Thursday, November 15, 2007

ရောင်နီလင်းပြီ ခွပ်ဒေါင်းနီ




အမှောင်ပြီးရင် အလင်းရတာ
လောကဓမ္မတာ...
လျှပ်စီးတွေ တဖျန်းဖျန်းလက်
ထက်ပိုင်းကျိုးနေတဲ့ည
လမ်းတွေလည်းပျောက်
စမ်းရေလည်းနောက်ခဲ့တဲ့ည
ကြယ်တွေလည်းကြွေ
လေပြေလည်းမဲ့
စစ်မိစ္ဆာရဲ့ လက်သဲတွေအောက်မှာ
ညဟာ ရစရာမရှိတော့ပေမဲ့
တရားမျှတမှုအလင်းရောင်ဟာ
အဓမ္မအမှောင်ကိုတော်လှန်
အမှန်တရားအောင်လံကို စိုက်ထူ
အဖြူစင်ဆုံးပန်းတွေပွင့်ဘို့
ချွေးနဲ့လည်းနှိုးခဲ့တယ်
သွေးနဲ့လည်း ပျိုးခဲ့တယ်...
ငါတို့ရဲ့အမိမြေမှာ
လူအခွင့်အရေးလမ်းတွေခင်းဘို့
ဒီမိုကရေစီပန်းတွေပွင့်ဖို့
ရဲစင်တဲ့ဒေါင်း ပွဲဝင်တဲ့ ဒေါင်းတွေဟာ
ဦးခေါင်းတွေရဲရဲမော့လို့
သွေးချင်းချင်းနီစမ်းပ
ညတာရှည်ခဲ့တဲ့ အမိမြေမှာ
အမှောင်ကိုခွင်းလို့ ရောင်နီတွေလင်းလာပေါ့
အတောင်ပံနော့နော့ရိုက်လို့
အောင်လံကျော့ကျော့စိုက်ကြစို့.......

No comments:

 
/* EOT ----------------------------------------- */