Friday, November 16, 2007

မြန်မာနိုင်ငံသို့ စစ်လက်နက်ပစ္စည်းနှင့် နည်းပညာရောင်းချသူ (၁၄) ဦး ပြစ်ဒဏ်ချမှတ်ခံရ NEJ / ၁၆ အောက်တိုဘာ ၂၀၀၇

မြန်မာနိုင်ငံသို့ လက်နက်ပစ္စည်းများနှင့် နည်းပညာများကို တရားမ၀င်ရောင်းချမှုဖြင့် တောင်ကိုရီးယားနိုင်ငံသား (၁၄) ဦးကို ပြစ်မှုထင်ရှားကြောင်း တရားရုံးက ယမန်နေ့၌ စီရင်ချက်ချမှတ်လိုက်သည်။

ဒေးဝူး အင်တာနေရှင်နယ် ဥက္ကဋ္ဌဟောင်း လီတေယွန်အား လက်နက်ပစ္စည်းတင်ပို့မှု၊ နည်းပညာပေါက်ကြားမှုတို့ဖြင့် ဆိုးလ်မြို့ဗဟိုတရားရုံးချုပ်က အမေရိကန်ဒေါ်လာ
(၅၄,၅၅၀) တန်ဖိုးရှိသည့် တောင်ကိုရီးယား ၀မ်ငွေ သန်း (၅၀) ပေးဆောင်ရန် ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း တရားရုံးတာဝန်ရှိတဦးကို ကိုးကားပြီး အေပီသတင်းတွင်
ဖော်ပြသည်။

စီးပွားရေးခေါင်းဆောင် (၁၀) ဦးမှာလည်း အလားတူ ငွေကြေးပမာဏအတိုင်း ဒဏ်ငွေ
ချမှတ်ခံရပြီး ကျန် (၃) ဦးမှာမူ ဆိုင်းငံ့ထောင်ဒဏ် (၂) နှစ်မှ (၃) နှစ်ကြား ပြစ်ဒဏ်ချမှတ်
ခံရကြောင်း အဆိုပါ တရားရုံးတာဝန်ရှိက ပြောသည်။

လက်နက်စက်ရုံ တည်ဆောက်ရေးပစ္စည်းများနှင့် နည်းပညာများကို မြန်မာနိုင်ငံသို့
တရားမ၀င် တင်ပို့ရောင်းချမှုဖြင့် ထိပ်တန်း တောင်ကိုရီးယားကုမ္ပဏီများမှ အရာရှိ
(၁၄) ဦး၏ အဆိုပါအမှုကို ယမန်နှစ် ဒီဇင်ဘာတွင် စတင်စွဲဆိုခဲ့ခြင်းဖြစ်သည်။

တရားစွဲခံရသူများသည် ဒေ၀ူးအင်တာနေရှင်နယ်နှင့် Doosan Infracore ကဲ့သို့သော ကုမ္ပဏီကြီးများအပါအ၀င် ကုမ္ပဏီ (၇) ခုမှ ဖြစ်ပြီး ၎င်းတို့ထဲတွင် ဒေ၀ူးအင်တာနေရှင်နယ်
ဥက္ကဋ္ဌ လီတေယွန်း၊ ယခင် Daewoo Heavy Industries ဥက္ကဋ္ဌ ယန်ဂျေရှင်းနှင့် Doosan
Infracore ၏ ဒု-ဥက္ကဋ္ဌတို့လည်း ပါဝင်သည်။

(၁၀၅) ဟောင်ဝစ်ဇာအမြောက်နှင့် တင့်ကားဖျက်ကျည်အပါအ၀င် ကျည်အမျိုးမျိုးအရေ
အတွက် သောင်းနှင့်ချီ၍ နှစ်စဉ်ထုတ်လုပ်နိုင်သည့် စက်ရုံကို မြန်မာနိုင်ငံတွင် တည်ဆောက်ရန်
ဒေ၀ူးနှင့်အတူ အခြားကိုရီးယားကုမ္ပဏီများသည် မြန်မာစစ်အစိုးရနှင့် ၂၀၀၁ ခု၌ အမေရိကန်
ဒေါ်လာ (၁၃၃.၈) သန်းဖိုး စာချုပ်ချုပ်ဆိုခဲ့ကြောင်း တောင်ကိုရီးယား အမျိုးသားထောက်လှမ်း
ရေးဌာနက ထုတ်ပြန်ခဲ့သည်။

ယင်းကုမ္ပဏီများသည် မြန်မာနိုင်ငံ ပြည်မြို့အနီးရှိ လက်နက်စက်ရုံအတွက် တည်ဆောက်ရေး
ဆိုင်ရာ ပစ္စည်းများနှင့် စစ်လက်နက်ထုတ်လုပ်သည့် ပစ္စည်းအမျိုးအစားပေါင်း (၄၈၀) ကျော်ကို ၂၀၀၂ ခုနှင့် ၂၀၀၆ ခုအတွင်း တင်ပို့ခဲ့သည်။

ယင်းလက်နက်စက်ရုံတည်ဆောက်မှုလုပ်ငန်းသည် (၉၀) ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ပြီး ဒေ၀ူး
ကုမ္ပဏီက လုပ်ငန်းအစီအစဉ်ရေးဆွဲကာ စက်ရုံတည်ဆောက်ရေးဆိုင်ရာ ပစ္စည်းများနှင့် လက်နက်ထုတ်လုပ်ရာတွင် လိုအပ်သည့် အစိတ်အပိုင်းများအတွက် Doosan Infracore က
တာဝန်ယူခဲ့သည်။

တောင်ကိုရီးယားသည် လက်နက်ထုတ်လုပ်ရာတွင် အသုံးပြုနိုင်သည့် စီးပွားဖြစ်ပို့ကုန်များကို ပိတ်ပင်သည့် wassenaar Agreement ကို လက်မှတ်ရေးထိုးထားသည့် နိုင်ငံဖြစ်သည့်အပြင် မြန်မာနိုင်ငံသို့ လက်နက်အစိတ်အပိုင်းနှင့် လက်နက်ထုတ်လုပ်မှုဆိုင်ရာပစ္စည်းများ၊ နည်းပညာ
များ တင်ပို့ရောင်းချခြင်းကို တားမြစ်ထားသည်။

No comments:

 
/* EOT ----------------------------------------- */