျိုးနည်းလမ်းကို ရွေးချယ်တဲ့ အာဏာရှင်ကလည်း အလွန်အင်မတန်မှ ရှားပါတယ်။ အများစုက ခွေးကျကျရင်ကျ။ မကျရင် ခွေးပြေးဝက်ပြေးပြေး။ မပြေးရင် အသေ ထွက်သူထွက်ဆိုတဲ့ အာဏာရှင်တွေချည်းပဲ။
နအဖအနေနဲ့ သူတို့ကျင်းပပေးခဲ့တဲ့ (၉၀) ရွေးကောက်ပွဲရလဒ်ကိုလည်း အကောင်အထည် ဖော်မပေးချင်။ တွေ့ ဆုံဆွေးနွေးရေးနည်းလမ်းကိုလည်း မျက်ကွယ်ပြုပြီး ဘယ်သူမှမထောက်ခံတဲ့ အမျိုးသားညီလာခံကိုပဲ ပြီး အောင် ဇွတ်လုပ်နေပုံထောက်ရင် သူတို့ရဲ့ဇာတ်သိမ်းဟာ အာဏာရှင် အများစုသွားရာ လမ်းပဲဖြစ် လိမ့်မယ်ဆိုတာ မြေကြီးလက်ခတ်မလွဲပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ နအဖအနေနဲ့ လူထုအုံကြွမှု ဖြစ်လာနိုင်တဲ့ အကျိတ်အခဲကို ပြေပျောက်အောင် လုပ်ဆောင်ဖို့မှ မကြိုးစားပဲကိုး (ကြိုးစားဖို့ မတတ်နိုင်တော့တာလည်း ဖြစ်မှာပါ)။
အဲဒီတော့ ဒီကနေ့ မြန်မာ့နိုင်ငံရေးအခင်းအကျင်းကို အကဲခတ်ရာမှာ နအဖအနေနဲ့ လူထုအုံကြွမှုနဲ့ ထိပ်တိုက် တိုးပြီး ဇာတ်သိမ်းရမယ့် အရိပ်အယောင်တွေ ပိုမိုယှက်သန်းလာနေတာကိုပဲ တွေ့နေရ ပါတယ်။ လူထုအုံကြွမှု ဖြစ်နိုင်ချေရှိတဲ့ အနေအထားက အမှတ်စဉ် (၂)၊ (၃) နဲ့ (၄) တွေအတိုင်း တာစူနေပါတယ်။
အမှတ်စဉ် (၂) နည်းလမ်းနဲ့ လူထုအုံကြွမှုကို ဖော်ဆောင်ဖို့ဆိုတာကတော့ အန်အယ်လ်ဒီ ဗဟိုအလုပ် အမှု ဆောင်ကော်မတီရဲ့ တိုက်ပွဲခေါ်ရဲမှုအပေါ်မှာ အများကြီး မူတည်နေပါတယ်။ အထက်က သုံးသပ်ပြ ခဲ့တာ တွေ အတိုင်းဆိုရင်တော့ မျိုးချစ်ရဲဘော်ဟောင်းတွေ ဦးဆောင်နေတဲ့ အန်အယ်လ်ဒီ စီအီးစီ အနေနဲ့ တိုက်ပွဲခေါ်မယ့် အရိပ်အယောင်မတွေ့ရဘဲ တောင်းပွဲတွေ၊ ထုတ်ပြန်ကြေညာချက်တွေနဲ့ပဲ ထိုင်စောင့်ဖို့ များနေတာကို တွေ့ရမှာဖြစ်ပါတယ်။
ရှစ်လေးလုံးနှစ်ပတ်လည်တုန်းကတော့ အန်အယ်လ်ဒီ ပြန်ကြားရေးအဖွဲ့ဝင် ဦးဥာဏ်ဝင်းက…“ပြည်သူလူထု ဟာ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးကို လိုချင်တဲ့ စိတ်ဆန္ဒရှိရုံ မဟုတ်ဘူး။ မိမိတို့ကိုယ်တိုင် မိမိတို့ လိုချင် တဲ့ဟာကိုလည်း ပြည်သူလူထုက တတ်နိုင်သမျှ ပါဝင်ဆောင်ရွက်လာကြဖို့ ကျနော်တိုက်တွန်းချင်တယ်” လို့ ပြောသွားတာကို ဒီဗွီဘီမှာ ကြားလိုက်ရပါတယ်။
ဦးဥာဏ်ဝင်းရဲ့ဖြေကြားချက်အပေါ် မေးခွန်းထုတ်စရာရှိတာက လူထုပါဝင်လာချင်အောင် ရှေ့က ဦးဆောင် ဦးရွက်ပြုနေတဲ့ အန်အယ်လ်ဒီစီအီးစီက ဘယ်လိုတိုက်ပွဲတွေခေါ်နေလို့လဲ ဆိုတာပါပဲ။ ရှေ့က ဦး ဆောင်နေတဲ့သူတွေက တိုက်ပွဲခေါ်မှလည်း လူထုက နောက်ကနေ ပါဝင်လာမယ်လို့ မြင်မိပါတယ်။ လူအုပ် နောက်ကပဲ ဖုန်လိုက်ရှုနေမယ်ဆိုရင်တော့ ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။
အဲဒီတော့ ဒီကနေ့အနေအထားမှာ လူထုပါဝင် တိုက်ပွဲဝင်လာဖို့ ဖြစ်နိုင်ချေအများဆုံးနည်းလမ်း ကတော့ အမှတ်စဉ် (၃) နဲ့ (၄) ပါပဲ၊ (၃) နဲ့ (၄) ဟာ တပေါင်းတည်း ဖြစ်သွားနိုင်တဲ့ အနေအထား လည်း လောလော လတ်လတ်မှာ တွေ့နေရပါပြီ။ အခုဆိုရင် လောင်စာဆီ ဈေးမြင့်တက်မှုကြောင့် ပြည်သူလူထုတွေပါ ပါဝင်လာ တဲ့ ဆန္ဒပြပွဲတွေ ရန်ကုန်မြို့ရဲ့ နေရာအတော်များများမှာ ဖြစ်ပွားနေပါပြီ။ (၈၈) မျိုးဆက်ကျောင်းသားတွေရဲ့ ဦးဆောင်မှုကြောင့် အရှိန်ရလာတဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေဟာ လောင်စာဆီကြောင့် စားဝတ်နေရေး ပိုမိုကြပ်တည်းမှုနဲ့ကြုံတွေ့ရတဲ့ ပြည်သူလူထုရဲ့ဒေါသနဲ့ ပေါင်း စည်းလာနေပါပြီ။ နအဖအနေနဲ့လည်း ကြံ့ဖွံ့တွေ။ စွမ်းအားရှင်တွေနဲ့ ရန်တိုက်ပေးပြီး အစွမ်းကုန်ခုခံဖို့ ပြင်ဆင်နေပါပြီ။
ဘယ်လိုအနေအ ထားမျိုးနဲ့ လူထုအုံကြွမှုဖြစ်ဖြစ် သေချာတာ ကတော့ လူထုအုံကြွမှုဖြစ်လာရင် အထိုက်အ လျောက် သို့တည်းမဟုတ် ကံဆိုးတဲ့ ပြည်သူတော်တော်များများ သွေးမြေကျကြဦးမှာပါပဲ။ အာဏာရှင် တွေအနေနဲ့ သူတို့ အပြီးတိုင်ဆင်းမပြေးရခင်မှာ လက်နက်အားကိုးနဲ့ အစွမ်းကုန် ခုခံနှိမ်နင်းဦးမှာ မို့လို့ပါပဲ။ အဲဒီပွဲသိမ်းမှာ နအဖက လက်ကိုင်တုတ်အဖြစ် အသုံးချနေတဲ့ ကြံ့ဖွံ့တွေ။ စွမ်းအားရှင်တွေ (အတု အယောင်ပြည်သူတွေ) လည်း သေကြေကြမှာဖြစ်သလို မျိုသိပ်ခံစား ထားသမျှတွေပေါက်ကွဲပြီး ဆန္ဒပြပွဲမှာ ပါ ၀င်လာမယ့် အစစ်အမှန်ပြည်သူတွေလည်း သေကြေကြ ရဦးမှာ ဖြစ်ပါတယ်။ ဒါဟာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ဖို့အရေး မလွဲမသွေ ကြုံတွေ့ရဦးမယ့် ၀မ်းနည်းကြေကွဲဖွယ် ဖြစ်စဉ်ကြီးပါပဲ။ ဒါပေမယ့် အဲသလို ၀မ်း နည်း ဖွယ်ရာ အဖြစ်ဆိုးကြီးတွေကို မကျော်လွှားရဲ။ မကျော်လွှားနိုင်ရင်လည်း ကျနော်တို့ အားလုံးဟာ နောင် လာမယ့် သားစဉ်မြေးဆက် တွေအထိ လူဖြစ်ရတဲ့ဘ၀မှာ အခုလို အကြိမ်ကြိမ်အခါခါ သေနေကြရတဲ့ အဖြစ် မျိုးနဲ့ တိုးနေကြဦးမှာပဲ မဟုတ်ပါလား။ ။
ဒေါက်တာလွမ်းဆွေ
Posted by Myo Myint Aung at 4:58 AM 0 comments
Labels: ဖက်စရာမှတ်စရာ
Thursday, November 15, 2007
နိုင်ငံရေးစာအုပ်များအား ဤ နေရာမှ download ရယူပါ
ရှစ်လေးလုံးအရေးတော်ပုံဖြစ်ရပ်များပြ ပြက္ခဒိန်
ပို၍ကြီးမားသော အင်အားအစွမ်းတစ်ခု
၁၉၃၀ တ၀ိုက် မြန်မာနိုင်ငံရေးသမိုင်း
ပြည်သူလွှတ်တော်ကိုယ်စားပြုကော်မတီဆိုတာဘာလဲ
အနာဂတ်မြန်မာနိုင်ငံတော်သား
မြန်မာ့နိုင်ငံရေးဖြစ်စဉ် ထူးခြားမှုဖြစ်စဉ် ရက်စွဲများ
ရန်ကုန်ကိုကိုင်လှုပ်သော ထို ၇ ရက်
ခွတ်ဒေါင်းတောင်ပံခက်သံများ
အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကိုယ်ရေးအထ္တုပ္ပတ္တိအကျဉ်း
မှတ်မိသမျှ ကိုအောင်ဆန်း၏ကျောင်းသားဘဝ
ဒို့ဗမာအစည်းအရုံးခေတ်က သခင်အောင်ဆန်း
ကျွန်ုပ်တို့ မှတ်မိသမျှ ဗိုလ်ချုပ်
အောင်ဆန်း (သို့) အရိုင်း
နိုင်ငံရေးသမား အောင်ဆန်း
ဗိုလ်ချုပ်အောင်ဆန်း၏ လမ်းညွန်ချက် ၇ ချက်
ဗမာ့ အောင်ဆန်း အပိုင်း (၁)
ဗမာ့ အောင်ဆန်း အပိုင်း (၂)
ဗမာ့ အောင်ဆန်း အပိုင် (၃)
ဖယ်ဒရယ်မူ အဆိုတင်သွင်းခြင်း
ဦးအောင်ဆန်း၏ နောက်ဆုံးနေ့
အာဇာနည်နေ့ (သို့) နိုင်ငံတော်လုပ်ကြံမှုကြီး
လွတ်လပ်ရေး ကြေငြာခြင်း
ဦးသန့်အရေးခင်း
7 July ကျောင်းသားအရေးတော်ပုံ
ပြည်သူတို့၏ လွတ်မြောက်ရာလမ်း
လူရှင်သချိုင်း
တာတေစနေသား (ဦးနု)
ခြောက်တိုက်မှာ လောက်ကိုက်ခံဘူးလား
လူငယ်တစ်ဦးရဲ့ မှတ်တမ်းမဲ့ မှတ်တမ်း (၀င်းနိုင်ဦး)
ပြည်သူအာဏာ
ဒေါင်းမာန်ဟုန်
နာခံမှု့ကို စစ်ဆေးခြင်း
ကြောက်ရွံ့ခြင်မှ လွတ်ကင်ရေး ဒေါ်အောင်ဆန်းစုကြည်
အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့
ပီညှဲရိုးအစီရင်ခံစာ (မြန်မာဘာသာဖြင့်)
တော်လှန်ရေးလက်စွဲစာအုပ်
ရဲဘော်လက်စွဲ
သတင်းသမားနှင့် သတိထားစရာ မြန်မာစကားလုံးများ
ဘလော့ရေးသူတို့ လက်စွဲ
မဟာဗျူဟာမြောက် အကြမ်းမဖက်တိုက်ပွဲ
အမျိုးသားညီလာခံ အခြေခံမူ ၁၀၄ ချက်
ဘာလဲဟဲ့ မောင်စွမ်းရည် (သစ္စာ စာအုပ်တိုက်မှ ကူယူဖော်ပြသည်)
တတိယလှိုင်းခေတ် ပြောက်ကျားစစ် အောင်စေရာပြည် ဘလော့မှ ကူယူဖော်ပြသည်။
ပြတ်ပြတ်သားသား ကန့်ကွက်ကြပါစို့
Posted by Myo Myint Aung at 4:20 AM 4 comments
ရောင်နီလင်းပြီ ခွပ်ဒေါင်းနီ
အမှောင်ပြီးရင် အလင်းရတာ
လောကဓမ္မတာ...
လျှပ်စီးတွေ တဖျန်းဖျန်းလက်
ထက်ပိုင်းကျိုးနေတဲ့ည
လမ်းတွေလည်းပျောက်
စမ်းရေလည်းနောက်ခဲ့တဲ့ည
ကြယ်တွေလည်းကြွေ
လေပြေလည်းမဲ့
စစ်မိစ္ဆာရဲ့ လက်သဲတွေအောက်မှာ
ညဟာ ရစရာမရှိတော့ပေမဲ့
တရားမျှတမှုအလင်းရောင်ဟာ
အဓမ္မအမှောင်ကိုတော်လှန်
အမှန်တရားအောင်လံကို စိုက်ထူ
အဖြူစင်ဆုံးပန်းတွေပွင့်ဘို့
ချွေးနဲ့လည်းနှိုးခဲ့တယ်
သွေးနဲ့လည်း ပျိုးခဲ့တယ်...
ငါတို့ရဲ့အမိမြေမှာ
လူအခွင့်အရေးလမ်းတွေခင်းဘို့
ဒီမိုကရေစီပန်းတွေပွင့်ဖို့
ရဲစင်တဲ့ဒေါင်း ပွဲဝင်တဲ့ ဒေါင်းတွေဟာ
ဦးခေါင်းတွေရဲရဲမော့လို့
သွေးချင်းချင်းနီစမ်းပ
ညတာရှည်ခဲ့တဲ့ အမိမြေမှာ
အမှောင်ကိုခွင်းလို့ ရောင်နီတွေလင်းလာပေါ့
အတောင်ပံနော့နော့ရိုက်လို့
အောင်လံကျော့ကျော့စိုက်ကြစို့.......
Posted by Myo Myint Aung at 2:23 AM 0 comments
Labels: ကဗျာ