Friday, August 29, 2008

အခြေအနေပေးလျှင်ဖြင့် ရေးစမ်းပါဘိ ထိုစာလွှာ (၇)

တရားသူကြီးတစ်ဦးနှင့် စကားပြောခြင်း

အပိုင်း(၂)

ညဟာ မှောင်မည်းနေခဲ့တယ်။ တစ်စုံတစ်ဦးရဲ့ ခြောက်လှန့်မှုကြောင့် မဟုတ်ဘဲ စိတ်တွေဂယောက်ဂ ယက်ဖြစ်နေခဲ့တယ်။ ပစ်မှတ်အနေနဲ့ပြောရရင်တော့ နာကျငိစရာကောင်းလောက်အောင် ရက်စက်ကြမ်းကြုတ် မှုမျိုးစုံနဲ့ ဘုန်းတန်းခိုးအာဏာကြီးနေတဲ့ လူသတ်သမားတွေကြောင့်ပေါ့လေ။ အော့ထ်ပေါ်အဖွဲ့သားတွေ ဦး ဆောင်မှုနဲ့ ဆာ့ဒ်တွေလွတ်လပ်ခဲ့တယ်။ သူတို့လည်း ဘ၀ပေါင်းများစွာ စတေးခံခဲ့ရတယ်။ ရက်စက်မှုပေါင်း သောင်းခြောက်ထောင်နဲ့ ပြည်သူတွေအလူးအလဲခံခဲ့ရတယ်။ နောက်ဆုံးတော့လည်း ပြည်သူတွေအောင်ပွဲခံခဲ့ နိုင်တယ်မဟုတ်လား။ ညညယောင်ယောင်အော်ရင် တစ္ဆေတွေလို့ခြောက်လှန့်ခံနေရတယ်။
မနက်မိုးလင်းခါနီးမှ မှေးခနဲပျော်သွားတယ်။ အရောင်ရောင်အမှားမှားအတွေးတွေနဲ့ တော်တော်နဲ့အိပ် မပျော်ခဲ့ဘူး။ ရေဆာတာနဲ့ ရေတစ်ခွက်ထသောက်လိုက်တယ်။ စစ်ဖိနပ်သံတွေ ကြားလိုက်တော့ လူထူပူသွား တယ်။ ကင်းလှည့်နေတာတဲ့လေ။ အာဏာကိုဖီဆန်သူမှန်သမျှဟာ ဘယ်သူပဲဖြစ်ဖြစ် ရန်သူပဲတဲ့။ ကြွေးကြော် သံတွေနဲ့ အုပ်ချုပ်နေတဲ့ စစ်အာဏာရှင်တွေရဲ့ လက်ခုပ်ထဲကရေဖြစ်နေတော့ သူတို့နုဆိုနုနေရတယ်။

ဒါဟာ ကြောက်စိတ်နဲ့ ခြောက်လှန့်ခံထားရတဲ့ အပြစ်မဲ့ပြည်သူ သန်းပေါင်းများစွာရဲ့နေ့စဉ်ရင်ဆိုင်နေရတဲ့ လုပ်ငန်း တစ်ခုပါပဲ။ ခြောက်တိုင်းကြောက်နေသေးရင်တော့ ဘယ်တော့မှ လွတ်လပ်မှုရောင်ခြည်ကို မြင်ခွင့်ရမှာမဟုတ် ပါဘူး။ ဒီတော့ လုပ်နိုင်တဲ့ဘက်ကနေ သွေးစည်းညီညွတ်မှုနဲ့ လုပ်နေကြဖို့ပဲ။

“ ခင်များ ဒီနေ့လာမယ်လို့တောင် ထင်မထားဘူး၊မနေ့ကတော်တော် ငြီးငွေ့စိတ်ပျက်သွားပြီလို့ထင် ထားတာ၊ခင်များရောက်လာတဲ့အတွက် ကျေးဇူးအရမ်းတင်ပါတယ်။ ဒီနေ့လည်း ခင်များသောက်ချင်တာ မှာ သောက်ပါခင်များ၊ နို့ဖျော်ရည်မှာသောက်လိုက်ရင်း သူ့လည်းဆက်တိုက်ဆိုသလို ပလိန်းတစ်ခွက်လှမ်းမှာ လိုက်တယ်။ ဒီနေ့တော့ သူရှင်းမယ်လို့ပြောနေတယ်။ကိုယ်ကလည်း ရပါတယ် ကျုပ်ပဲရှင်းလိုက်ပါမယ်လို့ပြော လိုက်ရင်း သူ့မျက်နှာ ခပ်ထန်ထန်ကြီးကို ကြည့်နေခဲ့တယ်”

“ အခုလောလောဆယ်တော့ အမှုသည်ပါးနေတယ်ထင်တယ် ”ကျွန်တော်ကပဲ စကားဝိုင်းကို စတင် လိုက်ပါတယ်။ “ သူ့ကတော့ ဘာမှမပြောဘဲ ခပ်ပြုံးပြုံးပဲ လုပ်နေခဲ့တယ်။ စားပွဲထိုးချပေးလိုက်တဲ့ ပလိန်းအ ထုတ်ကို ဖောက်ထည့်ရင်း အိပ်ခွံနဲ့မွှေနေခဲ့တယ်။ ကျုပ်ကလည်း ဒါကိုပဲစူးစူးစိုက်ကြည့်နေခဲ့တယ်။ ဇွန်းပါ လျှက်နဲ့ ဇွန်းနဲ့မမွှေတာကို အကောင်းမြင်လိုက်ပါတယ်။ ဇွန်းအတွက် စားပွဲထိုးဆေးစရာမလိုတော့ဘူးပေါ့။

“ မနေ့က ပြောခဲ့တဲ့စကားထဲမှာ ခင်များမှတ်မိသေးလားမသိဘူး။ သမ္မုတိရ - ရဟန်းတော်ဟာ အချက် လေးချက်ကို လိုက်နာဆောင်ရွက်ရမယ်ဆိုတာလေ၊ အဲဒီအထဲမှာ နောက်ဆုံးအချက်ဖြစ်တဲ့ ဘယာဂတိ- ကြောက်ခြင်းကြောင့် အဂတိမလိုက်နဲ့ဆိုတာပေါ့။ တစ်ခါတလေမှာ လူတွေဟာ ကိုယ့်ရဲ့အထက်ကလူကိုက နေခိုင်းတာကို ကြောက်ကြောက်နဲ့ မတရားတာ၊မမှန်တာဆိုသာ သိလျှက်သားနဲ့ မလိုက်သင့်တဲ့၊မလုပ်သင့်တဲ့ လုပ်ရပ်တွေကို ဗြောင်ကျကျလုပ်ဆောင်နေတတ်တယ်လို့ ကျုပ်ထင်မိတယ်။ အဲဒီထဲမှာလည်း ခင်များတို့ တ ရားသူကြီးတွေလည်း ပါတယ်လို့ထင်တယ်။ ဒါကြောင့်ဒီနေ့ အဲဒီအကြောင်းအရာကို ခင်များနဲ့ ပြောဆိုဆွေး နွေးချင်တယ်၊ခင်များလည်း အလုပ်ကနေပြန်လာတာဆိုတော့ အချိန်ရမယ်ထင်ပါတယ် ”

“ အေးလေ ပြောကြည့်တာပေါ့ ဒါပေမဲ့ မင်းကလူငယ်ဖြစ်တော့ စကားပြောရင် ခပ်ထန်ထန်ပြောတော့ ဖောင်းဖြစ်တတ်တယ်၊ အခုလို အေးအေးဆေးဆေးပြောဆိုကြတာပေါ့၊ငါတို့လည်း အဲဒီကိစ္စကိုတော့ မငြင်းပယ် လိုပါဘူး။ တစ်ခါတလေ ဘာမှအပြစ်မရှိတဲ့ လူတွေကိုပုဒ်မ ကြီးကြီးတတ်ပေးရင်း ငါတို့ကိုယ်တိုင် အကြောက် တရားရဲ့ စေးခိုင်းချက်တွေကို လုပ်ဆောင်နေမိတယ် ” သူဒီနေ့ စကားစချီပုံကတော့ တော်တော်ကိုကျေနပ်စ ရာကောင်းပါတယ်။ ဒီစကားလုံးလေးနဲ့တင် အမြင်မှန်ရစပြုလာတဲ့ သူ့ကို အလေးတမူဆက်ဆံဖို့ ဆုံးဖြတ်လိုက် ပါတယ်။ သူမှာပါလာတဲ့ ဖိုင်တွဲတွေကို အိတ်ထဲထည့်နေရင်း သူတစ်ခုခု မေ့ကျန်ခဲ့ပုံမျိုး တစ်စုံတရာကို စဉ်းစား နေခဲ့ဟန်ကို မြင်နေရတယ်။

“ မနေ့ကတင် ကြားလိုက်ရတဲ့ သတင်းတစ်ပုဒ်အရဆိုရင် ဘာမှစစ်ဆေးမှုမရှိဘဲ၊စွဲချက်မတင်ဘဲ တရား စီရင်လိုက်တဲ့ သတင်းတစ်ပုဒ်ကို ကြားလိုက်ရတယ်။ ရှေ့နေလိုက်ခွင့်တောင် မပေးဘူးဆိုပဲ။ နောက်ပြီးတရား ခံဘက်က ဘယ်သူ့ကိုမှ အာမခံခွင့်မပေးဘူးလို့ ကြားလိုက်ရတယ်။ အဲဒီလိုဖြစ်ရပ်များ ဘာမှပြစ်မှု ထင်ရှားမရှိ ပါဘဲနဲ့ လူတစ်ယောက်ကို ခင်များအနေနဲ့ တတ်ချင်တဲ့ ပုဒ်မတတ်ပြီး ထောင်ဒဏ်နှစ်ရှည် ချလိုက်တာမျိုးရှိခဲ့ပါ သလား။ လူတစ်ယောက်ကို ဖမ်းခွင့်မရှိဘဲနဲ့ ဖမ်းလိုက်တာမျိုးကို စေးခိုင်းခဲ့ဘူးပါသလား“

“ မောင်ရင် မေးခွန်းတွေထဲက ပထမဆုံး မေးခွန်းကိုတော့ ကြူးလွန်းခဲ့ဘူးပါတယ်။ ဒုတိယမေးခွန်းကို တော့ လူတစ်ယောက် အပြစ်မရှိဘဲနဲ့ ဖမ်းခွင့်ပေးပိုင်ခွင့် ဦးလေးတို့ဆီမှာ မရှိပါဘူး။ ဦးလေးတို့အနေနဲ့ အဲဒီလို ရောက်လာတဲ့ လူတွေကို အထက်ကဒီလူကို ပြစ်မှတ်ထားနေတယ်ဆိုရင် ပုဒ်မတွေကြီးကျယ်အောင်တတ် လိုက်ပြီး ထောင်ဒဏ်နှစ်ရှည် ချလိုက်ဖူးတာတွေတော့ ရှိခဲ့ပါတယ်။ မောင်ရင်ပြောသလို ဆိုရင်တော့ ဘယာဂ တိ-ကြောင့် လုပ်လိုက်ရတဲ့ လုပ်ရပ်တွေပါ။ တကယ်တန်းပြောရရင် ဦးလေးတို့ဟာ တရားကြီးဆိုတဲ့ ဂုဏ်ပုဒ် ကြီးကို စွဲကိုင်ထားရပေမဲ့ ဦးလေးတို့ကိုယ်တိုင် အထက်ကိုမဖီဆန်ရဲပဲ မတရားတဲ့နည်းတွေ သုံးနေရပါတယ်၊ ဒါ ဟာ ဦးလေးတစ်ယောက်တည်း မဟုတ်ပါဘူး။ တရားသူကြီးအတော်တော်များများ ချုပ်ခြယ်ခံထားရတယ်ပေါ့“

“ ဦးလေးလူငယ်တစ်ယောက်နဲ့ ဖြစ်ခဲ့တဲ့ ကိစ္စတစ်ခုကို ပြန်ပြောပြမယ်၊ အဲဒီလူငယ်က တော်တော် လေးကို နိုင်ငံရေးစိတ်ပြင်းထန်တယ်။မောင်ရင်တို့အဆိုရပြောရရင် နိုင်ငံချစ်စိတ်၊လူမျိုးချစ်စိတ် ပြင်းထန်တယ် ပေါ့၊ နောက်တစ်ချက်က စာတွေတော်တော်ဖတ်ထားတယ်။ အတွေးအခေါ်တော်တော် ကျယ်ပြန့်တယ်။ စကားအပြောကောင်းတယ်၊ စွတ်စွဲမှုတိုင်းကို၊စစ်ဆေးမှုတိုင်းကို ခွင်ကျကျပြန်လည် ဖြေရှင်းနိုင်တယ်။ ဒါပေမဲ့ ဦးလေးတို့လည်း ဘယ်တတ်နိုင်မလဲ နောက်တစ်ပတ်ရက်ချိန်းပေးပြီး ပြန်လွှတ်လိုက်တယ်။ အဲဒီတော့ ဒီကြား ထဲမှာ အထက်က ဖိအားတွေလာတော့တာပဲ၊နောက်ဆုံးတော့လည်း နိုင်ငံတော်ကို ပုန်ကန်မှု၊တိုင်းပြည်ကို မ တည်မငြိမ်ဖြစ်အောင် စည်းရုံးလှုံ့ဆော်မှုဆိုတဲ့ စွတ်စွဲချက်တွေနဲ့ အဲဒီလူငယ်ကို တရားစီရင်လိုက်ရတယ်“

“ အဲဒီတုန်းက သူနဲ့အခြေတင် ပြောခဲ့တဲ့ စကားလေးတွေက တော်တော်ယုတ္တိရှိတယ်။ အမှန်တိုင်း ပြောရရင် အဲဒီလူငယ်ကို ဦးလေးတော်တော်လေး လေးစားပါတယ်။ အခုထိကို သူမလွတ်မြောက်သေးပါဘူး၊ ဦးလေး သူ့သတင်းကြားရတိုင်း စိတ်မကောင်းပါဘူး။ ဒါပေမဲ့ ကိုယ်တိုင်စီရင်ချက်ချလိုက်တဲ့ ကိစ္စဖြစ်နေတော့ အခုမှ နောင်တရနေလို့လည်း ဘာထူးတော့မှလည်း၊ဒါဟာ ဦးလေးကိုယ်တိုင် ချိုးဖောက်ခဲ့တဲ့ မတရားတဲ့ ပြစ် ဒဏ်စီရင်မှုထဲက တစ်ခုပေါ့။ သူလည်းဘာမှ ဆင်ခြေမပေးပဲ ပြုံးပြုံးပဲ ခံယူသွားပါတယ်”
အဲဒီနေ့က မိုးလေစွေနေတယ်၊အခုလို မိုးတွင်းကြီးပေါ့၊ သူ့ကိုဖမ်းလာတဲ့ ရဲတွေဟာ ခေါင်းကို ရိုက်ခွဲ ထားတယ်။ ပတ်တီးအောက်ကနေ ယိုစီးနေတဲ့ သွေးတွေပါးပြင်ပေါ် စီးကျလာနေပေမဲ့ သူသုတ်မပြစ်လိုက်ဘူး အန်ကြိတ်ထားတယ်။ ကျွန်တော်က သူနာပြုတစ်ယောက်တစ်ယောက်ခေါ်ပြီး ပတ်တီးကို သေချာကျနစွာ ပြန် လည်စီးခိုင်းလိုက်ပါတယ်။ နောက်သူ့ကို ခတ်ထားတဲ့ လက်ထိပ်ကိုလည်း ဖြုတ်ခိုင်းလိုက်ပါတယ်။ ရဲတွေက မ ကြိုက်တဲ့သဘော၊ဖြုတ်တောင်မပေးချင်သဘော၊ နောက်တော့သူတို့ ဆေးထည့်ပေးပြီး လက်ထိပ်ကိုဖြုတ်ပေး လိုက်ပါတယ်။ သူနောက်ကလည်း တစ်ယောက်မှ ပါမလာဘူး။ ၀ိုင်းရံထားတဲ့ လူတွေအားလုံးဟာ အစိုးရဘက် ကလူတွေချည်းပဲ။ အမှန်တိုင်းပြောရရင် အဲဒီနေ့က ကျွန်တော်စိတ်တွေ တော်တော်မတည်ငြိမ်ပါဘူး။ တော် တော်လေးလည်း စိတ်မကောင်းဖြစ်မိပါတယ်။
သူ့ကို ဖမ်းလာတာက လူ့အခွင့်အရေး ကြေငြာစာတမ်းကို ဖြန့်ဝေတဲ့ပြစ်မှုနဲ့။ ဖမ်းတော့ ရဲတွေနဲ့အခြေ အတင် စကားများလာခဲ့ပြီး ရဲတွေရဲ့ ထိုးနှက်မှုကိုလည်း ခံထားခဲ့ရရှာတယ်။ အဲဒီလို အလုပ်ကိုဘာဖြစ်လို့ လုပ် ရတာလည်းလို့ ဦးလေးကမေးတော့ လုပ်ချင်လို့၊လုပ်သင့်လို့၊လုပ်ထိုက်လို့၊ကိုယ့်ယုံကြည်ချက်နဲ့ လုပ်တဲ့အ ကြောင်း သူပြန်လည်ချေပတယ်။

ဒါဟာ အစိုးရကိုစော်ကားရာ၊ တိုင်းပြည်ကို မတည်ငြိမ်အောင်လုပ်တာဖြစ်တဲ့ အကြောင်း ပြောတော့၊ သူက ပြန်ပြောပါတယ်။ ဘယ်လိုလုပ် ဒီကိစ္စလေးနဲ့ အစိုးရကို စော်ကားရာရောက်ရသ လဲ၊တိုင်းပြည်မတည်ငြိမ်အောင် ဘယ်သူတွေကလုပ်နေတာလဲ။ပြည်တွင်းစစ်ဆိုတာကရော ဘယ်နိုင်ငံ၊ဘယ် တိုင်းပြည်တွေဟာ ကျုပ်တို့တိုင်းပြည်ထက် ရှည်ခဲ့လို့လဲ စတာတွေခုခံချေပပြန်တယ်။ နောက် သူစကားဆက် ပြန်တယ်။ ကိုယ့်ယုံကြည်ချက်လေးနဲ့ လူသားတွေအမှောင်တိုက်တွင်းထားတာကို အလင်းရောင်လေးတစ်မျှင် လောက်ရမလားဆိုပြီး ဒီစာရွက်လေးတွေကို ဖြန့်ဝေတာ အပြစ်တဲ့လား။

ဘိန်းအမှု၊ မုဒိန်းမှု၊ လာဘ်ပေးလာဘ် ယူမျိုးစုံနဲ့ အထက်ကလူတွေကိုယ်တိုင် ကျူးလွန်နေတာကျတော့ အပြစ်မဟုတ်ဘူးလားတဲ့။ နောက် သူပြော သွား စကားတစ်လုံး ဦးလေး အခုထိပြန်လည်ကြားရောင်နေမိတယ်။

ဗုဒ္ဓရဲ့ ကမ္မနိယာမ၊ ဓမ္မနိယာမတို့ကို ယုံကြည်ရင်၊နောက် နယူတန်ရဲ့ တန်ပြန်သက်ရောက်မှုဆိုတဲ့ သီဝရီတွေကို ယုံကြည်တယ်ဆိုရင် ခင်များတို့ဟာ ဒီလောက်ရက်စက်မှုတွေနဲ့ ပြည်သူလူထုကို မနှိပ်စက်သင့် ဘူး။ ဘယ်အရာမှ မမြဲဘူးဆိုတာလည်း သိထားဖို့လိုတယ်။ နောက်တစ်ခုက တစ်နေ့ကိုယ့်အလှည့် ရောက် လာရင် အခုလို တည်တည်ငြိမ်ငြိမ် လက်ခံနိုင်အောင်ကြိုးစားဖို့လိုတယ်။

မတရားမှုတိုင်းဟာ ဘယ်တော့မှ ကောင်းကျိုးကို လက်ခံရလိမ့်မယ် မဟုတ်ဘူးဆိုတာ။ ခင်များကိုယ်တိုင် ဒီလိုမတရားမှုတွေကို တရားသူကြီး ဖြစ်နေပါလျှက် ဗြောင်ကျကျကျူးလွန်းနေတာ ကျုပ်တာဆိုရင် ရှက်လို့လဲတောင်သေလိမ့်မယ်ထင်တယ်။ အေး လေ ခင်များတို့ ချချင်တဲ့ပုဒ်မတွေတတ်ပြီး ချလိုက်ပါ။ ကျုပ်ရဲရဲကြီး လက်ခံဖို့အသင့်ပါပဲ။ ကြောက်လို့ ဘယာဂ တိ-လိုက်နေတာဟာ သမိုင်းရဲ့ တရားခံပဲ။
“ မောင်ရင်ပြောတဲ့ ဘယာဂတိ-ကို ဦးလေး အဲဒီကထဲက တော်တော်လေးလက်ခံ သဘောပေါက်ခဲ့ပါ တယ်။ အမှန်တကယ်လည်း သူပြောတာတွေဟာ တရားမျှတပါတယ်။ ဒီအမှုကို ကြားနာစစ်ဆေးပြီးလို့၊ပြစ် ဒဏ်ချမှတ်လိုက်တဲ့နေ့က ကိုယ့်ကိုယ်ကို တုန်ချိနေတဲ့ အဖိုးကြီးတစ်ယောက်လို စကားတွေတုန်နေခဲ့တယ်။ လက်တွေ တုန်နေခဲ့တယ်။ နှလုံးတွေခုန်နေခဲ့ပါတယ်။ အမှန်တကယ် အဲဒီလို လုပ်လိုက်ရတဲ့ အမှုသည်တွေ လည်းတော်တော်ကို များနေခဲ့ပါပြ”

ဒီနေ့တော့ သူပြောတာတွေကိုပဲ နားထောင်နေခဲ့တယ်။

ကိုယ်ပြောဖို့အားခဲထားတာတွေတောင် မပြော လိုက်ရဘူး။ စိတ်ထဲမှာ အဆိုပါလူငယ်ကို တွေးမြင်ရောင်ပြီး ကျေးဇူးတွေတင်၊ဂုဏ်ယူလို့မဆုံးနိုင်အောင်ဖြစ်နေ ခဲ့ပါတယ်။ အမှန်တရားအတွက် တိုက်ပွဲဝင်ရင်း လမ်းပျောက်တဲ့လူတွေ၊အသက်တွေ စတေးခဲ့ကြတဲ့လူတွေ၊ ထောင်တွင်းမှာ မတန်တဆပုဒ်မတွေတတ်ခံလိုက်ရရင်း အကျဉ်းကျနေသူတွေ ဒုနဲ့ဒေးပါဘဲ။ အာဏာရှင်တိုင်း ရဲ့တိုင်းပြည်တိုင်းမှာ ပြည်သူဘက်မ အနာခံရတာချည်းပါဘဲ။ သူတို့ကတော့ အသာစီးနဲ့ အာဏာကိုထိပါးလာ သူမှန်သမျှဟာ သူတို့ရဲ့ အကြီးမားဆုံးရန်သူ အဖြစ်ခံယူထားရင်း အဲဒီလူတွေကို ညှင်းပန်းနှိပ်စက်တာတွေကို ဗြောင်ကျကျ ကျူးလွန်းလာခဲ့ကြတယ်။ ဒါကို အမြင်မှန်ရတဲ့လူတွေက ဘက်ပြောင်းချင်တာတို့၊ထုတ်ဖော်တာ တို့၊လုပ်လာမယ်ဆိုရင်လည်း

အဲဒီလူအတွက် မတွေးဝန့်စရာ ကောင်းလောက်အောင် ညှင်းပန်းနှိပ်စက်ဦးမှာပဲ၊
များသောအားဖြင့် အာဏာရှင်တိုင်းရဲ့ တိုင်းပြည်လိုလိုဟာ အာဏာကိုဆုတ်ကိုင်ပြီး ကိုယ့်ကိုယ်ကို ဧကရာဇ်ရောင်ရောင် ဘာရောင်ရောင်နဲ့ အပြစ်မဲ့ပြည်သူများကို ညှင်းပမ်းနှိပ်စက်ဖို့ ၀န်မလေးကြပဲ။လက်ရဲဇက် ရဲလုပ်ဆောင်နေခဲ့ကြတယ်။ မိုင်းရိုင်းတဲ့ လူတွေကိုနေရာပေးလာခဲ့တယ်။ သူ့တို့ကို သစ္စာခံသူတွေဆိုရင် ဘာ တွေပဲ လုပ်နေလုပ်နေ ရာထူးကြီးကြီးမားမားပေးပြီး လက်ရုံးတစ်ဆူ ဖြစ်လာအောင်တွန်းအားပေး စေခိုင်းတော့ တာပဲ။ များသောအားဖြင့်တော့ အာဏာရှင်တိုင်းပြည်များရဲ့ ထိပ်တန်းအာဏာပိုင်းများရဲ့ နောက်ကြောင်းရာဇ ၀င်ကို ပြန်လိုက်ကြည့်လိုက်ပါ တကယ်မိုက်ရူးရဲဆန်ဆန် လုပ်ခဲ့လူတွေကြီး ဖြစ်နေတာကို တွေ့ရပါလိမ့်မယ်။

ပညာတတ်ကို မလိုချင်ဘူး။ ပညာတတ်ဆိုရင် စာဖတ်တာတောင် သူတို့ကိုအန္တရာယ်ပြုမဲ့ ပုဂ္ဂိုလ်လို့သ ဘောထားခံခဲ့ကြရတယ်။ ဒီတော့ စာဖတ်တတ်ရင်ပဲ အဲဒီလူဟာ သူတို့ရဲ့ ရန်သူပဲပေါ့။ နောက်ဆုံး ရပ်ကွက်ထဲ မှာ၊မြို့နယ်ထဲမှာ အမိုက်ရိုင်းဆုံး၊မကောင်းမှုနဲ့ နာမည်ကျော်ဆုံးလူတွေကို စုပြီးတော့ အသင်းအဖွဲ့အစည်းတွေ ထူထောင်၊ အဲဒီထဲက ရက်စက်ကြမ်းကြုတ်ဆုံးလူကို ခေါင်းဆောင်အဖြစ် အသိမှတ်ပြုပြီး လုပ်ပိုင်ခွင့်တွေ ပုံ အောပေးလိုက်တော့တယ်။ အဲဒီပုဂ္ဂိုလ်တွေ များလာနေသမျှတော့ အပြစ်မဲ့ပြည်သူတွေလည်း ဆက်လက်ပြီး တိုက်ပွဲဝင်ရင်း စစ်အာဏာရှင်ကို တော်လှန်ရင်း ဘ၀တွေ၊ အသက်တွေ စတေးကြရဦးမှာပဲ မဟုတ်လား…….။
ရာဇာစိုး၊ ရန်ကုန်။

အပြည့်အစုံဖတ်ရန်...

ပခုက္ကူသံဃာတော်များက အာဏာပိုင်များ၏ လှူဒါန်းသည့်ပစ္စည်းများကို လက်မခံဘဲ လမ်းပေါ်တွင် ပစ်ချထား

မကွေးတိုင်း၊ ပခုက္ကူစာသင်တိုက်(၃)တိုက်မှ သံဃာတော်များက အာဏာပိုင်များလှူဒါန်းသည့် ပစ္စည်းများကိုလက်မခံပဲ လမ်းပေါ်တွင် ပစ်ချထားကြောင်း ပခုက္ကူမြို့ခံတဦးက ပြောသည်။ စာသင်တိုက်(၃)တိုက်သို့ လွန်ခဲ့သည့်လေးရက်ခန့်က အာဏာပိုင်များက ဆန်၊ဆီ အစရှိသည့် ပစ္စည်းများကို လာရောက်လှူဒါန်းရာ သံဃာတော်များက အဆိုပါပစ္စည်းများကို လမ်းမပေါ်သို့ ပြန်လည်ရွေ့ပြောင်းထားခဲ့သည်။
“အလယ်တိုက်ကဆို အဝင်ကတည်းက လုံးဝလက်မခံလိုက်တာ၊ အရှေ့တိုက်နဲ့ အနောက်တိုက် တို့ကတော့ လက်ခံပြီးမှ ပစ္စည်းတွေကို လမ်းပေါ်အကုန်ပစ်ထားလိုက်တာ”ဟု မျက်မြင် ပခုက္ကူမြို့ခံတဦးက ပြောသည်။

ယင်းကဲ့သို့ သံဃာတော်များက အလှူပစ္စည်းများကို လက်မခံခဲ့သည့်နောက်ပိုင်း ပခုက္ကူမြို့ပေါ်ရှိ အဆိုပါစာသင်တိုက်အနီးရှိ မီးကင်းတဲများတွင် နေ့ညမပြတ် ရဲဝတ်စုံနှင့်အရပ်ဝတ်များ ဝတ်ဆင် ထားသည့် လုံခြုံရေးများ တိုးမြှင့်ချထားလာသည်ကိုတွေ့ရကြောင်း ၄င်းကဆက်လက် ပြော သည်။

နေ့ရောညပါ မီးသတ်ကင်းတဲများတွင်လုံခြုံရေးချထားပြီး ည ၁၀ နာရီကျော်ခန့်မှစ၍ အယောက်(၂၀) ဦးထက်ပိုသည့် ရဲအပါအဝင်လုံခြုံရေးများက ကားများဖြင့် ယနေ့အထိ ကင်းလှည့် စောင့်ကြည့်မှုများရှိနေခဲ့သည်။

“ပစ္စည်းတွေလက်မခံတဲ့ကိစ္စနဲ့ ပတ်သက်လိမ့်မယ်ထင်တယ်၊ အနောက်တိုက် အနောက်နားမှာ အတုလမုနိဘုရား မှာကင်းတဲ တခုရှိတယ်၊ အဲ့ဒီမှာလည်းစောင့်တယ်၊ ဘုန်းကြီးတွေက ဂွနဲ့ ဆွဲထုတော့ အဲ့ဒီကနေပြေးပြီး အခု(၁၂) ရပ်ကွက်က ခန်တော ကင်းတဲဘက်မှာ လုံခြုံရေး ချထားတာ” ဟု ပခုက္ကူမြို့ခံက ပြောသည်။

ပြီးခဲ့သည့်နှစ် စက်တင်ဘာလ (၅) ရက်နေ့တွင် ပခုက္ကူသံဃာတော်များက ငြိမ်းချမ်းစွာမေတ္တာပို့ လမ်းလျှောက်ကြွချီခဲ့ရာ ပခုက္ကူအခြေစိုက်တပ်ရင်းမှ ဗိုလ်မှူးမျိုးသန့်ဇင် ၊ မြို့နယ်ကြံ့ဖွံ့ စည်းရုံးရေးမှူး ဦးအေးမြင့်ဦးဆောင်အဖွဲ့တို့က အကြမ်းဖက်နှိမ်နင်းခဲ့ပြီး အနောက်တိုက်မှ အရှင်ပညာစက္ကနှင့် အရှင်ပညာနန္ဒတို့ ဓါတ်တိုင်တွင်ကြိုးဖြင့် တုတ်နှောင် ရိုက်နှက်ခြင်းကို ခံခဲ့ရသည်။

ထို့နောက် မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့တပ်ပေါင်းစုကြီးမှ ပခုက္ကူသံဃာတော်များအပေါ် အကြမ်းဖက်ခဲ့သည့်ကိစ္စ ဝန်ချတောင်းပန်ရန်နှင့် အချက်(၄) ချက်ပါသည့် တောင်းဆိုမှုကို စစ်အစိုးရအား ရက်သတ်မှတ်တောင်းဆိုပြီးနောက်ပိုင်း နိုင်ငံအနှံ့သံဃာထု၏ မေတ္တာပို့ လမ်းလျှောက်ကြွချီ ဆန္ဒပြလှုပ်ရှားမှုကြီး ပေါ်ပေါက်ခဲ့သည်။

ယမန်နေ့တွင် ပခုက္ကူခရိုင်ရုံးသို့ မြိုင်၊ ကံမ္မ၊ ပေါက်၊ ရေပြာမြို့တို့မှ မြို့နယ်အာဏာပိုင်များကို ဆင့်ခေါ်၍ ခရိုင်ဥက္ကဌ မှ ဆွေးနွေးပွဲပြုလုပ်ခဲ့ရာ စစ်တပ်၊ ရဲနှင့် အဓိကရုဏ်းနှိမ်နင်းရေးကားများ၊ သံဆူးကြိုးများပါ တွေ့မြင်နေရသည်ဟု ယနေ့ပခုက္ကူမြို့ခံက ဆက်လက်ပြောဆိုသည်။
Yoma3

အပြည့်အစုံဖတ်ရန်...

Wednesday, August 20, 2008

ဂမ်ဘာရီနဲ့ မြန်မာပြည် သို့မဟုတ် ဂမ်ဘာရီ ဘယ်လဲ၊ ဘာလဲ

ယနေ့မြန်မာပြည်အခြေအနေကို တရုတ်မှာကျင်းပနေတဲ့ အိုလံပစ်အားကစားတွေ လောက် ဂရုမစိုက်။ ဘရာဇီးလ် အာဂျင်တီးနားကို ဂိုးပြတ်ရှုံးသွားတာလောက် စိတ်ခံစားမှု မပြင်းပြဖြစ်နေကြသည်။ အခု ဂမ်ဘာရီ မြန်မာပြည်ကို ရောက်နေတာ ”ဘယ်သူမှစိတ်မ၀င် စားခြင်းဟာ တော်တော်လေးကို စိတ်ညစ်စရာဖြစ်မိတယ်”လို့ လူကြီးတစ်ယောက် ပြောဆိုသံကို ကြားခဲ့ရသည်။ ဒီတော့ ဂမ်ဘာရီဘယ်လဲ၊ ဘာလဲ ဆိုတဲ့မေးခွန်းမျိုးကို မေးကြရတော့သည်။

အဘယ့်ကြောင့်ဂမ်ဘာရီ ဒီရက်ကို ရွေးချယ်ပြီးလာခဲ့သနည်း။ အကယ်၍ ဂမ်ဘာရီ မြန်မာပြည်ကနေပြန်သွားရင် ကုလသမဂ္ဂမှာ ဘာတွေအစီရင်ခံတင်ပြနိုင်မည်သည်။ ဘယ် သူတွေနဲ့ ထပ်မံတွေ့ဆုံးပြီး ဘယ်လိုစကားမျိုးတွေ ပြောသွားခဲ့သနည်။ ဘယ်လိုသတင်းစာ ရှင်းလင်းပွဲတွေ လုပ်သွားပြီး ဘာတွေပြောသွားခဲ့မည်နည်း။ ဒီလိုအခြေအနေမျိုးမှာ မြန်မာ ပြည်သူလူထုသည် ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရဲ့ မြန်မာပြည်ကိုယ်စားလှယ် ဂမ်ဘာရီ ကို ဂရုမစိုက်သလို၊ကုလသမဂ္ဂအတွင်းရေးမှုးချုပ် ဘန်ကီမွန်းကိုလည်း အရေးမလုပ်တော့ ချေ။ ဘာကိုမှ အယုံအကြည်မရှိတော့တဲ့ မြန်မာပြည်သူလူထု အနေဖြင့် ပြည်တွင်းမှာ သူ တို့လေးစားရသော ဆရာတော်များ၊ပုဂ္ဂိုလ်များ၏ စကားလောက်ကိုမှ ပြည်ပကိုအားကိုးလို စိတ်၊ ယုံကြည်စိတ် ကင်းပျောက်နေခဲ့ကြသည်။

တကယ်ကော ကုလအနေနဲ့ကော ပြည်တွင်းမှာရှိတဲ့ အတိုက်ခံများနှင့် ပြည်သူလူ ထုယုံကြည်ရလောက်အောင် မြန်မာ့အရေးကို ဘာတွေလုပ်ခဲ့ပြီးပြီလဲ။ ဘာတွေလုပ်ပေးနိုင် ဦးမှာလဲ။ အမှန်တကယ်ကော မြန်မာပြည်သူလူထုများကို စိတ်ဝင်စားအောင်၊ ယုံကြည်လာ အောင် ပုံဖော်လုပ်ဆောင်နိုင်ဦးမလား စိတ်ဝင်စားစရာဖြစ်နေသည်။ ဂမ်ဘာရီဘယ်ကို သွားသလဲ၊ ဘာကို လုပ်ဆောင်ခဲ့သလဲ။ ဘယ်သူတွေနဲ့ တွေ့ခဲ့သလဲဆိုတဲ့ မေးခွန်းရဲ့အဖြေကိုတော့ ပြည်သူလူထုအနေနဲ့ ပေကျင်းအိုလံပစ်မှာ ကျင်းပနေတဲ့ နောက်ဆုံးဗိုလ်လုပွဲမှာ ထိပ်တိုက်တွေ့ကြတော့မယ့် နိုင်ဂျီးရီးယားနဲ့ အာဂျင်တီးနားတို့ရဲ့ ရလာဒ်လောက်စိတ်ဝင်စားမှု ကင်းမဲ့နေခဲ့တော့သည်။

ဒီလိုဆိုရင် မြန်မာပြည်အစိုးရအနေနဲ့ကတော့ တစ်နေ့တစ်မျိုးထုတ်ပြန်နေတဲ့ စည်း မျဉ်းတွေ၊ ဥပဒေသတွေနဲ့ ပြည်သူလူထုကို ထပ်မံနှိပ်စက်အနိုင်ကျင့်နေခဲ့လိမ့်ဦးမည်။ လာမယ့် စက်တင်ဘာနှစ်ပတ်လည်ကို ကြောက်လန့်ပြီး ချထားတဲ့လုံခြုံရေးများနဲ့ ပြည်သူ လူထုကို ခြောက်လှန့်နေဆဲဖြစ်သည်။ ဘုရားကျောင်းကန်များကို သူပုန်စခန်းများကဲ့သို့ လက်နက်ကိုင်များ ကြံ့ဖွက်များ စွမ်းအားရှင်များ လုံထိန်များနှင့် ကျက်သရေကင်းမဲ့လာနေ အောင် ရန်ကုန်မြို့၏ လက်ရှိအခြေအနေသည် စိတ်ပျက်ဖွယ်ရာဖြစ်နေသည်။ ဘုန်းတော် ကြီးကျောင်းများဆိုရင်လည်း ကျောင်းထိုင်ဆရာတော်များကို ဖိအားပေးပြီး မြို့နယ်သံဃ နာယကဆရာတော်များမှတဆင့် စည်းကမ်းတွေထုတ်ပြန်နေခြင်းဖြင့် ရဟန်းသံဃာ တော်များကို စော်ကားနေခြင်း၊ တင်းကျပ်နေခြင်းသည် သာသနာတော်ကို ပြုပြင်ရာ
မရောက်စေဘဲ စော်ကားရာရောက်နေခဲ့လေသည်။

“ဂမ်ဘာရီဘယ်လဲ၊ ဘာလဲ ဆိုတဲ့မေးခွန်းမျိုးလောက်နဲ့ မြန်မာပြည်အခြေအနေသည် ဘာမှ ပြုပြင်ပြောင်းလဲလာလိမ့်မည်မဟုတ်“ဟု မျိုးချစ်ပုဂ္ဂိုလ်ကြီးတစ်ဦး၏ သုံးသပ်ချက်ကို ရင်နာနာနဲ့ လက်ခံရတော့မည်ဖြစ်သည်။
ရာဇာစိုး၊ ရန်ကုန်။

အပြည့်အစုံဖတ်ရန်...

Friday, August 15, 2008

လာရာလမ်း၊ ပစ္စုပ္ပန်ခြေလှမ်းနဲ့ ပုပ်လာတဲ့အသီး

ပြည်ချစ်ဘုန်းဘုန်း

ပြည်တွင်းက သူငယ်ချင်းက မေးလာတယ်။ `သူငယ်ချင်းရေ တက္ကသိုလ်အတွက် ဆောင်းပါးလေး ဘာလေး ရေးပါလား၊ တက္ကသိုလ်နှစ်ပတ်လည် မဂ္ဂဇင်းအတွက်´တဲ့။ စာရေးသူ သူငယ်ချင်းက ရန်ကုန်၊ ကမ္ဘာအေးက နိုင်ငံတော် ပရိယတ္တိ သာသနာ့ တက္ကသိုလ်မှာ ပညာသင်လာတာ အခုဆိုရင် ခြောက်နှစ်ရောက်လို့ M.A တန်း တက်ရောက်သင်ကြားနေသူဖြစ်တယ်။ စာရေးသူကလည်း ပြန်ပြောရတယ်။ `ဟာ … တက္ကသိုလ်အကြောင်း ကို တက္ကသိုလ်ထဲက ကိုယ်တော်တို့ကရေးမှ ပိုပြီးကောင်းမှာပေါ့။ တပည့်တော်တို့က ကြားဖူးနားဝပဲ ရှိတာ။ အရှင်တို့က ကိုယ်တွေ့ကြုံနေရတာ´လို့။ ဒါပေမယ့် သူက `ဘာပဲဖြစ်ဖြစ်ပေါ့၊ ဆောင်းပါးလေး တစ်ပုဒ် လောက်တော့ လုပ်ပါ´လို့ ဆိုလာတာနဲ့ ဒီဆောင်းပါးကို ရေးရပါတယ်။ အဲဒီလိုပြောပြီး နောက်တစ်ပတ်မှာ တက္ကသိုလ်က သူရေးစေချင်တဲ့ အချက်အလက်တွေကို အီးမေးလ်ပို့လာပါတယ်။ အဆိုပါ အချက်အလက်များ ကို အခြေခံပြီး တင်ပြသွားပါမယ်။

စာရေးသူ ဒီကိုရောက်မလာခင်က တက္ကသိုလ်နဲ့ တရင်းတနှီးကို ရှိခဲ့ဖူးပါတယ်။ သူငယ်ချင်းတွေဆီ သွားသွား လည်နေကျ။ မင်းကွန်းဆရာတော်ဘုရားကြီးက အမြော်အမြင်ရှိရှိနဲ့ ဦးဆောင်ဖွင့်လှစ်ခဲ့တဲ့ တက္ကသိုလ် ကြီး။ သာသနာကို မြန်မာမှာမက ကမ္ဘာကိုပါ ဖြန့်နိုင်စွမ်းရှိတဲ့ သာသနာပြု ရဟန်းတော်များ ပေါ်ပေါက်လာရေးကို အဓိက ရှေးရှုပါတယ်။ တက္ကသိုလ်အဆောင်တွေ တည်ဆောက်ဖို့အတွက် ဆရာတော်ကြီးဟာ အသက်အ ရွယ်နဲ့ မလိုက်အောင် မြန်မာနိုင်ငံ တစ်နိုင်ငံလုံးကို လှည်းနဲ့ပင့်လည်း ကြွ၊ လှေနဲ့ပင့်လည်း ကြွ၊ ပင်ပင်ပန်းပန်း နဲ့ကို အလှူငွေတွေ ရှာဖွေပြီး တည်ဆောက်ခဲ့ရတယ်။ တကယ်လည်း ဆရာတော်ကြီး ပင်ပန်းရကျိုးနပ်ခဲ့တယ် လို့ ဆိုနိုင်ပါတယ်။ ပြည်ပသာသနာ ပြန့်ပွားရေးအတွက် တိုက်ရိုက်အကျိုးသက်ရောက်မှု မရှိဘူးလို့ ဆိုနိုင်ပေ မယ့် သာသနာ့တက္ကသိုလ်ရဲ့ ကျေးဇူးနဲ့ တောင်တန်းဒေသက ညီရင်းအကိုတွေကို တရားဓမ္မတွေ ဝေငှပေးနိုင် ခဲ့ပါတယ်။

စာရေးသူ ဒီကိုရောက်မလာခင်က တက္ကသိုလ်နဲ့ တရင်းတနှီးကို ရှိခဲ့ဖူးပါတယ်။ သူငယ်ချင်းတွေဆီ သွားသွား လည်နေကျ။ မင်းကွန်းဆရာတော်ဘုရားကြီးက အမြော်အမြင်ရှိရှိနဲ့ ဦးဆောင်ဖွင့်လှစ်ခဲ့တဲ့ တက္ကသိုလ် ကြီး။ သာသနာကို မြန်မာမှာမက ကမ္ဘာကိုပါ ဖြန့်နိုင်စွမ်းရှိတဲ့ သာသနာပြု ရဟန်းတော်များ ပေါ်ပေါက်လာရေးကို အဓိက ရှေးရှုပါတယ်။ တက္ကသိုလ်အဆောင်တွေ တည်ဆောက်ဖို့အတွက် ဆရာတော်ကြီးဟာ အသက်အ ရွယ်နဲ့ မလိုက်အောင် မြန်မာနိုင်ငံ တစ်နိုင်ငံလုံးကို လှည်းနဲ့ပင့်လည်း ကြွ၊ လှေနဲ့ပင့်လည်း ကြွ၊ ပင်ပင်ပန်းပန်း နဲ့ကို အလှူငွေတွေ ရှာဖွေပြီး တည်ဆောက်ခဲ့ရတယ်။ တကယ်လည်း ဆရာတော်ကြီး ပင်ပန်းရကျိုးနပ်ခဲ့တယ် လို့ ဆိုနိုင်ပါတယ်။ ပြည်ပသာသနာ ပြန့်ပွားရေးအတွက် တိုက်ရိုက်အကျိုးသက်ရောက်မှု မရှိဘူးလို့ ဆိုနိုင်ပေ မယ့် သာသနာ့တက္ကသိုလ်ရဲ့ ကျေးဇူးနဲ့ တောင်တန်းဒေသက ညီရင်းအကိုတွေကို တရားဓမ္မတွေ ဝေငှပေးနိုင် ခဲ့ပါတယ်။

သာသနာ့တက္ကသိုလ်ကနေ အသိပညာတွေပေးပုံက တစ်မျိုး။ အပြင်က ကျောင်းတိုက်ကြီးတွေနဲ့ မတူဘူး။ အပြင်ကျောင်းတိုက်တွေမှာက သမိုင်းတို့၊ ဘာသန္တရတို့၊ အခြားဖတ်သင့်ဖတ်ထိုက်ရာ စာအုပ်တို့ဆိုတာ ဖတ်ဖို့ မလွယ်ပါဘူး။ ပြဋ္ဌာန်းကျမ်းစာကလွဲပြီး ကျန်တာတွေဖတ်ရင် အပြစ်ပေးခံရပါတယ်။ တကယ်ကို စာပေ၀ါသနာ ပါတဲ့ စာသင်သားတွေဟာ ဗဟုသုတ စာအုပ်စာပေတွေကို ခိုးကြောင်ခိုးဝှက် ဖတ်ရပါတယ်။ စာရေးသူ ဒီလိုပြောလိုက်တာဟာ အပြင်ကျောင်းက သံဃာတော်တွေဟာ ဗဟုသုတစာပေတွေ မရှိဘူးလို့ မဆိုလိုပါ ဘူးနော်။ ခေါက်ရိုးကျိုးနေတဲ့ မြန်မာနိုင်ငံက ဘုန်းကြီးကျောင်းပညာရေးလို့ဆိုတဲ့ Monastic Education ဟာ မှိုတက်နေပြီဆိုတာကို ပြချင်လို့ပဲ။ ဒါပေမယ့် တကယ့်ကို စာပေလိုက်စားတဲ့ ဗဟုသုတ လိုလားတဲ့ သံဃာ တော်တွေကတော့ ကိုယ်ထူကိုယ်ထ စာအုပ်စာပေများကို ဖတ်ရှုပြီး စာရေးဆရာလုပ် ပြည်သူကို အသိပညာ တွေ ပေးဝေနေဆဲပါပဲ။

ဒါပေမယ့် စနစ်ရဲ့ကျဉ်းကျပ်စွာတုပ်နှောင်မှုထဲက ခက်ခဲစွာ ရုန်းထွက်လာရတာဆိုတော့ အများစုဆိုတဲ့ စကား ကို သုံးစွဲခွင့် မကြုံသေးပါဘူး။ အနည်းစုကလေးပဲ ရှိပါတယ်။

အဲဒီ ကျယ်ပြန်တဲ့ ဗဟုသုတကြွယ်ဝတဲ့ သံဃာတော်များ များပြားလာမှသာ တနည်းအားဖြင့် ရဟန်းတော် တွေရဲ့ သုံးပုံနှစ်ပုံက ပြည်သူတွေလိုအပ်တဲ့ ပညာရပ်တွေကို ပေးနိုင်စွမ်းရှိမှသာ အဆိုပါ ပညာရေးကို `ခေတ်မီတယ်၊ လိုက်လျောညီထွေဖြစ်တယ်´လို့ ဆိုနိုင်ပါလိမ့်မယ်။ ပြောမယ့်သာ ပြောရတာ ဒါတွေက စိတ်ကူးယဉ်ရုံသာ ဖြစ်ပါတယ်။ လူကြီးဖြစ်သူက `ဒါ´ဆိုရင် `ဒါ´လိုက်လုပ်မှ လူတော်၊ သူတော်ကောင်းလို့ ပြောခံရမယ့် ဒီနေ့ မြန်မာတွေရဲ့ စိတ်ဓာတ်နဲ့ အားလုံးအတွက် လိုက်လျောညီထွေဖြစ်မယ့် ခေတ်မီတဲ့ ပညာ ရေးကို ပြဋ္ဌာန်းတည်ဆောက်ဖို့ မလွယ်ပါဘူး။ အင်း….ရကို မရနိုင်ပါဘူးလို့ ဆိုရမလို ဖြစ်နေတယ်။

သာသနာ့တက္ကသိုလ်ဟာ စ,ဖွင့်တုန်းက သူ့ခေတ်ရဲ့ တောင်းဆိုမှုကို မင်းကွန်းဆရာတော်ဘုရားကြီးနဲ့ နှစ် ဖက်လှ ဆရာဦးကျော်လွင်တို့က ဖြည့်ဆီးပေးတဲ့အနေနဲ့ ဖွင့်လှစ်ခဲ့တာပါ။ သူ့ခေတ်က တောင်းဆိုမှုနဲ့ ယခု လက်ရှိခေတ် တောင်းဆိုမှုဟာ မတူတော့ပါဘူး။ မတူပေမယ့် ဖွင့်စတုန်းက ပေးခဲ့တဲ့စနစ်က ယနေ့အထိ စွဲ ကိုင်ထားတုန်းပဲ။ လာရာလမ်းက ကောင်းခဲ့ပေမယ့် ပစ္စုပ္ပန်ခြေလှမ်းတွေက ယိမ်းလာတယ်။

မြန်မာတွေဟာ စစ်အစိုးရကို `မုန်းတယ်၊ မကြိုက်ဘူး´ဘယ်လိုပဲပြောပြော စစ်အစိုးရရဲ့ `အထက်အောက် စနစ်´က မိသားစုမှာပဲဖြစ်ဖြစ်၊ အဖွဲ့အစည်းတွေမှာပဲဖြစ်ဖြစ်၊ ကျောင်းတိုက်တွေမှာပဲဖြစ်ဖြစ် ကြီးစိုးနေတာ တွေ့ရမယ်။ သာသနာ့တက္ကသိုလ်မှာလည်း အဲဒီအတိုင်းပဲ။ အထက်လူကြီးတွေရဲ့ စကားကို မြေ၀ယ်မကျ နား ထောင်တတ်မှ တပည့်ကောင်း ပီသတယ်။

ကတ္တား၊ ကံတောင် မှန်အောင်မခွဲတတ်တဲ့ ကိုယ်တော်တွေက အဋ္ဌကထာ၊ ဋီကာစာအုပ်ကြီးတွေကိုင်ပြီး ဆရာလုပ်နေသူတွေကလည်း အများကြီး။ တက္ကသိုလ်ထဲမှာတောင် ပေါ်တင်မပြောကြလို့သာရယ် ‘Master All Know’ ဆိုရင် ဘယ်ဆရာတွေကို ရည်ညွှန်းမှန်း ကျောင်းသားတွေက သိကြတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က မသိတာ မရှိဘူးလေ။ ဆိုလိုတာက ဘာမှ အရည်အချင်း မပြည့်မီဘဲ ဆရာလုပ်နေသူတွေ အများကြီး ရှိလာတယ်။ တက္ကသိုလ်သမိုင်းမှာ အရည်အချင်းရှိပြီး အမှန်တကယ် တက္ကသိုလ်ကိုချစ်တဲ့ လူတော်တွေ အဝေး ရောက်သွားခဲ့ကြရတာတွေက အများကြီး ရှိခဲ့တယ်။

ခေတ်မီပြီး စာသင်ကောင်းတဲ့ ဆရာတွေလည်း ရှိပါတယ်။ ကျမ်းဂန်နှံ့စပ်သလို ခေတ်ပေါ်ပညာရပ်တွေ ကျွမ်းကျင်တဲ့ စာချဆရာတော်တွေလည်း အများကြီး ရှိပါတယ်။ အချို့ဆရာတော်တွေဟာ ဘာမှရပိုင်ခွင့်မှ မရရှိကြပေမယ့် စာသင်သား သံဃာတော်တွေလို နေထိုင်၊ စားသောက်ပြီး စေတနာသန့်သန့်နဲ့ တက္ကသိုလ်ကြီး တိုးတက်ရေးအတွက် တာဝန်ထမ်းဆောင်နေကြပါတယ်။

ဒါပေမယ့် တကယ်တတ်ကျွမ်းတဲ့ အဆိုပါဆရာတော်တွေက စွမ်းအားရှင်ဘုန်းကြီးတွေနဲ့ စွမ်းအားရှင်ဒကာ တွေအောက်မှာ ဘာအာဏာမှ မရှိကြပါဘူး။ ဘာလုပ်ပိုင်ခွင့်မှ မရှိကြပါဘူး။

အခု ပြောပြတာတွေက အမြွက်မျှပဲ ရှိပါသေးတယ်။ ပစ္စုပ္ပန်ခြေလှမ်းကို အနည်းငယ် ဖော်ပြလိုက်တာပဲ ရှိပါ သေးတယ်။ အဓိကပြောချင်တဲ့ အချက်တွေ လွတ်ကုန်မှာစိုးလို့ ရပ်ထားလိုက်တယ်။

ဆိုတော့ `ဒီလို မဖြစ်သင့်တဲ့ လုပ်ရပ်တွေ၊ မဖြစ်သင့်တဲ့ ဆရာတွေ ဖြစ်နေတာကို လူကြီးတွေက ဘာမှ မလုပ် ဘူးလား´လို့ မေးချင်သူတွေ ရှိလာလိမ့်မယ် ထင်တယ်။ `ပုပ်လာတဲ့ အသီး´ဆိုတာ အခုမှ လာမှာပါ။

စစ်အစိုးရဟာ ဉာဏ်များတယ်ဆိုတာ လူတိုင်းသိပြီးဖြစ်တယ်။ သံဃာကို သံဃာနဲ့နှိမ်နင်းမှ ချိုးနှိမ်မှ ထိရောက် တယ်ဆိုတာ သူတို့သိတယ်။ အခု ပိုပြီးသိလာလို့ ပိုပြီးထိရောက်အောင် လုပ်လာတယ်။ တဖြည်းဖြည်းနဲ့ သံဃာ့ဘောင်ထဲမှာ သူတို့စိတ်ကြိုက်လိုက်လုပ်မယ့် `စွမ်းအားရှင်ဘုန်းကြီး´တွေကို မွေးမြူလာတာ တွေ့ရ တယ်။ တချို့ စွမ်းအားရှင်ဘုန်းကြီးတွေကတော့ အစကတည်းက မကောင်းတာ၊ အစကတည်းက ကိုယ်ကျိုး ရှာသမား၊ အတ္တသမားတွေ။ ဘယ်သူသေသေ၊ ငတေမာရင် ပြီးရောဆိုတဲ့ အတန်းအစားတွေ။ တချို့ကျတော့ အစကတော့ စိတ်ကောင်းရှိသလို၊ အများအကျိုး သယ်ပိုးချင်စိတ်ရှိသလို ထင်ရတယ်။ ပစ္စည်းဥစ္စာ၊ လာဘ် လာဘနဲ့ ဖြားယောင်းလာတဲ့ အခါကျတော့ သူတို့ဟာ စစ်အစိုးရအလိုကျ `စွမ်းအားရှင်´တွေ ဖြစ်လာကြ တယ်။

သာသနာ့တက္ကသိုလ်၊ နှစ်ပတ်လည် မဂ္ဂဇင်းအတွက် ရေးတဲ့ဆောင်းပါးဆိုတော့ သာသနာ့တက္ကသိုလ်ကို သန့် ရှင်းစေလိုတဲ့ သဘောနဲ့ သာသနာ့တက္ကသိုလ်က `စွမ်းအားရှင်ဘုန်းကြီး´တွေကိုပဲ အဓိက ရေးသွားပါမယ်။ စက်တင်ဘာ အရေးအခင်းကြီးမှာ သံဃာတွေ ဆန္ဒပြလို့ ပြည်သူတွေရဲ့ လွတ်လပ်ရေး တေးသွားတွေဟာ နိုးကြားလာခဲ့တယ်။ သံဃာတော်တွေထဲက အမျိုး၊ ဘာသာ၊ သာသနာကို ချစ်တဲ့ သံဃာတွေလည်း ပေါ် ထွက်တယ်။ သူတို့ကို စစ်အစိုးရက ဘယ်လောက်ပဲ ထောင်ချ၊ အကျဉ်းချထားသည်ဖြစ်စေ ပြည်သူတွေက သူရဲကောင်းတွေအဖြစ် ဆုတံဆိပ်တွေ ပေးခဲ့ကြတယ်။

သာသနာ့တက္ကသိုလ်မှာလည်း ဆုတံဆိပ်တွေ ပေးခဲ့ကြတယ်။ ဘယ်ဆရာတော်ကတော့ ဆန္ဒပြသံဃာတော် တွေကို ဘယ်လိုကာကွယ်ပေးတယ်။ ဘယ်ဆရာတော်ကတော့ ဘယ်လိုကူညီပေးတယ်။ ရေးချင်တဲ့ အချက် အလက်တွေက အများကြီး။

စက်တင်ဘာအရေးအခင်းမှာ နာမည်ကြီးသွားတဲ့သူတွေ အများကြီးရှိတယ်။ တချို့က အများအတွက် ရှေးရှုလို့ နာမည်ကြီးတယ်။ တချို့က အများကို ချောက်ချလို့ နာမည်ကြီးတယ်။ ကျောင်းတိုက်တွေမှာလည်း ခုချိန်ထိ အကြောင်းတိုက်ဆိုင်တိုင်း နာမည်ကြီးတွေအကြောင်း ပြောဖြစ်ကြတယ်။

စာဖတ်သူတွေသိအောင် `စွမ်းအားရှင်ဘုန်းကြီး´ရဲ့ အကြောင်းကို အနည်းငယ် ပြောပြပါမယ်။ သာသနာ့ တက္ကသိုလ်မှာ စက်တင်ဘာ အရေးအခင်းတုန်းက နာမည်အကြီးဆုံးကတော့ လက်ရှိမကွေးဆောင်မှာ ကုတ် ကပ်နေတဲ့ ကြောင်သူတော် ကြွက်သူခိုး `စွမ်းအားရှင်ဘုန်းကြီး´ဖြစ်တယ်။

တကယ်တော့ သူဟာ စက်တင်ဘာရောက်မှ နာမည်ကြီးတာ မဟုတ်ပါဘူး။ အရင်ကတဲက တက္ကသိုလ်မှာ နာမည်ကြီးပါတယ်။ နာမည်ကြီးလား၊ မကြီးလားဆိုတာ သိရအောင် သူ့ရဲ့ နာမည်ပြောင်လေးတွေကို ကြည့် လိုက်ပါဦး။ သူ့အကြောင်းပြောတဲ့သူတိုင်း ဘယ်သူမှ သူ့ရဲ့ ဘွဲ့နာမည်အရင်းအတိုင်း ခေါ်ဝေါ်ပြောဆိုလေ့ မရှိကြဘူး။

`၀က်ကုန်း(၀ါဂွမ်း)၊ ထိပ်ပြောင်၊ ပြောင်ကြီး၊ ငပန်၊ ဂွေးပန်၊ ခွေးပု၊ ဂွေးပု၊ မစ္စတာအောလ်နိုး၊ အနောက် တောင်ပိုင်းစစ်ဌာနချုပ်´ဆိုတဲ့ နာမည်လှလှလေးတွေဟာ တက္ကသိုလ်သံဃာတွေ ပေးထားတဲ့ အဆိုပါ စွမ်းအားရှင်ဘုန်းကြီးရဲ့ နာမည်တွေပါပဲ။ စက်တင်ဘာအရေးအခင်းမှာ သံဃာတွေကို အမျိုးမျိုး ပုတ်ခတ်ခဲ့ သူကလည်း ၀က်ကုန်းပါပဲ။ စာရေးသူရေးတာကို ကြည့်ပြီး သုံးသပ်ရင် သံသယဖြစ်နေလိမ့်မယ်။ အဆိုပါ နာမည်ပြောင်လေးတွေကို ကြည့်ပြီး သူ့ရဲ့ ကာရိုက်တာကို မှန်းကြည့်လို့ ရပါတယ်။ သူဟာ န.အ.ဖလိုပဲ ကိုယ့်အကျိုးအတွက်ဆိုရင် အားလုံးကို လုပ်ဝံ့တဲ့သူ ဖြစ်တယ်။ ရဟန်းဝတ်ပြီး `ဘယ်သူသေသေ ငတေမာ ပြီးရော´လူစားမျိုးဖြစ်တယ်။ စက်တင်ဘာ အရေးအခင်းမှာလည်း သံဃာတွေရဲ့ဘက်ကနေ ရပ်တည်ပေးခဲ့ သူ မဟုတ်ဘူး။ သူ့ကြောင့် တက္ကသိုလ်ပြင်ပ ရောက်သွားရတဲ့ သံဃာတော်တွေဟာ တက္ကသိုလ်သမိုင်းမှာ အများကြီးရှိခဲ့တယ်။ သူဟာ မင်္ဂလာဗျူဟာ … စတဲ့ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းတွေမှာလည်း လူတတ် ကြီးလုပ်ပြီး သင်တန်းဆရာ လုပ်နေသူလည်းဖြစ်တယ်။

နောက်စွမ်းအားရှင် တစ်ယောက်ကတော့ `လက်ရှိမော်ထိန်း၊ ဒု-ပါမောက္ခချုပ်´လုပ်နေတဲ့သူဖြစ်တယ်။ သူဟာ လည်း န.အ.ဖ ဘက်တော်သားပီပီ န.အ.ဖလိုပဲ အာဏာရှင်ဆန်ဆန် အုပ်ချုပ်တတ်သူဖြစ်တယ်။ စက်တင် ဘာအရေးအခင်းမှာ စာသင်သား သံဃာတော်တွေဘက်က မားမားမတ်မတ် ရပ်တည်ပေးခဲ့တဲ့ ဒုတိယနာ ယကချုပ် ဆရာတော်ကိုလည်း တိုက်ရိုက်မဟုတ်ပေမယ့် သွယ်ဝိုက်ပြီး ပ,ထုတ်ခဲ့ပါတယ်။

ဖြစ်ပုံက ဒီလိုပါ။ တက္ကသိုလ်သမိုင်းမှာ ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်၊ မော်ကွန်းထိန်းဆိုပြီး ရာထူးကြီး သုံးခုရှိပါတယ်။ စက်တင်ဘာအရေးအခင်းအပြီး မရှေးမနှောင်းမှာပဲ သူဟာ ပါမောက္ခရာထူး(ယာယီ)ကို တက် ယူပြီး န.အ.ဖ အလိုကျ ဆောင်ရွက်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ပါမောက္ခချုပ်ရာထူးကို ဒေါက်တာအာဒိစ္စကို ခန့်ထားခဲ့ပါတယ်။ အမှန်က သူ့ရဲ့ မူလရာထူးကို ပြန်သွားရမှာပါ။ ဒါပေမယ့် စစ်အစိုးရကလည်း သူတို့ခိုင်းသမျှ အကုန်လုပ်ပေးတဲ့ မော်ကွန်းထိန်းကို ရာထူးအဆင့် နိမ့်သွားစေချင်ပုံမရဘူး။ ဒါကြောင့် တစ်ခါမှ မကြားဖူးတဲ့ `စီမံဒုတိယနာယကချုပ်´ဆိုတဲ့ ရာထူးတစ်ခု ထပ်တိုးပြီး သူဟာ ရာထူးတစ်ခု ထပ်ယူလိုက်ပါတယ်။ ဒီအခြေ အနေကို သံဃာတော်များဘက်က မားမားမတ်မတ် ရပ်တည်ခဲ့တဲ့ ဒုတိယနာယကချုပ် ဆရာတော်ကလည်း သဘောပေါက်ပါတယ်။ အစည်းအဝေးပြီးလို့ တစ်ရက်နှစ်ရက် အတွင်းမှာပဲ ရာထူးမှ နှုတ်ထွက်ခါ မိမိနေရင်း ကျောင်းကို ပြန်သွားပါတယ်။

သူ့အတွက်ကတော့ နားအေးသွားပါပြီ။ အေးအေးဆေးဆေး တရားဟောစာချ လုပ်နေရုံပါပဲ။ သူတော်ကောင်း တွေကတော့ သာသနာ့မျက်နှာနဲ့ အာဏာယှဉ်လာရင် သာသနာ့မျက်နှာကိုပဲ ကြည့်တတ်ကြပါတယ်။ တကယ် တမ်း နစ်နာတာကတော့ အမိတက္ကသိုလ်ကြီးနဲ့ တက္ကသိုလ်က သင်တန်းသား သံဃာတော်တွေပါ။

အဆိုပါ စွမ်းအားရှင်တွေဟာ အရာရာကို ခြယ်လှယ်ချင်တဲ့ သဘောနဲ့ ရာထူးအသစ်တွေ တိုးပြီး သူ့ကိုယ်သူ ပေးထားတယ်ဆိုတာ ထင်ရှားပါတယ်။ တက္ကသိုလ်မှာ မော်ကွန်းထိန်း၊ ပါမောက္ခချုပ် (ယာယီ)၊ စီမံဒု-ပါမောက္ခ ချုပ် … ရာထူးအမျိုးမျိုးယူပြီး အရသာတွေ့နေသူ ဖြစ်သွားတယ်။

သိမ်တော်ကြီးကျောင်းတိုက်က သူ့အတ္တတွေကို ပိုပြီး ခိုင်မြဲစေခဲ့တယ်။ သိမ်တော်ကြီးကျောင်းတိုက်ဆိုတာ မ.ဟ.န (နိုင်ငံတော်သံဃာ့မဟာနာယက)က ပိုင်တာ။ ဆိုတော့ အစိုးရကျောင်းပေါ့။ အစိုးရကျောင်းဖြစ်လို့ ကျောင်းထိုင်အဖြစ်ကနေ ဖယ်ပေးရမှာ ကြောက်တာနဲ့ အောက်ဖိ၊ ထက်ဖား စွမ်းအားရှင် ဖြစ်လာရတော့တာပဲ။

တကယ်တော့ သူဟာ အော်ကျယ်အော်ကျယ်ပြောဖို့၊ သံဃာတွေကို ကျောင်းထုတ်ဖို့နဲ့ ရာထူးတက်အောင် အရာရှိတွေကို မျက်နှာလုပ်ဖို့လောက်ပဲ သိပါတယ်။ ဒါကို မဟာနာယက ဆရာတော်ကြီးများ သိဖို့ကောင်းပါ တယ်။ လက်တွေ့မှာ မော်ထိန်းဟာ စစ်အစိုးရ အရာရှိများနဲ့ မဟာနာယက ဆရာတော်ကြီးများကို ပေါင်းပြီး အာဏာတည်မြဲဖို့နဲ့ ရာထူးတက်ဖို့ပဲ ကြိုးစားနေတာပါ။

စက်တင်ဘာအရေးအခင်းနဲ့ အရေးအခင်းမတိုင်မီ ဖြစ်ခဲ့တဲ့ ဆွမ်းကွမ်းမလုံလောက်မှု ပြဿနာတွေမှာ အခြား သော နာယကချုပ်၊ ဒုချုပ်နဲ့ သင်ကြားစီမံ ဆရာတော်တွေအားလုံက အမိတက္ကသိုလ်ကြီး ပျက်စီးသွားမှာကို စိုးရိမ်ပူပန်နေပေမယ့် သူကတော့ တာဝန်မဲ့စွာပဲ သူနဲ့မဆိုင်ပါဘူး၊ သူ မကြာခင် နှုတ်ထွက်တော့မှာ မကြာခင် နားအေးရတော့မှာပါလို့ ပြောရက်တဲ့ စကားကိုကြည့်ခြင်းအားဖြင့် တက္ကသိုလ်အပေါ် ဘယ်လောက်ချစ်တယ် တက္ကသိုလ်ကနေ ဘာကို အမြတ်ထုတ်ချင်တယ်ဆိုတာ သိဖို့ကောင်းပါတယ်။

ဒါပေမယ့် အရေးအခင်းပြီးလို့ တည်တည်ငြိမ်ငြိမ် ဖြစ်လာတဲ့အခါကျမှ သူက မဟာနာယက ဆရာတော် တွေနဲ့ပေါင်းပြီး သူပဲ ကိုင်တွယ်လိုက်လို့ အေးအေးဆေးဆေးဖြစ်တဲ့ ပုံစံမျိုးနဲ့ ပြောခဲ့တာပါ။ ဘာမှမသိရှာတဲ့ ဆရာတော်ကြီးများနဲ့ သာသနာရေးဝန်ကြီးတို့ကလည်း လက်ရှိနာယကချုပ် ဆရာတော်ကြီးကို ရာထူးက ဖြုတ်ပြီး သူ့ကို ယာယီပါချုပ် တင်လိုက်ပါတယ်။ တကယ်တမ်းဖြစ်ရမှာက ကျောင်းသားအများစု လေးစားပြီး အရည်အချင်းရှိတဲ့ ဒုတိယနာယကချုပ် ဆရာတော်က ပါမောက္ခချုပ် ဖြစ်ရမှာပါ။ ဒါပေမယ့် သူက မဟာနာ ယက ဆရာတော်များနဲ့ စစ်အစိုးရဘက်တော်သားများကို ပူပေါင်းပြီး ယာယီပါချုပ်ရာထူးကို ရယူခဲ့ပါတယ်။

အပြင်မှာတော့ ဗိုလ်စောမောင် တိုင်းပြည်ကို ပြောခဲ့သလိုမျိုး သူက ရာထူးကို မလိုချင်ကြောင်း မလုပ်ချင်ဘဲ လုပ်ရခြင်းဖြစ်ကြောင်း သတင်းလွှင့်ပါတယ်။ တွေ့သမျှ လူပုဂ္ဂိုလ် ရဟန်းပုဂ္ဂိုလ်များကိုလည်း သူ့ရဲ့သဘော ထားတွေကို ကိုယ်တိုင်နှုတ်မှ ထုတ်ပြောပါတယ်။ ကျောင်းသားများအပေါ်မှာလည်း စေတနာထားရှိတဲ့အ ကြောင်းကို မကြာခဏ ကိုယ်တိုင်နှုတ်မှ ထုတ်ပြောလေ့ရှိပါတယ်။

တကယ်တမ်း စေတနာရှိမရှိ ဆိုတာကိုတော့ ယာယီပါချုပ် ဖြစ်လာတဲ့အခါကျမှ လက်တွေ့သိလိုက်ရပါတယ်။ စက်တင်ဘာအရေးအခင်းကို အကြောင်းပြပြီး စစ်အစိုးရရဲ့ အာဏာရှင်ဆန်ဆန် အုပ်ချုပ်ပုံကို သဘောမကျတဲ့ ကျောင်းသားများကို အပြစ်မရှိ အပြစ်ရှာပြီး စစ်အစိုးရအလိုကျ ကျောင်းမှ ထုတ်ပစ်ခဲ့ပါတယ်။ တက္ကသိုလ်ကို လည်း စစ်အာဏာရှင်တို့ရဲ့ မူအတိုင်း သင်ကြားစီမံ ဆရာတော်များ၊ ကျောင်းသားများ မနေနိုင်အောင် အ ကြောင်းအမျိုးမျိုးပြကာ စည်းကမ်းတင်းကျပ်ပါတယ်။

စစ်အာဏာရှင်များ သဘောကျအောင်လို့ အချို့သော အဆောင်းမှူးများကလည်း အာဏာရှင်ယာယီ ပါမောက္ခ ချုပ်နဲ့ ပေါင်းပြီး အပြစ်မဲ့တဲ့ ကျောင်းသားများကို ကျောင်းထုတ်စေခဲ့ပါတယ်။ တကယ်တမ်း စမ်းစစ်ကြည့်တော့ အထုတ်ခံရတဲ့ ကျောင်းသားတွေဟာ နိုင်ငံရေးကြောင့်မဟုတ်ဘဲ အဆောင်မှူးတွေရဲ့ အမြင်ကပ်တဲ့ ပုဒ်မတွေ ကြောင့်ဆိုတာ တွေ့ရပါတယ်။ အဆိုပါ အဆောင်မှူးတွေထဲမှာ မကွေးအဆောင်မှူးဟာ ထိပ်တန်းက ပါဝင်ခဲ့ တဲ့ စွမ်းအားရှင်ပဲ ဖြစ်ပါတယ်။

သူဟာ မင်္ဂလာဗျူဟာနဲ့ ဓမ္မဗျူဟာ လိုထင်းရှားတဲ့ ပြင်ပဌာနတွေမှာ လူပုဂ္ဂိုလ်များကို သင်တန်းအမျိုးမျိုး ပို့ချ ပြီး တက္ကသိုလ်ကို ခုတုံးလုပ်စားနေတဲ့ စွမ်းအားရှင် ဖြစ်ပါတယ်။ အဆောင်သံဃာများအပေါ်မှာ အလေးမထား ဘဲ ဒကာဒကာမပေါများရေး ဘုန်းကံကြီးရေးကိုသာ လုပ်ဆောင်နေသူပါ။

ဒါကိုလည်း အဆောင်နေသံဃာများနဲ့ တက္ကသိုလ်တစ်ဝန်းလုံးက သိကြပါတယ်။ သူ့ရဲ့အပြစ်တွေကို ဖုံးကွယ် ချင်တော့ ယခု ယာယီပါချုပ် တစ်ဖြစ်လဲ မော်ကွန်းထိန်းနဲ့ပေါင်းပြီး သူအမြင်မကြည်တဲ့ သင်တန်းသားများကို နိုင်ငံရေးပုဒ်မ ဘာပုဒ်မ ညာပုဒ်မတွေတပ်ပြီး ကျောင်းကနေ နှင်ထုတ်ခိုင်းပါတယ်။

အာဏာရူးနေတဲ့ မော်ထိန်းကလည်း ရာထူးအသစ်နဲ့ဆိုတော့ လက်စွမ်းပြချင်နေတာ အတော်ဖြစ်သွားပုံရပါ တယ်။ ချက်ချင်းပဲ မစူးစမ်း မစုံစမ်းဘဲနဲ့ အဲဒီသံဃာတွေကို စက်တင်ဘာမှာ ဦးဆောင်ပါတယ်ဆိုပြီး ကျောင်း ကနေ ထုတ်ပစ်ပါတယ်။ ပြီးတော့ သူတို့လုပ်တာ မဟုတ်ပါဘူး အစိုးရက စာတိုက်ရိုက်လာလို့ လုပ်တာပါ လို့ ပြောပါတယ်။ မကွေးအဆောင်မှူးနဲ့ မော်ကွန်းထိန်းတို့ရဲ့ ပူပေါင်းကြံစည်မှုကြောင့် တက္ကသိုလ်ကနေ ထွက် ခွာသွားရတဲ့ သံဃာတော်တွေဟာ အပါး၂၀-ထက် မနည်းတော့ပါဘူး။ အဲဒီ သံဃာငယ်တွေဟာ အရည်အချင်း ပြည့်ဝပြီး စာကြိုးစားတဲ့သူတွေပါ။ အနာဂတ်အတွက် မိမိကျေးရွာ မိမိမြို့နယ်တို့က အားထားနေတဲ့ အရှင် ကောင်းလေးတွေပါ။

စာရေးသူဟာ ပုဂ္ဂိုလ်ရေးတွေ တိုက်ခိုက်ဖို့ ရည်ရွယ်ချက် မရှိပါဘူး။ ဒါပေမယ့် အစကောင်းခဲ့တဲ့ နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ်ကြီးဟာ အဆိုပါ စွမ်းအားရှင်ဘုန်းကြီးတွေရဲ့ လက်အောက်မှာ ပျက်စီးသွားမှာ စိုးမိပါတယ်။ ပြည်တွင်းပြည်ပမှ ရဟန်းရှင်လူ ပြည်သူများအားလုံး စွမ်းအားရှင် ဆရာတော်များအကြောင်းကို သိစေရန်၊ တက္ကသိုလ်နဲ့ ပတ်သက်ပြီး နစ်နာသွားခဲ့ကြရတဲ့ နစ်နာနေကြတဲ့ အခွင့်အရေးတွေ ဆုံးရှူံးနေတဲ့ စာသင်သား သံဃာတော်များ အကြောင်းကို သိစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ရေးခြင်းဖြစ်ပါတယ်။

စွမ်းအားရှင်တွေကြောင့် ဒုက္ခရောက်သွားတဲ့ သံဃာတွေကို ဘယ်လို အကူအညီ ပေးကြမယ်ဆိုတာ စဉ်းစား ပေးကြဖို့ရန်နဲ့ စွမ်းအားရှင် သံဃာတော်များကို မြန်မာနဲ့ကမ္ဘာသိအောင် လုပ်ဖို့လိုပါတယ်။ `စွမ်းအားရှင်ဘုန်း ကြီး´တွေကို အများသိအောင် လုပ်ကြရပါမယ်။ ဒီနေ့ န.အ.ဖ စစ်အစိုးရရဲ့ လက်ကိုင်တုတ်တွေဟာလည်း စွမ်းအားရှင်တွေပဲ ဖြစ်တယ်ဆိုတာ အားလုံးသိကြပါတယ်။ သိပြီးပြီဆိုရင် သိတဲ့အတိုင်း အားလုံးစုပေါင်းပြီး စွမ်းအားရှင် နှိမ်နင်းရေးတွေ လုပ်ကြရမယ်။ ဒီလို စွမ်းအားရှင်တွေ ခေါင်းဆောင်ဖြစ်လာတဲ့ တက္ကသိုလ်ကြီး ဟာလည်း ဘယ်လောက်ပင် အစကောင်းခဲ့သည်ဖြစ်စေ ပုပ်လာတဲ့ အသီးလိုပဲ သုံးစားမရ ဖြစ်လာပါလိမ့်မယ်။

သူတို့ကို ထောက်ပံ့ပေးနေတဲ့ ဒကာဒကာမတွေဟာ အဆိုပါ စွမ်းအားရှင် ကိုယ်တော်တွေရဲ့ သရုပ်အမှန်ကို မသိရှာကြပါဘူး။ အများအကျိုးအတွက်ကို မကြည့်ဘဲ ကိုယ်ကျိုးအတွက်သာ ကြည့်တတ်တဲ့ အဆိုပါ စွမ်းအား ရှင်တွေရှိနေတာ တက္ကသိုလ်အတွက် နစ်နာပါတယ်။ မင်းကွန်းဆရာတော်ကြီးသာ ဒီအကြောင်းတွေ သိခဲ့ မယ်ဆိုရင် အလွန်စိတ်ပင်ပန်း ဖြစ်နေပါလိမ့်မယ်။

အဆိုပါ စွမ်းအားရှင်ဘုန်းကြီးတွေနဲ့ ပတ်သတ်ဆက်စပ်တဲ့ ဒကာ၊ ဒကာမများ၊ ရဟန်းတော်များကို စာရေးသူ တိုက်တွန်းချင်ပါတယ်။ သူပြောငါပြောတွေက မသေချာပါဘူး။ စာရေးသူ ရေးတာတွေကိုလည်း မမေးမြန်းဘဲ မယုံစေချင်ဘူး။ သိချင်ရင် သာသနာ့တက္ကသိုလ်ကို သွားကြပါ။ မကွေးအဆောင်မှာနေတဲ့ သံဃာတော် တစ်ပါး ပါးကို မေးမြန်းပါ။ စုံစမ်းပါ။ စာရေးသူရေးတာတွေ ဟုတ်မဟုတ်ကို သွားရောက် မေးကြပါ။ တကယ့်အမှန် တရားတွေကို သိကြရပါလိမ့်မယ်။ စာရေးသူရေးတာတွေဟာ `လိုတောင် လိုနေသေးတယ်´လို့တောင် ပြော ဖြစ်နေပါလိမ့်မယ်။

အထူးသဖြင့် မင်္ဂလာဗျူဟာက တာဝန်ရှိသူတွေကို သိစေချင်ပါတယ်။ သင်တန်းသားတွေကိုလည်း သိစေချင် ပါတယ်။ အယုံအကြည် မမှားကြဖို့ သတိပေးချင်ပါတယ်။ တာဝန်ရှိသူတွေနဲ့ သင်တန်းသူ၊ သင်တန်းသား တွေအနေနဲ့ အဆိုပါ စွမ်းအားရှင် ဘုန်းကြီးတွေအကြောင်း သိချင်ရင် တက္ကသိုလ်ကို သွားရောက်စုံစမ်းနိုင် သလို သင်တန်းပို့ချနေတဲ့ တခြားဆရာတော်တွေကိုလည်း မေးမြန်းနိုင်ပါတယ်။ ဆရာတော်တွေက အရိပ်အ ခြည်လောက်တော့ ပြောပြပါလိမ့်မယ်။ သင်တန်းတာဝန်ရှိသူတွေ၊ သင်တန်းသား၊ သင်တန်းသူတွေအနေနဲ့ အမိမြန်မာနိုင်ငံကို စစ်ကျွန်ဘ၀မှ အမှန်တကယ် လွတ်မြောက်စေချင်တယ် ဆိုရင်တော့ လုပ်သင့်လုပ်ထိုက် တာကို လုပ်ဖြစ်အောင်လုပ်ဖို့ တိုက်တွန်းချင်ပါတယ်။

အမိမြန်မာနိုင်ငံတော်ကြီးကို အမှန်တကယ် ချစ်ကြပါတယ်ဆိုရင် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအနေနဲ့ အဆိုပါ စွမ်းအားရှင် ဘုန်းကြီးတွေကိုသာမက တစ်နိုင်ငံလုံးက စွမ်းအားရှင်တွေကို လူ့အဖွဲ့အစည်းကနေ ကျဉ်ဖယ် ထားဖို့ လိုပါတယ်။ ဒီလိုလုပ်တာဟာ န.အ.ဖရဲ့ ဒေါက်တိုင်တွေကို ဖြုတ်ထုတ်ပစ်ရာကျပါတယ်။ ဒီလိုလုပ် တာဟာ အမိမြန်မာနိုင်ငံတော်ကြီး စစ်ကျွန်ဘ၀မှ လွတ်မြောက်ရေးအတွက် တကယ်ထိရောက်တဲ့ နည်းဖြစ် ကြောင်း သဘောပေါက်ကြရပါမယ်။

စာရေးသူအနေနဲ့ကတော့ နိုင်ငံကို ကောင်းအောင်လုပ်တာဟာ သာသနာကို ကောင်းအောင်လုပ်တာနဲ့ ခွဲခြား လို့ မရဘူးဆိုတာကို ချွင်းချက်မရှိ ယုံကြည်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သာသနာဆိုတာ နိုင်ငံကို အမှီပြုပြီးမှ ကြီးပွားရတာ ဖြစ်လို့ပါပဲ။ သာသနာ့သမိုင်းရဲ့ ဘယ်ကာလမှာပဲဖြစ်ဖြစ် နိုင်ငံမကောင်းရင် သာသ နာဆိုတာ အမှန်တကယ် မဖြစ်ထွန်းခဲ့ပါဘူး။ စေတီပုထိုးတွေ၊ ဘုရားတွေ တည်တာဟာ အမှန်တကယ် သာ သနာကို အဓွန့်ရှည်စေတဲ့နည်း မဟုတ်ပါဘူး။ အာဖဂန်နစ္စတန်စတဲ့ နိုင်ငံတွေကို ဥပမာယူစေချင်ပါတယ်။

ပြည်သူတွေရဲ့ စိတ်ဓာတ်တွေကို ဗုဒ္ဓအဆုံးအမတွေနဲ့ ထုံးမွှမ်းစေရပါမယ်။ စာရိတ္တမဏ္ဍိုင်တွေကို ဗုဒ္ဓအဆုံးအ မတွေနဲ့ တည်ဆောက်ပေးရပါမယ်။ အခုဆိုရင် ပြည်သူတွေဟာ ယိုယွင်းခြစားနေတဲ့ အုပ်ချုပ်မှုယန္တယား အောက်မှာ စာရိတ္တမဏ္ဍိုင်တွေကလည်း ယိုယွင်းလာနေတာ စိတ်မကောင်းစွာနဲ့ မြင်နေရပါတယ်။ စာဖတ် သူများအနေနဲ့ ဒီလို အခြေအနေတွေကို လက်ပိုက်ကြည့်နေကြတော့မှာလား။ ကိုယ့်ကိုကိုယ် အဲဒီမေးခွန်းလေး မေးကြည့်စေချင်ပါတယ်။

ဒီနေ့ခေတ်အကြောင်းအရာတွေက ကြောင်လှောင်သံကွင်းဆက်လို ပိုပိုပြီး ဆက်စပ်လာတယ်။ တစ်ခုနဲ့တစ်ခု က ခွဲခြားပြီး ကြည့်လို့မရဘူး။ ဆိုတော့ … စာဖတ်သူအနေနဲ့ သင့်ပတ်ဝန်းကျင်က စွမ်းအားရှင် တစ်ယောက်ကို အမြင်မှန်ရအောင် ပြောဆိုနိုင်ရင် သို့မဟုတ် မရတဲ့အဆုံး ကျဉ်ဖယ်ထားနိုင်ရင် သင်ဟာ အမိမြန်မာနိုင်ငံ အတွက် ထမ်းဆောင်ရာကျသလို ဗုဒ္ဓမြတ်စွာသာသနာကို စောင့်ရှောက်ရာလည်း ကျပါလိမ့်မယ်။

အခုဆိုရင် သံဃာတွေဘက်က ရပ်တည်တဲ့ ဒုတိယပါမောက္ခချုပ်ကလည်း နှုတ်ထွက်သွားတယ်။ ပါချုပ်အသစ် ကလည်း တက္ကသိုလ်မှာ ၀ါမဆိုဘူး။ ဒါကြောင့် အာဏာရှင် မော်ကွန်းထိန်းဆရာတော်ဟာ ပါချုပ်လည်း သူ၊ ဒုချုပ်လည်း သူ၊ မော်ထိန်းလည်း သူနဲ့ သူဖြစ်ချင်တဲ့ ဆန္ဒတွေ ပြည့်ဝလို့ ပြုံးပျော်နေပါပြီ။ စည်းမျဉ်းတွေလည်း စိတ်ကြိုက်ထုတ်ကာ အာဏာရှင်လုံးလုံး ဖြစ်သွားပါပြီ။ အဆောင်မှူးတွေကိုလည်း သူ့ဘက်ပါအောင် စည်းရုံး ပြီး သူ့လုပ်ငန်းတွေကို ထောက်ခံဖို့နဲ့ သံဃာတွေကို နှိမ်နှင်းဖို့ ဖိအားတွေပေးနေပါပြီ။

နောက်ထပ် အပြစ်မဲ့တဲ့ သံဃာတော်တွေ ဘယ်နှစ်ပါးလောက် ပန်းကောင်းအညွန့်ချိုး ခံရဦးမလဲ မသိပါဘူး။ အခုတော့ တက္ကသိုလ်ဟာ မင်းကွန်းဆရာတော်ကြီး အလိုကျမဟုတ်တော့ဘဲ စစ်အာဏာရှင်အလိုကျ အာ ဏာတည်မြဲရေး လာဘ်လာဘ ပေါများရေး နာမည်ကြီးရေးသာ ဖြစ်နေပြီဆိုတာ အားလုံးသိစေချင်လို့ ဒီစာကို အခက်အခဲ အမျိုးမျိုးကြားက ရေးလိုက်ပါတယ်။ ဒါကို တက္ကသိုလ်ကို အသစ်ဝင်လာမယ် သင်တန်းသား သံဃာများနဲ့ ပြည်တွင်းပြည်ပမှ တက္ကသိုလ်နွယ်ဖွား အရှင်မြတ်များသိရှိပြီး အရှင်ဘုရားတို့အနေနဲ့ စစ်အာ ဏာရှင် ခေါင်ဆောင်များ ပြုတ်ကျရေး ကြိုးစားနေသလို စစ်အာဏာရှင်အလိုကျ အုပ်ချုပ်နေတဲ့ န.အ.ဖဒေါက် တိုင် စွမ်းအားရှင် ဆရာတော်များကိုလည်း အများပြည်သူသိအောင် လုပ်ဆောင်ပေးကြပါလို့ တိုက်တွန်းပါရ စေ။

သာသနာ့တက္ကသိုလ်မှ သံဃာတော်များအနေနဲ့လည်း အမိတက္ကသိုလ်ကြီး အဓွန့်ရှည်တည်တံ့ရေး၊ တိုးတက် ရေးအတွက် စွမ်းအားရှင်ဘုန်းကြီးတွေကို အမိတက္ကသိုလ်က ပ, ထုတ်ကြဖို့ တိုက်တွန်းလိုပါတယ်။ စွမ်းအား ရှင်များ သာသနာ့တက္ကသိုလ်မှ ပ,ပျောက်သွားမှသာ အရှင်ဘုရားတို့ ချစ်တဲ့ သာသနာ့တက္ကသိုလ်ကြီးဟာ သန့်ရှင်းလတ်ဆတ်စွာ ရှင်သန်လာပါလိမ့်မယ်။ ပုပ်လာတဲ့ အသီးကို ဖယ်ထုတ်ပြီးမှသာ ပြည်သူတွေအားလုံး စားသုံးလို့ရမယ့် သန့်ရှင်းလတ်ဆတ်တဲ့ သစ်သီးများ သီးလာပါလိမ့်မယ်။

ပြည်ချစ်ဘုန်းဘုန်း

အပြည့်အစုံဖတ်ရန်...

Monday, August 11, 2008

အခြေအနေ ပေးလျှင်ဖြင့် ရေးစမ်းပါဘိ ထိုစာလွှာ (၆)

တရားသူကြီးတစ်ဦးနှင့် စကားပြောခြင်း

အပိုင်း(၁)
ဖြစ်နိုင်ရင် လကမ္ဘာပေါ်မသွားချင်ပါဘူး။ မြန်မာနိုင်ငံမှာရှိတဲ့ တရားသူကြီးရုံချုပ်သွားပြီး စကား စမည် ပြောချင်တာပါ။ ကြီးကြီးမားမား မတောင်းဆိုချင်ပါဘူး။ ဖြစ်နိုင်တာကို တောင်းဆိုတာပါ။ အေး ဒါပေမဲ့ လွတ် လွတ်လပ်လပ်တော့ ထွေရာလေးပါး စကားပြောကြည့်ချင်ပါတယ်။ အထက်ကိုအရမ်း မတောင်းဆိုတာ ဖြစ်လို့ လိုက်လျောနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ တရားသူကြီးဆိုတော့ တရားရှိတဲ့လူကြီးပေါ့။ မတရား တာတွေကို အတော်ကိုရွံရှာ မုန်းတီးနေသူတွေ ဖြစ်နေလိမ့်မယ်လို့ ယုံကြည်မိပါတယ်။ ဆိုတော့ တစ်နေ့ တရားသူကြီး တစ်ဦင်္းနဲ့ တိုက်တိုက်ဆိုင်ဆိုင် စကားတွေပြောကြည့်မိပါတယ်။ အဲဒါလေးတွေကို ပြန်လည် ဖောက်သည်ချလိုတဲ့အတွက် ဒီဆောင်းပါးလေး ရေးလိုက်တာပါ။

အိပ်ယာကနိုးတော့ ချွေးဒီးချွေးပေါက်တွေ စီးကျနေခဲ့တယ်။ စိုရွဲနေတဲ့ အိပ်ယာခင်းကို ခေါက်သိမ်း လိုက်ရင်း။ တစ်ညလုံးငြင်းခုံခဲ့ရတဲ့ စကားများကို ပြန်လည်ကြားရောင်နေခဲ့တယ်။ ရေတစ်ခွက်ကို အားရ ပါးရသောက်ပြစ်လိုက်ရင်း မူမမှန်တဲ့ တရားသူကြီးရဲ့ မျက်နှာကြောတင်းတင်းကြီးကို ပြန်မြင်ရောင်နေခဲ့တယ်။ အခုလေးတင် ပြီးသွားတဲ့ စကားဝိုင်းလို စကားတွေပြန်လည်ကြားရောင်ရင်း ပြန်လည်အသက်ဝင်လာခဲ့တယ်။ ဆိုနေကြ ဓာတ်ပြားဟောင်းကြီးကို သူသီဆိုခဲ့ပေမဲ့ ကိုယ်ကတော့ ခေတ်ပေါ်သီးချင်းတစ်ပုဒ်ကို ခပ်မြူးမြူးပဲ သီဆိုရင်း စကားဝိုင်းဟာ တော်တော်အသက်ဝင်နေခဲ့တယ်။

“ အေးလေ ခင်များတို့ဟာ လောလောဆယ် မြန်မာနိုင်ငံမှာ တရားအရှိဆုံးပုဂ္ဂိုလ်တွေလို့ သမုတ်ခံထား ခဲ့ရတဲ့ လူတွေပဲ။ ကျုပ်တို့ ကြည်ညိုကိုးကွယ်နေတဲ့ ရှင်တော်ဘုရားချမှတ်ထားတဲ့ သာသနာတော်မှာတော့ အ လုပ်တစ်ခုကို ဒီနေရာမှာ သူနဲ့ထိုက်တန်ရင် ပေးလေ့ပေးထရှိတဲ့ နေရာမှာ ဘုရားရှင်ကတော့ အဲဒီရဟန်းတော် အနေနဲ့ လိုက်နာရမဲ့ စည်းကမ်းချက်တွေကို တစ်ခါတည်း ထုတ်ပြန်သတ်မှတ်ခဲ့တာတွေရှိတယ်။ အဲဒါကို ခင်များသိသင့်မယ်ထင်လို့ ကျုပ်ပြောပြမယ်။ ကြိုက်တာ မကြိုက်တာ၊ လိုက်နာ၊ မနာကတော့ ခင်များနဲ့ဆိုင်တဲ့ အတွက် လိုက်နာပါလို့ ကျုပ်မပြောလိုဘူး”

၁။ ဆန္ဒာဂတိ-ချစ်ခြင်းကြောင့် အဂတိမလိုက်နဲ့။
၂။ ဒေါသာဂတိ-မုန်းခြင်းကြောင့် အဂတိမလိုက်နဲ့။
၃။ မောဟာဂတိ-မသိခြင်းကြောင့် အဂတိမလိုက်နဲ့။
၎။ ဘယာဂတိ-ကြောက်ခြင်းကြောင့် အဂတိမလိုက်နဲ့ တဲ့။

အဲဒါတွေကိုတော့ အသေးစိတ် ရှင်းပြစရာ လိုမယ်မထင်ပါဘူး။ အဓိကပြောချင်တာကတော့ နောက်ဆုံးဖြစ်တဲ့ ကြောက်ခြင်းကြောင့် အဂတိမလိုက်နဲ့ ဆို တာကိုပဲ ဒီနေရာမှာ ခင်များနဲ့ ပြောဆိုဆွေးနွေးလိုတယ်။ ကျုပ်ကိုတော်တော် စကားများတဲ့ကောင်လို့ ထင်ချင် လည်းထင်မှာပေါ့။ ဒါပေမဲ့ စကားဝိုင်းမှာတော့ ကျုပ်ကလည်း ကျုပ်အထင် ကျုပ်အယူအဆတွေကြီးကိုပဲ မပြောချင်ပါဘူး။ ဒီတော့ ခင်များကလည်း ပြန်လည်ခုခံနိုင်စေချင်ပါတယ်။ ဒါမှသာ ကျုပ်တို့စကားဝိုင်းက အ သက်ဝင်နေမှာပါ။ ဒီတော့ ခင်များလည်း ခင်များအလုပ်ကိုင်ဖြစ်တဲ့ တရားသူကြီးများရဲ့ လုပ်ဆောင်ချက်တွေ ကို အသေးစိတ် ပြန်လည်ချေပ ပြောဆိုပါလို့ ကျုပ်တောင်းဆိုပါတယ်။

ကျုပ်က တောသားဆိုတော့ စကားပြောတာတွေ မယဉ်ကျေးသလို ဖြစ်နေရင်လည်း ခွင့်လွှတ်ပေးပါလို့ ကြိုတင် တောင်းပန်ချင်ပါတယ်။ ခင်များသောက်ချင်တာကို မှာသောက်ပါ။ ဆိုင်ရှင်ထံကျုပ် လပေးနဲ့မှတ်ခိုင်း ထားပါတယ်။ ဒီအတွက် ခင်များမပူပါနဲ့။ ကျုပ်က တရားတဲ့နည်းလမ်းနဲ့ ရှာဖွေလို့ရရှိလာတဲ့ ငွေကြေးနဲ့ ဆိုင်ကို လစဉ် ကျသင့်ငွေပေးပြီး မှာစား၊ မှာသောက်တာ ဖြစ်ပါတယ်။

” ခင်များပြောတာတွေက နည်းနည်းလွန်နေပြီလို့ထင်တယ်။ ကျုပ်ကိုခရိုင်တရားသူကြီးတစ်ယောက်လို့ ကော ခင်များသတ်မှတ်သေးရဲ့လား။ လူဆိုတာ ကိုယ့်ဘက်ကိုကိုယ်ယက်တာကို ထိုက်သင့်သလောက် လက် ခံပါတယ်။ ဒါပေမဲ့ မောင်ရင်က တော်တော်ကိုတရားလွန်အောင် ကိုယ့်ဘက်ကိုယက်လွန်းတယ်။ တကယ်ဆို ငါဟာ မင့်အဖေအရွယ်လောက် ရှိနေပြီ။ မောင်ရင်စပြောကထဲက တော်တော်လေး သီးခံပြီးနားထောင်နေတာ အခုဟာက မောင့်ရင့်ဘက်က တော်တော်လေးကို ဖောင်းဖြစ်နေပြီ။ ငါ့အနေနဲ့ ကိုယ့်တူကိုယ်သားအရွယ်လည် ဖြစ်ပြန် နောက်ပြီးလူချင်းလည်း တော်တော်လေးရင်းနှီးတဲ့ လူတွေဖြစ်နေပြန်လို့တာ။ သို့မဟုတ်ရင် မောင်ရင့် ကို တရားစွဲလိုက်ပြီးပြီ။

ကျုပ်လည်းခံစားချက်တွေ၊ ခံစားခဲ့ရတာတွေ၊ခံစားနေရတာတွေ များနေတော့ စိတ်လွတ်လက် လွတ်ဖြစ် သွားတယ်။ နည်းနည်းတော့ သီးခံနိုင်လိမ့်မယ်လို့ယုံကြည်တာကြောင့် စိတ်လွတ်လက်လွတ် ဖြစ်သွားတာကို အနူးအညွတ်တောင်းပန်ပါတယ်။ ခင်များအတွက် လွန်တယ်ထင်ပေမဲ့ ကျုပ်တို့အတွက် ကတော့ ဒါလောက် တောင် ပြောဆိုခွင့်မရှိတော့ဘူးဆိုတာ ခင်များအနေနဲ့ ထည့်စဉ်းစားသင့်တယ်။ ဖြစ်သင့် တာကို ပြောတာပါ ခင်များပြောတဲ့ ကိုယ့်ဘက်ကိုကိုယ်ယက်တာ မဟုတ်ပါဘူး။

ခင်များတို့ဟာက အခုကျုပ်တို့တိုင်းပြည်ရဲ့ ဂုဏ်သရေရှိ ပုဂ္ဂိုလ်တွေဖြစ်သလို၊ တရားအရှိဆုံးပုဂ္ဂိုလ် တွေလို့ လူအများက သမုတ်ခံထားရတဲ့လူတွေ မဟုတ်လား။ ဒီတော့ ကိုယ့်ကိုယ်ကို ဘယ်လောက်တရားရှိသ လည်းဆိုတာ၊ ကိုယ့်ကိုယ်ကိုယ် ဘယ်လောက်မှန်ကန်သလည်းဆိုတာ၊ ကိုယ့်ကိုယ်ကိုယ် ဘယ်လောက် တောင် လိပ်ပြာသန့်သလဲဆိုတာ ဆန်းစစ်ကြည့်စေချင်တဲ့ အတွက်ကြောင့် ဒီနေ့ဒီစကားဝိုင်းလေးကို ကျုပ်ရဲ့ မဟာမိတ်ဆိုင်လေးမှာ စတင်လိုက်တာပါ။

ခင်များတို့ပြောတော့၊ ခင်များတို့ဆုံးဖြတ်တော့ ကျုပ်တို့တိုင်းပြည်မှာ နိုင်ငံရေးနဲ့ ဖမ်းဆီးထောင်ချထား တဲ့လူတစ်ယောက်မှ မရှိဘူးဆိုတာ ဟုတ်ပါသလား။ ဘယ်လိုကြောင့်ပါလဲ။ တကယ်ကော တစ်ယောက်မှ မရှိ ပါဘူးလား။ အခုကျနေတဲ့လူတွေအားလုံးထဲမှာ နိုင်ငံရေးကြောင့် ကျခံနေတဲ့လူတစ်ယောက်မှ မပါဘူးလား။
“ မပါဘူး”
“ ဘာကြောင့် ဒီစကားကို အခုလို လွယ်လွယ်ကူကူ ဆုံးဖြတ်လိုက်ရပါသလဲ”
“ မပါလို့ မပါဘူး ပြောတာပေါ့ကွ”
“ အိုကေ ဒါဆို ကျွန်တော်တစ်ခုထောက်ပြမယ် ဒေါ်အောင်ဆန်းစုကြည်ဆိုတဲ့ အသံကြားရင် ခင်များအနေနဲ့ နားခါးနေမှာဖြစ်လို့ ကျန်တဲ့တစ်ယောက်လောက်ပဲ ထောက်ပြပါရစေ၊ ပြီးခဲ့တဲ့ စက်တင်ဘာ အရေးခင်းမှာ လူသိထင်ရှားဖြစ်ခဲ့တဲ့ ရဟန်းငယ်တစ်ပါးကိုပဲ မေးပါရစေ။ အခုလောလောလတ်လတ် ထောင်ထဲမှာ ယုံကြည်မှုအတွက် အကျဉ်းကျခံနေရတဲ့ စက်တင်ဘာခေါင်းဆောင်လို့ နာမည်ကြီးခဲ့တဲ့ ဦးဂမ္ဘီရ ဆိုတာ သိတယ်မဟုတ်လား။ အခုထောင်ထဲမှာဆိုတာလည်း ခင်များသိနေလောက်ပါတယ်။ အဲဒီ ဦးဂမ္ဘီရဆိုတဲ့ ရဟန်းငယ်တစ်ပါးကို ဖမ်းထားတာဟာ နိုင်ငံရေးကြောင့်မဟုတ်ဘူးလား”
“ မဟုတ်ပါဘူး”
“ ဒါဆိုဘာအတွက် ဖမ်းထားတာလဲ”
“ တည်ငြိမ်နေတဲ့ တိုင်းပြည်ကိုဆူဆူပူပူ ဖြစ်အောင် တိုင်းပြည်မငြိမ်မသက်အောင်လုပ်တဲ့အတွက် ဖမ်း ဆီးထားတာပါ၊ ဆိုလိုတာက နိုင်ငံတော်ကို အကြည်ညို ပျက်အောင်လုပ်တဲ့အတွက် ခေတ္တဖမ်းထားခြင်းတာ ဖြစ်ပါတယ်။ နိုင်ငံရေးကြောင့် မဟုတ်ပါဘူး။

“ ကျုပ်လူပြိန်းအမေးအနေနဲ့ မေးပါရစေ ၊ အဲဒါကကော နိုင်ငံရေးနဲ့ ဖမ်းဆီးထားတာ မဟုတ်ပါဘူးလား သို့မဟုတ်ရင် နိုင်ငံတော်ကို အကြည်ညိုပျက်အောင် လုပ်တယ်ဆိုတော့ လက်ရှိအာဏာရှင်ဆိုတာကကော တကယ့် ပြည်သူလူထုက ထောက်ခံတင်မြှောက်ထားတဲ့ အစိုးရဟုတ်ပါသလား။ နောက်ပြီးရင် တကယ်ကော ခင်များတို့ပြောသလို သူတို့မှာ တိုင်းပြည်ကကြည်ညိုလေးစားလောက်တဲ့ လုပ်ဆောင်ချက်ဆိုတာတွေ ရှိပါသ လား။ အဲဒါတွေက ဘာတွေပါလဲ”
“ခင်များ အခုလိုပြောတဲ့ စကားတွေက နိုင်ငံတော်ကို အကြည်ညိုပျက်စေတဲ့ စွတ်စွဲချက်တွေပဲ ခင်များ မေးခွန်းတွေကို ကြည့်ပြီးမေးပါ”
“ ဟုတ်ပြီလေ ခုနယ်ကပြောသလို ကြည်ညိုခံရလောက်အောင် ဘာတွေလုပ်ဆောင်နေသလဲ၊ ဘာ တွေ လုပ်ခဲ့ပြီးပြီးလဲ၊ ဘာတွေ လုပ်ပေးဦးမှာလဲ၊ ခင်များကိုခင်များကော တကယ့်တရားရှိတဲ့ တရားသူကြီးလို့ ယူဆပါသလား၊ ကျုပ်မေးခွန်းတွေ မဖြေသေးဘူးနော်၊ ခင်များစွပ်စွဲချက်ကို ပြန်လည်ခုခံတာပဲ ရှိသေးတာ၊ ခုနယ်က မေးခွန်းတွေကို ခင်များဖြေကြည့်ပါဦး”

“ မဟုတ်ဘူး နိုင်ငံရေးနဲ့ဖမ်းဆီးထားတဲ့သူ ထောင်ထဲမှာတစ်ယောက်မှ မရှိဘူး။ လက်ရှိအစိုးရဆိုတာ တကယ့်ကို တိုင်းပြည်အပေါ် စေတနာထားပြီး ကိုယ်ကျိုးမဖက် လုပ်နေတာ၊ ဒါကို မောင်ရင်တို့က မနာလိုဝန် တိုစိတ်တွေမွေးပြီး အစိုးရကို သက်သက်စော်ကားနေတာ၊ နောက်ပြီး ပြည်ပလေလိုင်းတွေကနေတဆင့် မကြားဝန့် မနာသာအော်ကြဟစ်ကြတယ်။ အစိုးရကို သက်သက်သိက္ခာချနေကြတယ်။ သွေးခွဲနေကြတယ်။ တကယ်ဆို တိုင်းပြည်ကြီးဟာ ဘယ်လောက်တောင်အေးချမ်းသာယာ ရှိနေသလဲဆိုတာ မောင်ရင်တို့အသိပါ၊ မလိုတမာဖြစ်ပြီး အစိုးရကို စော်ကားမော်ကားလုပ်ဆောင်နေခြင်းသာ ဖြစ်တယ်။ ဒါကြောင့် အဲဒီပုဂ္ဂိုလ်တွေကို ခေတ္တ ခေါ်ယူထိန်းသိမ်းထားခြင်းသာဖြစ်တယ်။ ဖမ်းထားတာ မဟုတ်ပါဘူး“
“ ခင်များအဖြေတွေက ပညာတတ်မဆန်သလို၊ တရားသူကြီးဆိုပြီး မတရားသလိုဖြစ်နေသလားလို့”
“ မင်းဘယ်လိုပြောလိုက်တာလဲ”
“မင်းက မင်းကိုယ်မင်းလူစွာတစ်ယောက်လုပ်ပြီး ဂုဏ်သရေရှိပုဂ္ဂိုလ်တွေကို စော်ကားရာရောက်သလို
လုပ်နေတယ်၊ မင်းက လူငယ်ဖြစ်ပြီး စကားပြောတာက ရိုင်းစိုင်းလွန်းတယ်“
“ ကျုပ်အနေနဲ့ သိသင့်တယ်ထင်တဲ့ မေးခွန်းလောက်ကိုမေးတာကို ရိုင်းစိုင်းသလို မထင်ပါဘူး၊ နောက် လူစွာလုပ်နေတယ်လို့လဲ မထင်ပါဘူး။ ဒါကိုတော့ တရားသူကြီးဖြစ်တဲ့ ခင်များအနေနဲ့ ခွင့်လွတ်နိုင်လိမ့်မယ်လို့ ယုံကြည်မိပါတယ်။ နောက် မေးချင်တဲ့မေးခွန်းတွေကလည်း တော်တော်များနေပါသေးတယ်။ တရားသူကြီး မှာထားတဲ့ လက်ဖက်ရည်လည်း အေးနေလောက်ပါပြီ၊ နောက်တစ်ခွက် မှာသောက်လိုက်စေချင်ပါတယ်”
“တော်ပြီ မသောက်တော့ဘူး။ မင့်လက်ဖက်ရည်တစ်ခွက်လောက်များ အမှုတွဲတစ်ခုစာရဲ့ အမြီးလောက်တောင် မရှိဘူး၊ ငါဟာငါ အိမ်ပြန်ရောက်မှပဲ သောက်တော့မယ်။ မင်းနဲ့စကားပြောရတာ တော် တော်လက်ပေါက်ကပ်တယ်။ အခုဒီကိုလိုက်လာတာ ငါက အမှုတွဲများရလို့လားထင်တာ၊ နောက်ဆိုရင် ဘယ် တော့မှ လာမခေါ်ပါနဲ့ ”

စကားဝိုင်းဟာ တော်တော်လေးကို အသက်ဝင်ခဲ့ပါတယ်။ မေးခွန်းတွေကို ဝေ့လည်ကြောင်ပတ်လုပ် သွားပြီး ဘာမှဟုတ္တိ၊ ပတ္တိဖြေမသွားဘဲနဲ့ သူထသွားခဲ့တယ်။ ကျုပ်လည်းသူ့အတွက် မှာထားတဲ့ လက်ဖက် ရည်ခွက်ပါ ကောက်သောက်နေမိတယ်။ လက်ဖက်ရည်တစ်ခွက် သောက်ဖို့လွယ်တာ မဟုတ်ဘူးဆိုတာ တရားသူကြီး ဆိုသူကတော့ သိဟန်မတူပါဘူး။ သူ့ရဲ့နောက်ကြောကို မျက်စေ့တစ်ဆုံးလိုက်ကြည့်မိရင်း တစ် ယောက်တည်း အတွေးများစွာနဲ့ ကျန်နေရစ်ခဲ့ပါတယ်။ နောက်နေ့ကော သူ့ကိုဘယ်လိုခေါ်ခဲ့ရမလဲ။ အမှန်က သူဟာ ဘာမှသိတဲ့လူမဟုတ်၊ ငွေရရင်ပြီးရော့ တရားတာ၊ မတရားတာသူမသိ၊ မှန်တာ၊ မမှန်တာ သူနားမလည်ပါဘူး။ အထက်ကခိုင်းစေချက်အရ လုပ်နေ၊ ကနေရတဲ့ ရုပ်သေးရုပ်တွေဖြစ်နေတယ်။ ဒါကို ကျုပ်တို့တိုင်းပြည်က တရားသူကြီးဆိုပြီးလန့်နေရတာ၊ ကြောက်နေရတာ၊ စစ်မှန်တဲ့ တရားတဲ့ တိုက်ပွဲဆိုတာ တစ်နေ့တော့ ဘွင်းဘွင်းကြီးပေါ်လာပြီး။ မတရားတာတွေ နိဂုံးချုပ်သွားရမယ်ဆိုတာကို တရားသူကြီးကို မပြောလိုက်ရ။ နောက်နေ့ကျမှ တွေ့မှပဲ ပြောရဦးမယ်ပေါ့လေ။
အိပ်ယာကနိုးမှ တကယ့်ဖြစ်ရပ်မဟုတ်ဘူးဆိုတာ သိလိုက်ရတော့တယ်။ နောက်နေ့ဘယ်လို အိပ်မက် တွေ ဆက်မယ်ဦးမှာလဲ။ မျှော်လင့်ရင်း ကိုယ့်ကိုယ်ကိုတွေးပြီး ပြုံးနေခဲ့လိုက်တယ်။

ရာဇာစိုး၊ ရန်ကုန်။

ဆက်ရန်………..

အပြည့်အစုံဖတ်ရန်...

Wednesday, August 6, 2008

စိုင်းမွန်ရဲ့ ဆောင်းပါး

ဒီမိုကရေစီအရေးဆောင်ရွက်လာကြတာ အခုဆိုရင် ပေးဆပ်မှုအမျိုးမျိုးနဲ့အတူ နှစ်တွေလဲ ကြာညောင်းလို့ လာခဲ့ပြီ။ ဖြစ်ချင်တဲ့ ဆန္ဒတွေ၊ ဖြစ်နေတဲ့ အနေအထားတွေ၊ လုပ်ချင်တဲ့ အလုပ်တွေ၊ လုပ်နေရတဲ့ အနေအထားတွေ။ ကျွန်တော်တို့ဟာ ကိုယ်ယုံကြည်ရာ၊ ကိုယ်အားသန်ရာ လမ်းစဉ်တွေနဲ့ လုပ်နေကြတယ်။ ဒါပေမယ့် တစ်ဦးချင်းမှာ အားတွေ ရှိပေမယ့် ပေါင်းစည်းမှု ကင်းမဲ့နေတဲ့ ကျွန်တော်တို့အားတွေဟာ ပစ်မှတ်ကို မရောက်ခဲ့ကြဘူး။ သို့မဟုတ် တည့်တည့်မထိမှန်ခဲ့ကြဘူး။ ဒီလို လိုအပ်ချက်လေးတွေအတွက် အခု ကျွန်တော်တင်မယ့် စိုင်းမွန်ရဲ့ ဆောင်းပါးနှစ်ပုဒ်က တစ်စုံတစ်ရာ ဖြည့်ဆီးပေးနိုင်မလား။ စာဖတ်သူများအတွက် တင်ဆက်ပေးလိုက်တယ်။ ဒေါင်းလုပ်ပြီး ဖတ်ရှုနိုင်ပါတယ်။

ခေါင်းဆောင်ကောင်းများ လိုအပ်နေပါသည်

ရွေးရတော့မည့် နိုင်ငံရေး၊ တော်လှန်ရေး ခရီးလမ်း

အပြည့်အစုံဖတ်ရန်...

Monday, August 4, 2008

၈၈-ကျောင်းသားခေါင်းဆောင် ကိုကိုကြီး၏ မှတ်သားဖွယ်စကားများ


(ကျွန်တော်တို့ ၈၈-ကျောင်းသားအရေးတော်ပုံကြီးဟာ နှစ်ပေါင်း (၂၀) ပြည့်ပြီ။ ၈၈-အရေးတော်ပုံကြီးမှာ ပေးဆပ်ခဲ့ရတဲ့ သွေးတွေ ကျွန်တော်တို့ မေ့လိုက်ကြတော့မှာလား။ ပေးဆပ်ခဲ့ရတဲ့ သွေးတွေအတွက် ကျွန်တော်တို့ တန်ရာတန်ကြေး ရခဲ့ပါရဲ့လား။ ပြည်သူတွေ မျှော်လင့်တဲ့ ပန်းတိုင်က အခုထိ ရောက်မလာသေးဘူး။ ကျွန်တော်တို့ အားလုံးကို မေ့လိုက်ပြီး စစ်ကျွန်ဘ၀မှာ အမိနိုင်ငံကို ပုံအောလိုက်တော့မှာလား။ ကိုယ့်ကိုကိုယ် မေးခွန်းတွေ ထုတ်နေရင် အချိန်ကာလတွေ တိုက်စားသွားခဲ့တယ်။ ပေးဆပ်ခဲ့ရတဲ့သွေးတွေအတွက် ကျွန်တော်တို့ရသင့်တာက အများကြီး။ ဒါပေမယ့် ကျွန်တော်တို့ လွတ်လပ်မှုရဲ့ အကွာအဝေးမှာ နေခဲ့ရတယ်။ အခု ကျွန်တော်တို့ ပန်းတိုင်ရဲ့ အနီးမှာ ရောက်နေပြီ။ ခင်ဗျားတို့ ကျွန်တော်တို့ လိုချင်တဲ့ လွတ်လပ်ရေးဟာ လက်တစ်ကမ်းကို ရောက်လာခဲ့ပြီ။
၈၈-အမှတ်တရအနေနဲ့ ဒီပို့စ်ကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ အားလုံးအတွက် အားဆေးတစ်ခွက်ဖြစ်မယ်ဆိုတာ ယုံတယ်။)

မြန်မာ့ဒီမိုကရေစီတိုက်ပွဲအတွက် အားဆေးတစ်ခွက်
(သို့မဟုတ်)
၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီး အဖမ်းမခံရမီ
စက်တင်ဘာ ၂၆ ရက်နေ့ညတွင် ပြောကြားခဲ့သော စကားများ


“ကျွန်တော်တို့ သက်ရှိထင်ရှား မရှိတော့ရင်တောင်မှ ကျွန်တော်တို့ ယုံကြည်မှုတွေနဲ့ ကျွန်တော်တို့ရဲ့ စိတ်စေတနာတွေဟာ ဧရာဝတီ မြစ်ရိုးတစ်လျှောက်၊ ရိုးမကြီး တစ်လျှောက်လုံးမှာ ပြန့်နှံ့ပြီးတော့ သက်ဝင်နေလိမ့်မယ်၊ တည်ရှိနေလိမ့်မယ်လို့ ကျွန်တော်တို့ ယုံကြည်ထားပြီးသား… ”
အခုတလောမှာပေါ့လေ။ ကိုကိုကြီးတို့ ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့နဲ့ ပတ်သက်ပြီးတော့ သ တင်းစာထဲမှာ ဆက်တိုက်ဆိုသလို စွပ်စွဲတာတွေ၊ တိုက်ခိုက်တာတွေ တောက်လျှောက် တွေ့နေရ ပါတယ်။ အဲဒီတော့ တချို့ကလည်း စိုးရိမ်တာတွေ ရှိတယ်ပေါ့လေ။ ကိုကိုကြီးတို့ကို မကြာခင်မှာ ဖမ်းဆီးတာတွေ၊ အရေးယူတာတွေများ ဖြစ်လာမလား ဆိုပြီးတော့ စိုးရိမ်ကြတာတွေ ရှိပါတယ်။ အဲ့ဒါတွေနဲ့ ပတ်သက်ပြီးတော့ ကိုကိုကြီးရဲ့ အမြင်လေး သိပါရစေ။

ကျွန်တော်တို့အနေနဲ့ ဖမ်းဆီးတာတွေ၊ အရေးယူတာတွေ ဆိုတာက အထူးအဆန်းတော့ မဟုတ်ပါဘူး၊ ကျွန်တော်တို့ ကိုယ်တိုင်လည်း ထောင်ထဲမှာ ၁၄ ၊ ၅ နှစ် နေခဲ့ရပြီးပြီ။ ထောင်ထဲမှာ ဘယ်လို နေရ ထိုင်ရမယ် ဆိုတာလည်း ကျွန်တော်တို့ အကျွမ်းတ၀င် ဖြစ်ပြီးသားပါ။ တစ်ခုပဲ၊ ကျွန်တော်တို့က အဖမ်း ခံရမှာ မကြောက်ဖူး၊ အလုပ်မလုပ်နိုင်မှာပဲ စိုးတယ်။ ဘာ့ကြောင့်လဲဆိုတော့ ကျွန်တော်တို့က အကျဉ်း ကျနေတဲ့ဘ၀၊ လွတ်လပ်မှု ဆိတ်သုဉ်းနေတဲ့ ဘ၀မှာ လူငယ်ဘ၀တစ်ခုလုံး ပေးဆပ်ခဲ့ရတဲ့ အခါကျ တော့ လွတ်လပ်မှုရဲ့ တန်ဖိုးကို တခြားသူတွေထက် ပိုပြီးတော့လည်း သိတယ်၊ ပိုပြီးတော့လည်း ခံစား နိုင်တယ်။ ကျွန်တော်တို့ဟာ လွတ်လပ်မှုကို မြတ်နိုးပါလျက်နဲ့ ဘာ့ကြောင့် ကျွန်တော်တို့ဟာ ဒီလိုမျိုး အဖမ်းဆီးခံရမယ့် အချုပ်နှောင် ခံရမယ့် အလုပ်မျိုးကို လုပ်နေသလဲဆိုတော့ သန်း ၅၀ကျော် ပြည်သူ တွေ ကြောက်ကြောက်ရွံ့ရွံ့နဲ့ ထိတ်ထိတ်လန့်လန့်နဲ့ နေနေရနေတဲ့ ဘ၀တွေကနေ လွတ်မြောက်ဖို့ အတွက်၊ လွတ်လပ်တဲ့ ငြိမ်းချမ်းတဲ့ ဘ၀တွေ ခံစားနိုင်ဖို့အတွက် ကျွန်တော်တို့ တဦးချင်းရဲ့ လွတ်လပ် မှုတွေကို ပေးဆပ်ပစ်မယ်၊ စတေးပစ်မယ်လို့ ကိုယ့်ကိုယ်ကို ပိုင်းဖြတ်ပြီးသား ဖြစ်ပါတယ်။

ဒါပေမယ့် လုပ်ကတည်းက ကမူးရှူးထိုးနဲ့ ဖမ်းသွားပလေ့စေ၊ ဖမ်းရင် ဖမ်းသွားပလေ့စေ ဆိုပြီးတော့ မျက်ကန်းတောတိုး လုပ်နေတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ၁၄၊ ၅ နှစ် ထောင်ထဲမှာ အကျဉ်းကျ နေတဲ့ ကာလတွေ အတွင်းမှာလည်းပဲ ကျွန်တော်တို့ အလေးအနက် စဉ်းစားပါတယ်။ ကျွန်တော်တို့ နိုင်ငံကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြစ်ပေါ်ပြောင်းလဲသွားအောင် ကျွန်တော်တို့ ဘယ်လိုကြိုးပမ်းကြမလဲ၊ ဘယ်လို ချဉ်းကပ်ကြမလဲလို့ ကျွန်တော်တို့ ထောင်ထဲမှာကတည်းက၊ အကျဉ်းကျနေတဲ့ ဘ၀မှာက တည်းက ကျွန်တော်တို့ အလေးအနက် စဉ်းစားပါတယ်။

ဒါ့ကြောင့်လည်းပဲ ကျွန်တော်တို့ ပြန်ထွက်လာတဲ့ အချိန်ကစပြီးတော့ အမျိုးသားပြန် လည်သင့် မြတ်ရေးကို အရေးတကြီး ဆောင်ရွက်ကြဖို့၊ ဒါဟာ ကျွန်တော်တို့နိုင်ငံမှာ ဖြစ်နေတဲ့ လူမှုရေး၊ စီးပွား ရေး၊ ပညာရေး၊ ကျန်းမာရေး အကျပ်အတည်းအားလုံး၊ ဒုက္ခသုက္ခအားလုံးရဲ့ အခြေခံဇစ်မြစ်ဟာ အမျိုး သားပြန်လည်သင့် မြတ်ရေးပဲလို့ လေးလေးနက်နက်ကို ခံယူတဲ့အတွက်ကြောင့် လွတ်လာကတည်းက ကျွန်တော်အပါအ၀င် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေ အကုန်လုံးက တိုင်ပင်ထားသလိုပဲ တညီတညွတ်တည်း ဒါကို ရေငတ်သလို တစာစာ တောင်းလာခဲ့တာပါ။ တိုက်တွန်းလာခဲ့တာပါ။ အခု အချိန်ထိပါပဲ။

အဲ့ဒီတော့ ကျွန်တော်တို့ရဲ့ စေတနာ ကျွန်တော်တို့ နိုင်ငံသားတွေ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြစ်ထွန်းတိုး တက် စေချင်တဲ့ စေတနာ အဲ့ဒီအထဲမှာ နိုင်ငံသားဆိုလို့ ကိုယ့်ကို ထောက်ခံတဲ့သူတွေ ကိုယ့်ကို အား ပေးတဲ့သူတွေ သက်သက်ကိုပဲ ပြောနေတာ မဟုတ်ဘူး။ တပ်မတော်သားတွေ၊ တပ်မတော်သား မိသားစုတွေ၊ အရာထမ်း အမှုထမ်းတွေ၊ နောက်ဆုံး ကျွန်တော်တို့ကို ဖမ်းဆီးထောင်ချပစ်လိုက်တဲ့ ပုဂ္ဂိုလ်တွေအားလုံး အကျုံးဝင်တယ်။ ကျွန်တော်တို့ ခံစားစေချင်တဲ့ လွတ်လပ်ခြင်း၊ ငြိမ်းချမ်းခြင်း အရသာကို ခံစားစေချင်တဲ့ သူတွေထဲမှာ သူ့လူ ကိုယ့်လူမခွဲဘူး၊ အားလုံး အသီးသီး ညီတူမျှတူ ခံစားစေချင်တယ်။ ဒါ ကျွန်တော်တို့ စေတနာပဲ။

အဲ့ဒီအတွက် ကျွန်တော်တို့ ကြိုးပမ်းဆောင်ရွက်ရင်းနဲ့ ကျွန်တော်တို့ အဖမ်းခံသွားရလည်း ကျွန် တော်တို့ ပျော်ပျော်ကြီးပဲ အဖမ်းခံပစ်လိုက်မှာပဲ။ အဲ့ဒီတော့ လူကို ဖမ်းလို့ရတယ်။ ကျွန်တော်တို့ ရဲ့စိတ်ဝိညာဉ်တွေ၊ ကျွန်တော်တို့ရဲ့ ယုံကြည်မှုတွေကိုတော့ ချုပ်နှောင်ထားလို့ မရဘူး၊ သတ်ဖြတ် ပစ်လို့ မရဘူး။ ကျွန်တော်တို့ သက်ရှိထင်ရှား မရှိတော့ရင်တောင်မှ ကျွန်တော်တို့ ယုံကြည်မှုတွေနဲ့ ကျွန်တော်တို့ရဲ့ စိတ်စေတနာတွေဟာ ဧရာဝတီ မြစ်ရိုးတစ်လျှောက်၊ ရိုးမကြီး တစ်လျှောက်လုံးမှာ ပြန့်နှံ့ပြီးတော့ သက်ဝင်နေလိမ့်မယ်၊ တည်ရှိနေလိမ့်မယ်လို့ ကျွန်တော်တို့ ယုံကြည်ထားပြီးသား …

အဲ့ဒီတော့ … တကယ်လို့ အဖမ်းခံရရင်လည်း ကျွန်တော်တို့ တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်သွားမှာပါ။ အဲ့သလို ကြုံလာရတဲ့ အခါမျိုးမှာလည်း ကျွန်တော်တို့ကို တရားခံတယောက်လို စစ်မေးတာမျိုးကို လည်း ကျွန်တော်တို့ လက်ခံမှာ မဟုတ်ဘူး၊ ကျွန်တော်တို့ကိုယ် ကျွန်တော်တို့ ကျွန်တော်တို့ရဲ့ အခန်း ကဏ္ဍကို ရှင်းရှင်းပဲ ကျွန်တော်တို့ ပြောမယ်။ ကျွန်တော်တို့ဟာ အကျိုးဆောင်တွေ တနည်းအားဖြင့် ရှေ့နေတွေ၊ ပြည်သူတွေရဲ့ ခံစားနေရတဲ့ ဝေဒနာတွေကို၊ ခံစားနေရတဲ့ အခက်အခဲတွေကို သူတို့ ကိုယ်စား ကျွန်တော်တို့က အကျိုး ဆောင်ပေးနေတဲ့ ပုဂ္ဂိုလ်တွေ၊ အဲ့ဒီတော့ ရှေ့နေကို တရားခံလို စစ်မေးတာမျိုးကို ကျွန်တော်တို့ လက်ခံမှာ မဟုတ်ဘူး။

ကျွန်တော်တို့ကို ကျွန်တော်တို့ စိတ်ကူး၊ စိတ်သန်းတွေ တိုင်းပြည်ကို ကျွန်တော်တို့ ဖြစ်စေချင်တဲ့ စေတနာတွေနဲ့ ပတ်သတ်လို့ ဆွေးနွေးခွင့်ရခဲ့ရင် ကျွန်တော်တို့ ဆွေးနွေးမယ်။ အဲ့သလိုမှ မဟုတ်ဘဲနဲ့ ကျွန်တော်တို့ကို စာရွက်တစ်ရွက်နဲ့ ဘောလ်ပင်တစ်ချောင်း ဘယ်ကရသလဲ၊ ဘယ်လိုလုပ်သလဲ ဆိုတာမျိုးကို ကလေးကလား ကိစ္စမျိုးကို ကျွန်တော်တို့က တရားခံပုံစံမျိုးနဲ့ ကျွန်တော်တို့ အစစ်မေးခံ မှာ မဟုတ်ဘူး။ အဲ့ဒါတွေကို ကျွန်တော်တို့ ဖြေကြားနေမှာလည်း မဟုတ်ဘူး။ ကျွန်တော်တို့ဟာ အင်မတန် ကြီးကျယ် မြင့်မြတ်တဲ့ တစ်မျိုးသားလုံး ပြန်လည်သင့်မြတ်ရေးကို ကျွန်တော်တို့ ကြိုးပမ်းနေတာ ဆောင်ရွက်နေတာ၊ အဲ့ဒီအတွက် နိုင်ငံရေးအရ အရေးပါတဲ့ သူတွေ၊ အဖွဲ့အစည်းတွေ အားလုံး ဒီအမျိုးသားပြန်လည်သင့်မြတ်ရေး ဖြစ်စဉ်မှာ ပါဝင်လာနိုင်ဖို့အတွက် ကျွန်တော်တို့ ကြိုးစား မှာပဲ။ စိတ်ရှည်လက်ရှည်နဲ့ ကျွန်တော်တို့ ကြိုးစားမှာပဲ။

ကျွန်တော်တို့တင် မဟုတ်ဘူး၊ ဘက်အသီသီးက ပုဂ္ဂိုလ်အားလုံးလည်း စိတ်ရှည်ရှည်နဲ့ သဘော ထားကြီးကြီးနဲ့ အားလုံးကို ထိတွေ့ ဆွေးနွေးနိုင်အောင် ကြိုးစားဖို့ကိုလည်း ကျွန်တော်တို့ ထပ်ခါတ လဲလဲ တိုက်တွန်းနေတယ်။ တစ်ခုပဲရှိတယ်။ ကျွန်တော်တို့ နိုင်ငံရေးယုံကြည်ချက်က ကျွန်တော်တို့ နိုင်ငံ ငြိမ်းချမ်းစွာ ဖြစ်ပေါ်တိုးတက် ရေးအတွက် အကြမ်းမဖက်၊ အနုနည်းနဲ့ ငြိမ်းချမ်းတဲ့နည်းနဲ့ နိုင်ငံရေးပြဿနာကို ဖြေရှင်းမယ်ဆိုတာ ကျွန်တော်တို့ရဲ့ အဓိဋ္ဌာန်ပဲ။ သန္နိဋ္ဌာန်ပဲ။ အဲ့ဒီတော့ ကျွန်တော် တို့ဟာ လက်နက်ကိုင် အဖွဲ့အစည်းတွေ၊ လက်နက်ကိုင်လမ်းစဉ်နဲ့ ပတ်သက်တဲ့ ဟာတွေကိုတော့ ကျွန်တော်တို့အနေနဲ့ ဘယ်တော့မှလည်း လုပ်မှာ မဟုတ်ဘူး၊ ကျွန်တော်တို့မှာ ငြိမ်းချမ်းတဲ့နည်းနဲ့ ဆောင်ရွက်နိုင်တဲ့ အခွင့်အလမ်း မှန်သမျှကိုတော့ ကျွန် တော်တို့ အသုံးချသွားမှာ ဖြစ်တယ်။

အဲ့တော့ ဒီနေရာမှာ ကျွန်တော်တို့ ပြည်သူတွေနဲ့ ပတ်သက်တဲ့ အပိုင်းလည်းရှိတယ်။ ပြည်သူတွေ အနေနဲ့ နိုင်ငံရေး ပြဿနာဟာ နိုင်ငံရေးသမားတွေနဲ့ပဲ ဆိုင်တယ်။ နိုင်ငံရေးပါတီတွေနဲ့ပဲ ဆိုင်တယ် ဆိုတဲ့ အယူအဆမျိုးနဲ့ ကျွန်တော်တို့ လူ့အဖွဲ့အစည်းကို ပြောင်းလဲဖို့ မဖြစ်နိုင်ပါဘူး။ တစ်ဦးချင်းက ကိုယ့်ကိုယ်ကိုယ် ငါ့မှာလည်း တာဝန်ရှိတယ်။ ငါတတ်နိုင်တဲ့ အပိုင်းကနေ ငါဆောင်ရွက်ပြမယ်ဆိုတဲ့ စိတ်နှလုံးမျိုး မွေးမြူနိုင်မှ၊ ဒီလိုစိတ်အခံမျိုးထားနိုင်မှ ကျွန်တော်တို့ လူ့အဖွဲ့အစည်းတစ်ခုလုံး လျင်လျင် မြန်မြန်နဲ့ ဖြစ်ပေါ်ပြောင်းလဲနိုင် မယ်လို့ ကျွန်တော်ပြောချင်တယ်။

ဒီနေရာမှာ ကိုကိုကြီးက ပြည်သူတွေပါဝင်ဖို့ အပိုင်းကို ပြောတယ်။ ပြည်သူတွေအနေနဲ့က စားဝတ် နေရေး အကျပ်အတည်းတွေက တစ်မျိုး၊ နေ့စဉ်ရုန်းကန်ရ လှုပ်ရှားရတာတွေနဲ့ အဲ … တစ်ဖက်က လည်းပဲ ဟိုလူကြောက်ရ၊ ဒီလူကြောက်ရနဲ့ အထိတ်ထိတ် အလန့်လန့်နဲ့ နေနေရတဲ့ ဘ၀မျိုးတွေမှာ ပြည်သူတွေ ပါဝင်ဖို့ဆိုတာ၊ ဘယ်လို ပါဝင်ဆောင်ရွက်ရမလဲ၊ အဲ့ဒါလေးတော့ တိတိကျကျ ပြည်သူတွေ လည်း သိသွားအောင်ပေါ့လေ ပြောပြနိုင်လို့ရှိရင် ကိုကိုကြီးအနေနဲ့ ပြောပြပေးပါ။

ကျွန်တော့်အမြင်မှာတော့ ပြည်သူဆိုတာ ပြည်သူပဲ။ နိုင်ငံရေးသမား မဟုတ်ဘူး၊ နိုင်ငံရေး သမားတွေ လိုမျိုး အယူဝါဒဆိုင်ရာတွေ၊ သီအိုရီတွေ အဲ့ဒါတွေသိမှ နိုင်ငံရေးလုပ်လို့ရတယ် ဆိုတာလည်း မဟုတ် ဘူး၊ နိုင်ငံ ရေးသမားတွေလို တခါတည်း တစ်သက်လုံးပဲ ထောင်ထဲနေရနေရ၊ အငတ်ငတ် အပြတ် ပြတ်နဲ့ သူ့ဘ၀တစ်ခု လုံး နိုင်ငံရေးထဲမှာပဲ မြုပ်နှံထားတယ် ဆိုတာလည်း ပြည်သူတွေအနေနဲ့ လိုက် မလုပ်နိုင်ဘူး၊ ဒါ သဘာဝပဲ။
ပြည်သူဆိုတာက သူ့တစ်ဦးချင်းရဲ့ ထမ်းဆောင်နိုင်တဲ့ အကန့်အသတ် ရှိတယ်။ သူ့မှာ မိသားစုနဲ့ ပတ်သက်တဲ့ တာဝန်ရှိတယ်။ သူ့ရပ်ကွက်၊ ရပ်ရွာနဲ့ ပတ်သက်တဲ့ တာဝန်ရှိတယ်။ အဲ့ဒီတော့ နိုင်ငံရေး သမားနဲ့ ထပ်တူတော့ ပြည်သူက လိုက်မလုပ်နိုင်ဘူး၊ နိုင်ငံရေးသမားတွေ တွေးသလိုလည်း ရှုပ်ရှုပ် ထွေးထွေးတွေ မတွေးနိုင်ဘူး။ ပြည်သူတွေအနေနဲ့ တွေးနိုင်တဲ့အပိုင်း လုပ်နိုင်တဲ့ အပိုင်းကတော့ ရိုးစင်းပါတယ်။ အဓိကက ပြည်သူတစ်ယောက်ရဲ့ အဓိက သူနေ့စဉ် ဖြေရှင်းနေရတဲ့ စားဝတ်နေရေး ပြဿနာ။ အဲ့ဒီတော့ စားဝတ်နေရေးပြဿနာ ဖြေရှင်းရေးနဲ့ မလွဲမရှောင်သာ ဒီအာဏာပိုင် အဖွဲ့ အစည်းတွေနဲ့ ထိစပ်နိုင်ရမယ်၊ ပတ်သက်နိုင်ရမယ်။ အဲ့ဒီအခါကျတော့မှ ဘာကိစ္စပဲ လုပ်လုပ်၊ စီပွား ရေးလုပ်ငန်းတစ်ခုခု လုပ်ပြီဆိုရင် သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို ပေးရ၊ ကမ်းရ၊ ဟိုကနေပြီးတော့ ဖြတ်ပိုင်းလာလည်း ဖြတ်ရ၊ မလှူချင်လည်း လှူရ၊ စသဖြင့် ရင်ဆိုင်နေရတာတွေ ရှိတယ်။ ဆိုတော့ အဲ့ဒါတွေကို မကျေနပ်ဘဲနဲ့လည်း အောင့်သီး အောင့်သက် ပေးနေရတယ်။ အဲ့ဒါ ဘာလဲဆိုတော့ အဓိက ကြောက်လို့ပဲ။

အဲ့ဒီကြောက်တာနဲ့ ပတ်သက်ပြီးတော့ သေချာပြန်ပြီး လေ့လာဖို့လိုမယ်။ ပြန်ပြီး ဆန်းစစ်ဖို့လိုမယ်။ နိုင်ငံရေးသမားတွေ လုပ်နေတာကို ဂဃနဏ မသိရင်တောင်မှ ဒီလူတွေ အနစ်နာခံပြီး လုပ်နေတယ်။ သူတို့ မလုပ်ရဲတာတွေ လုပ်နေတယ် ဆိုပြီးတော့ တိုးတိုးတိတ်တိတ် ကျွန်တော်တို့ကို ထောက်ခံ ကြတာတွေ ရှိတယ်။ တချို့လည်း တဆင့်စကားနဲ့ လှမ်းပြီးတော့ ချီးကျူးကြတာ၊ အားပေးကြတာ တွေရှိတယ်။ သို့သော် သူတို့ကတော့ မလုပ်ရဲဘူး၊ နောက်တခါ နိုင်ငံရေးသမားနဲ့ သွားစကားပြောရင် သူနဲ့ ရင်းရင်းနှီးနှီး ဆက်ဆံလို့ရှိရင် အန္တရာယ်ရှိတယ် ဆိုတဲ့အသိ၊ အဲ့ဒါကြီးကလည်း ကျွန်တော်တို့ ပြည်သူတွေကြားထဲမှာ ခြိမ်းခြောက်နေတယ်။ အဲ့ဒီတော့ နိုင်ငံရေးကိုတော့ ထောက်ခံတယ်။ နိုင်ငံရေး သမားတော့ မဆက်ဆံရဲဘူး၊ ဆိုတော့ ဒါလည်း မဟုတ်သေးဘူး။

နိုင်ငံရေးသမားဆိုတာက ပြည်သူတွေနဲ့ မထိစပ်လို့ မရဘူး၊ ပြည်သူတွေရဲ့ ထောက်ခံမှု မရဘူးဆိုရင် ဘာမှလုပ်လို့မရဘူး။ အဲ့ဒီတော့ ပြည်သူတွေ လုပ်နိုင်တဲ့အပိုင်း၊ အနိမ့်ဆုံး လုပ်နိုင်တဲ့ အပိုင်းကတော့ ဆက်ဆံပါ။ နိုင်ငံရေးသမားကို ရဲရဲတင်းတင်း ဆက်ဆံပါ။ ထောက်ခံပါ။ ဆူပူမှု လုပ်နေတာ မဟုတ်ဘူး၊ အကြမ်းဖက်မှု လုပ်နေတာ မဟုတ်ဘူး။

နိုင်ငံရေးမှာ ပြည်သူတွေ ပါဝင်ဖို့ လိုတယ်။ ပြည်သူတွေမှာလည်း တာဝန်ရှိတယ်လို့ ပြောတာတွေ ကျွန်တော်တို့ ကြားရပါတယ်။ အဲ့ဒီတော့ ပြည်သူတွေအနေနဲ့က ဘာတွေ လုပ်ပေးရမလဲ၊ ဘယ်လို ပါဝင်ရမလဲ၊ အဲ့ဒါတော့ နည်းနည်း ရှင်းရှင်းလေး ပြောပြပေးစေချင်ပါတယ်။

ကျွန်တော်တို့ ပြောပြောနေတာက ပြည်သူတွေရဲ့ အခန်းကဏ္ဍ အရေးကြီးတယ်ဆိုတာ ဒါ ကျွန်တော် တို့ ထပ်ခါတလဲလဲလည်း ပြောပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ၅၄ သန်းရဲ့ လူနေမှုဘ၀တွေ ဒီလူ့ အဖွဲ့အစည်းကြီး တစ်ခုလုံး ပြောင်းလဲပစ်ဖို့ဆိုတာ နိုင်ငံရေးသမား ထောင်ဂဏန်းနဲ့ နိုင်ငံရေးပါတီ အစု အဖွဲ့တွေ ဆိုတာ လောက်နဲ့ ဘယ်လိုမှ မလုပ်နိုင်ပါဘူး၊ အဲ့ဒီတော့ နိုင်ငံရေးသမား၊ နိုင်ငံရေးပါတီ အဖွဲ့ အစည်း ဆိုတာကလည်း ပြည်သူတွေနဲ့ နိုင်ငံရေးပါတီ၊ နိုင်ငံရေးသမားဆိုတာ ရေနဲ့ ကြာလိုပါပဲ။ ရေမရှိဘဲနဲ့ ကြာလည်း မရှိနိုင်ဘူး၊

အဲ့ဒီတော့ နိုင်ငံရေးသမားနဲ့ ပြည်သူနဲ့ကို နောက်တစ်နည်း ဥပမာပေးရမယ်ဆိုရင် အမှုသည်နဲ့ ရှေ့နေနဲ့ တူပါတယ်။ အမှုသည်က ဥပဒေ နားမလည်ဘူး၊ သူ ဘယ်လိုခံရတယ်။ မတရားသဖြင့် သူ ဘယ်လိုခံရတယ်။ သူ ဘာတွေ နစ်နာတယ်ဆိုတာကို သူ မကျေနပ်တာလောက်ပဲ ရှိတယ်။ အဲ့ဒါကို ဥပဒေကြောင်းအရ တရားခွင်မှာ ထိထိရောက်ရောက် လျှောက်လဲနိုင်ဖို့အတွက် စွဲဆိုနိုင်ဖို့အတွက် ရှေ့နေ ငှားရမယ်။ အဲ့ဒါ ရှေ့နေတော့ ငှားလိုက်ပါရဲ့၊ အမှုသည်က ရှေ့နေနဲ့ ပူးပေါင်းမှု မရှိဘဲနဲ့ ဖာသိ ဖာသာ သူနဲ့မဆိုင်သလိုမျိုး နေမယ်ဆိုရင် အဲ့ဒီရှေ့နေက ဘာမှလုပ်လို့မရဘူး၊ အဲ့တော့ အမှုသည်က ဖြစ်ကြောင်းရယ်ကုန်စင် ရှေ့နေကို ပြောပြဖို့လိုတယ်။ ရှေ့နေနဲ့ ထိတွေ့ဆက်ဆံဖို့ လိုတယ်။ အဲ့ဒီလို အခြေအနေမျိုး မရှိဘူးဆိုရင် ရှေ့နေချည်းသက်သက်နဲ့ ဘာမှ လုပ်လို့မရဘူး၊ အဲ့ဒါကြောင့်မို့လို့ နိုင်ငံရေးသမားတွေနဲ့ ပြည်သူတွေနဲ့ ဆိုတာကလည်း အမြဲတမ်း ဆက်စပ်ဖို့ လိုတယ်။

အဲ့တော့ ဒီနေရာမှာ ပြည်သူတွေကို နိုင်ငံရေးသမားတွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ မဆက်ဆံ ရဲအောင် ဖိအားပေးတာတွေ၊ ခြိမ်းခြောက်တာတွေ၊ နေရာအနှံ့မှာ ပုံသဏ္ဍာန်မျိုးစုံနဲ့ ရှိနေတယ်။ အဲ့ဒါကြောင့်လည်း ပြည်သူတွေအနေနဲ့ နိုင်ငံရေးလုပ်တဲ့ သူတွေကို မခေါ်ရဲ၊ မပြောရဲ၊ မဆက်ဆံရဲ ဖြစ်နေကြတာလည်း ရှိတယ်။ အဲ့ဒီတော့ ပြည်သူတွေအနေနဲ့ လုပ်နိုင်တဲ့အပိုင်းက ဘာလဲဆိုတော့ ကိုယ့်ရှေ့နေကိုတော့ ကိုယ့်အကျိုး ဆောင်ကိုတော့ ကိုယ်ရဲရဲတင်းတင်း ဆက်ဆံရဲဖို့ လိုတယ်။ နိုင်ငံရေးသမားတွေလိုမျိုး သိပ်ပြီးတော့ အန္တရာယ်ရှိတဲ့ ကိစ္စမျိုး နှစ်ရှည်လများ အဖမ်းဆီးခံ ထောင်ချ ခံရမယ့် ကိစ္စမျိုး မလုပ်ရဲဘူး ဆိုရင်တောင်မှ နိုင်ငံရေးသမားတွေနဲ့ ရင်းရင်းနှီးနှီး ဆက်ဆံပြီးတော့ ကိုယ့်အခက်အခဲတွေ၊ ကိုယ်ကြုံတွေ့ရတဲ့ ပြဿနာတွေ အဲ့ဒါတွေကို ရင်ဖွင့်ဖို့ တိုင်ပင်ဖို့လိုတယ်။

အဲ့တော့ နိုင်ငံရေးသမားနဲ့ ဆက်ဆံလို့ လာပြီး မေးတာမြန်းတာတွေ ရှိတယ်။ ဒီလူနဲ့ ဘယ်လိုသိသလဲ၊ ဘယ်တုန်းက သိတာလဲ၊ အခု ဘာတွေပြောသလဲ၊ သူက ဘာတွေပြောသလဲ၊ ဒါမျိုးတွေ လာပြီး မေးတာတွေရှိတယ်။ အဲ့ဒီတော့ ကျွန်တော် အကြံပေးချင်တာ၊ တိုက်တွန်းချင်တာက အဲ့ဒီတော့ ခင်ဗျားက အဲ့ဒီလိုမျိုး လာအမေးခံရရင် ကြောက်တယ်။ တကယ့်တကယ်တော့ သေသေချာချာ စဉ်းစားကြည့်၊ ခင်ဗျားကို လာမေးတဲ့လူ ကိုယ်နှိုက်ကလည်း ကြောက်နေတာပဲ။ အဲ့ဒါကို ကျွန်တော်တို့က သတိမထားမိဘူး။ လာမေးတဲ့သူက သူက သာမာန်ဝန်ထမ်းပဲ၊ ထောက်လှမ်းရေး အဖွဲ့အစည်း တစ်ခုခုက ၀န်ထမ်းပဲ။ အဲ့တော့ သူ့မှာရှိတဲ့ အကြောက်တရားက သူ့အထက် အဆင့်ဆင့်ကို သူက အစီရင်ခံစာ မတင်သွင်းနိုင်မှာ သတင်းမပို့နိုင်မှာ အဲ့ဒါကြောက်တယ်။ တကယ်လို့ သူက ဘာမှ သတင်းမပို့နိုင်ဘူးဆိုရင် သူ့ကို အရေးယူမှာ အပြစ်ပေးမှာ အဲ့ဒါကို သူက ကြောက်တယ်။ ပြီးတော့ ခင်ဗျားတို့ကို လာမေးပြီ ဆိုကတည်းက သူကိုယ်နှိုက်က ခင်ဗျားတို့ကို ကြောက်လို့ လာမေးတာ၊ အဲ့ဒါကို ခင်ဗျားတို့ကလည်း ဘာမှ မစူးစမ်း မဆင်ခြင်တော့ဘဲနဲ့ တန်းပြီ်း တော့ ကြောက်ပစ်လိုက်ကြတာပဲ။

အဲ့တော့ မကြောက်ခင်မှာ ခဏလေး ရပ်ပြီးတော့ စဉ်းစားကြည့်စမ်းပါ။ အော် … ငါကသာ ကြောက် နေတာ၊ သူကလည်း ကြောက်ကြောက်နဲ့ လာမေးတာပါလားဆိုရင် ကြောက်တဲ့ လူအချင်းချင်းမှာ ခင်ဗျားက ပိုပြီးတော့ ကြောက်စရာ အကြောင်းမရှိတော့ဘူး၊ အဲ့ဒီတော့ တည်တည်ငြိမ်ငြိမ်ပဲ ပြန်ပြီးတော့ ရင်ဆိုင်ပါ။ ကျွန်တော်တို့ နင်ပဲငဆ ပြောစရာ မလိုပါဘူး။ ကျွန်တော်တို့ နိုင်ငံသား အချင်းချင်း သူလည်း သူ့စားဝတ်နေရေးအတွက် ဒီအလုပ်ကို လုပ်နေရတာ။ ကြောက်လို့ ခင်ဗျားကို လာမေးနေတာ။

အဲ … တစ်ခုတော့ရှိတယ်။ အကြောက်လွန်တဲ့အခါမှာ ခြိမ်းခြောက်တာမျိုး ဖြစ်တတ်တယ်။ ခြိမ်းခြောက်တာ အကြောက်လွန်လို့ ခြိမ်းခြောက်တာ။ အဲ့ဒီတော့ ဘာတွေ ဖြစ်လာတတ်လဲဆိုတော့ လာမေးတဲ့သူက တာဝန်ရှိတဲ့အဆင့် တစ်ယောက်ယောက်က ခင်ဗျား အဲ့ဒီလူနဲ့ မဆက်ဆံဖို့၊ ခင်ဗျား အဲ့ဒီအိမ်မသွားပါနဲ့၊ အဲ့ဒီတော့ သွားရင်၊ ဆက်ဆံရင်တော့ ခင်ဗျား ဒုက္ခရောက်လိမ့်မယ် သို့မဟုတ် ခင်ဗျား အရေးယူခံရလိမ့်မယ်။ အဲ … ကျွန်တော်တို့ ကလေးတွေအတွက် နောက်စရာ၊ ရယ်စရာ စကားလုံးတွေနဲ့ ကျွန်တော်တို့ ပြောနေရ တာပေါ့။ ဘယ်လောက် အဆင့်ရှိတဲ့ သူမှန်းတော့ မသိဘူး။ အဲ့ဒီမှာ စပီကာနဲ့၊ အသံချဲ့စက်နဲ့ လျှောက် လျှောက်ပြီး အော်နေတယ်။ တည်ဆဲဥပဒေအရ အရေးယူ ခြင်းခံရမည် ဆိုတာကို၊ တည်ဆဲဥပဒေဆိုတာက ဘာဥပဒေလဲမသိ၊ ဘယ်လို အရေးယူရမယ်မှန်းလဲ မသိ။ အဲဒါကို ခံတွင်းတွေ့ပြီးတော့ မိုင်ကရိုဖုန်းကိုင်တဲ့ ပုဂ္ဂိုလ်တိုင်းက ရွာရိုးကိုးပေါက် လှည့်ပြီးတော့ တည်ဆဲဥပဒေအရ အရေးယူခြင်းခံရမည် ဆိုပြီးတော့ အော်နေတာ။ ကျွန်တော်တို့နိုင်ငံမှာ နေ့စဉ် ကြုံနေရတဲ့ ပြဿနာပါ။

အဲ့ဒီတော့ ကျွန်တော်တို့ ကြောက်တာလည်း တစ္ဆေ၊ သရဲ ကြောက်သလိုပေါ့၊ ဘာမှန်း ညာမှန်းမသိ၊ ဟာ … တည်ဆဲဥပဒေအရ အရေးယူခြင်းခံရမည်ဆိုပြီး စဉ်းစားမနေတော့ဘဲ တန်းပြီး ကြောက်ပစ် လိုက်ကြတာ၊ ကြောက်ပစ်လိုက်တာပဲ အန္တရာယ်ကင်းတယ်ဆိုတဲ့ အတွေးအခေါ်တွေ၊ တွေးပုံခေါ်ပုံ တွေက ခေါက်ရိုးကျိုး နေပြီ။ အဲ့ဒီတော့ တကယ့်တကယ် ကြောက်တော့ ကြောက်ပါ။ ကြောက်အောင် လုပ်ရင်တော့ ကြောက်ပါတယ်။ သူသူကိုယ်ကိုယ် ကြောက်အောင်လုပ်ရင်တော့ ကြောက်ပါတယ်။ သို့သော် မကြောက်ခင်မှာ ခဏလေး ရပ်ပြီးတော့ စဉ်းစားကြည့်ကြပါ။ အဲ့ဒီသက်ဆိုင်ရာ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေကို နည်နည်းလေးတော့ ပြန်မေးဖို့လိုတယ်။ ဘာ့ကြောင့်လဲဆိုတော့ သူကိုယ်တိုင်ကြောက် နေတာကို လူတိုင်းကသိပါတယ်။ ကြောက် ကြောက်နဲ့ လျှောက်လုပ်နေတာ။

အဲ့ဒီတော့ ယဉ်ယဉ်ကျေးကျေး ကျေးဇူးပြုပြီးတော့ ကျွန်တော် တဆိတ်မေးပါရစေ။ ခင်ဗျားသိချင် တာလည်း ကျွန်တော်ပြောမယ်။ ခင်ဗျားရဲ့ နာမည်၊ ဘယ်အဖွဲ့အစည်းကလဲ၊ ဘာရာထူးအဆင့်လဲ၊ ခင်ဗျားရဲ့ တာဝန်အဆင့်အတန်းက ဘာလဲသိပါရစေ။ အဲ့ဒီလိုမှ မဟုတ်ဘူးဆိုရင် ကျွန်တော်တို့ ပြည်သူတွေ ကြုံနေရတာက ဘယ်သူလဲမသိ၊ ဘာဝါမှန်း မသိ၊ ယူနီဖောင်းလည်း မပါ၊ အရပ်ဝတ် ဆိုရင်ကို သူတို့ ကြောက်နေကြတယ်၊၊ အဲ့ဒီတော့ ကျွန်တော်တို့ဟာ ဘယ်သူကလာပြီး ခြိမ်းခြောက် မှန်းမသိ ဖြစ်နေတယ်။ အဲ့ဒီတော့ တကယ်လို့ တာဝန်ရှိတဲ့ အဖွဲ့အစည်းက တာဝန်ရှိတဲ့ပုဂ္ဂိုလ် တစ်ယောက်ယောက်က ကျွန်တော်တို့ကို လာမေးတာဆိုရင် တိတိကျကျ သိပါရစေ။ အဲ့ဒီလောက် တော့ မေးခွင့်ရှိတယ်၊ ဒါဟာ သူ့ကို ကျွန်တော်တို့က ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံတာလည်း မဟုတ်၊ ဒါက ပထမအဆင့်ပေါ့။

သူက ကောင်းကောင်းမွန်မွန်၊ သူ ဘယ်အဖွဲ့စည်းကပါ။ တာဝန်အရ မေးရတာ ဖြစ်ပါတယ်။ ဟုတ်ပြီ ဖြေလိုက်ပါတယ် ဒီလူနဲ့ ကျွန်တော်က ခင်တယ် ငယ်ငယ်တည်းက သူငယ်ချင်း သို့မဟုတ် ဘယ်တုန်း က သိတယ်။ သူဖိတ်လို့ ကျွန်တော်သွားတာ လမ်းမှာတွေ့တော့ စကားပြောတာ ကျွန်တော်တို့ ဘာမှလည်း ဖုံးကွယ်ထားစရာ မလိုဘူး။ နိုင်ငံရေးလုပ်တဲ့ အလုပ်ကို ခိုးကြောင်းခိုးဝှက် လုပ်ရမယ့် အလုပ်လည်း မဟုတ်ဘူး။ တနိုင်ငံလုံးအရေးအတွက် လုပ်နေတာ၊ အဲ့ဒီတော့ မေးရင် ဖြေရုံပဲပေါ့၊၊

နောက်တစ်ခု၊ နောက်တစ်ဆင့် တက်ပြီးတော့ ဘာလာလုပ်တာလဲ၊ ဘယ်မသွားနဲ့။ တကယ်လို့ ခင်ဗျား မလိုက်နာဘူးဆိုရင် ခင်ဗျား ဒုက္ခရောက်သွားလိမ့်မယ်၊ အရေးယူ ခံရလိမ့်မယ်လို့ သူက ပြောလာ ပြီဆိုရင် ယဉ်ယဉ်ကျေးကျေး သိမ်သိမ်မွေ့မွေ့ပဲ ပြန်တော့ပြောပါ၊ ဟုတ်ကဲ့ ဥပဒေအရ တားမြစ်တာ၊ ကန့်သတ်တာ ဆိုရင်တော့ ကျေးဇူးပြုပြီး ခင်ဗျားရဲ့ ရာထူးအဆင့်အတန်း ဘယ်သူဘယ်ဝါကနေ ဒီလူနဲ့ မဆက်ဆံပါနဲ့၊ ဒီနေရာကို မသွားပါနဲ့လို့ တားမြစ်တယ်၊ ချိုးဖောက်ရင် အရေးယူမယ်လို့ အသိပေးတယ် ဆိုတာကို စာနဲ့ပေနဲ့ ဥပဒေအရ ဘောင်ဝင်အောင် ကျွန်တော့်ကို လုပ်ပေးပါ။ ကျွန်တော် တရားဥပဒေ စိုးမိုးရေးကို လေးစားပါတယ်။ ကျွန်တော် ကိုယ်တိုင်ကလည်း လိုက်နာပါ တယ်။ ဥပဒေအရ မဟုတ်တဲ့ ဥပဒေမဲ့ ခြိမ်းခြောက်တာမျိုးဆိုရင် ကျွန်တော် လက်မခံနိုင်ဘူး။

အဲ့ဒီလောက်တော့ ကျွန်တော်တို့ ပြည်သူတစ်ဦးချင်းက နေပြီးတော့ အဲ့ဒီလောက် လုပ်ရဲတယ်ဆိုရင် ဒါဟာ သက်ဆိုင်ရာ တာဝန်ရှိတဲ့ သူတွေကို ကျွန်တော်တို့က ရန်လိုနေတာလည်း မဟုတ် သူတို့နဲ့ ကျွန်တော်တို့ ထိပ်တိုက် ရင်ဆိုင်နေတာလည်း မဟုတ်၊ ကျွန်တော်တို့ ကိုယ်တိုင်က ဥပဒေစိုးမိုးရေးကို စောင့်ရှောက်နေတာ ဖြည့်ဆည်း ပံ့ပိုးပေးနေတယ် ဆိုတဲ့အသိနဲ့ ဒီလောက် ပြည်သူတို့ဖက်ကနေ တုန့်ပြန်ရဲတယ်ဆိုရင် ကျွန်တော်တို့ နိုင်ငံအပြောင်းအလဲ ဖြစ်ဖို့အတွက် ဒီမိုကရေစီ ပေါ်ထွန်းဖို့အတွက် အင်မတန် နီးကပ်လာပြီလို့ ကျွန်တော်တို့ ပြောလို့ရပါတယ်။ ဒါကြောင့်မို့ ကျွန်တော် လေးလေး နက်နက်နဲ့ အကြံပေးချင်တာက ဘုမသိ၊ ဘမသိ ကြောက်မပစ်လိုက်ပါနဲ့။ မကြောက်ခင်မှာ ခဏလေး ရပ်လိုက်ပါ၊ စောင့်လိုက်ပါ။ ပြီးတော့ ကိုယ်မေးသင့်တာ ပြန်မေးပါ။

ခုနကလိုပေါ့။ ယဉ်ယဉ်ကျေးကျေးနဲ့ အဲ့ဒီလောက်တော့ ပြန်ပြောပေါ့၊ တချို့ကြတော့လည်း လက် လွတ်စပယ် လုပ်ပိုင်ခွင့်ကို အလွန်အကျွံသုံးတဲ့ ပြဿနာမျိုးတွေ ရှိခဲ့လို့ရှိရင် သူ့ဖာသာသူ ပြန်ထိန်း သိမ်းသွားပါလိမ့်မယ်။ ပြန်ဆုတ်သွားပါလိမ့်မယ်။ တကယ့်တကယ် နှုတ်ပိတ်တဲ့ အနေနဲ့ လက် လွတ်စပယ် ခြိမ်းခြောက်တာမျိုးဟာ စာနဲ့ပေနဲ့ ရေးပြီးတော့ ခင်ဗျားတာဝန်ယူပြီး ခြိမ်းခြောက်တယ် ဆိုတာကို ခင်ဗျားတာဝန်ယူပြီး လက်မှက်ထိုးပါဆိုရင် ဘယ်သူမှ မထိုးရဲဘူး။ ဘာဖြစ်လို့လဲဆိုတော့ တစ်ခုခု ပြဿနာဖြစ်ပြီဆိုရင် အပေါ်က ဘယ်သူကမှ အကာအကွယ် မပေးဘူး၊ ရုပ်ပျက်ဆင်းပျက် တရားလက်လွန် ဖြစ်ပြီဆိုရင် သူတိုခံရမှာ၊ အဲ့ဒီတော့ သူတို့ကိုယ်၌ကလည်း ကြောက်ကြောက်နဲ့ ခင်ဗျားတို့ကို လာပြောနေတာ။ အကြောက်လွန်ပြီးတော့ ခင်ဗျားတို့ကို လက်လွတ်စပယ် ခြိမ်းခြောက် နေတာပါ ဆိုတာကိုတော့ ခင်ဗျားတို့ သိထားဖို့လိုတယ်။ အဲ့ဒီတော့ ကျွန်တော်တို့ ဒီလိုတုန့်ပြန်တာဟာ ပုဂ္ဂိုလ်ရေး အာဃာတ မပါဘူး။ ဘယ်သူရယ် ဘယ်ဝါရယ် ဆိုပြီးတော့ ကျွန်တော်တို့ ရန်လိုမုန်းတီးတဲ့ စိတ်နဲ့ ပြောနေတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ အခွင့်အရေး လုပ်သင့်လုပ်ထိုက်တာကို တုန့်ပြန်တဲ့ သဘော ကိုယ့်အခွင့်အရေးကို ကိုယ်ကာကွယ်တဲ့သဘော၊ ကျင့်သုံးတဲ့ သဘောသာ ဖြစ်တယ်။ အဲ့ဒီ လောက်တော့ လုပ်ဖို့လိုတယ်။

အဲ ... နောက်တစ်ဆင့်ကတော့ ကျွန်တော်တို့ နယ်ပယ်အသီးသီး၊ ဒေသအသီးသီး၊ ဥပဒေမဲ့ ပြုကျင့် တာတွေ၊ ပြုကျင့်ခံနေရတာတွေ၊ အဂတိလိုက်စား နေတာတွေ၊ အာဏာအလွဲသုံးစား လုပ်နေတာတွေ အဲ့ဒါမျိုးတွေနဲ့ ပတ်သက်လို့ ကိုယ်တိုင်ခံစားရတဲ့ သူတွေအနေနဲ့ မိမိ ဒီလိုပြုကျင့်ခံရတယ် ဆိုတာကို သက်ဆိုင်ရာ တရားရုံးတွေမှာ ဦးတိုက်ပြီးတော့ လျှောက်ပါ။ အဲဒါဟာ ကျွန်တော်တို့ ဆူပူလှုံ့ဆော်ဖို့ အုံကြွဖို့ လုပ်နေတာ မဟုတ်ပါဘူး။ ဥပဒေဘောင်အတွင်းကနေ နိုင်ငံသားတစ်ယောက်ရဲ့ ရပိုင်ခွင့်ကို ကျင့်သုံးတာ ဖြစ်ပါတယ်။ တရားဥပဒေ စိုးမိုးရေးကို ၀ိုင်းဝန်းပြီးတော့ ထိန်းသိမ်းကာကွယ်နေတာ ဖြစ်တယ်။ ဒါကြောင့်မို့ ဥပဒေ ဘောင်အတွင်းက ရင်ဆိုင်ရဲတဲ့ ရင်ဆိုင်တတ်တဲ့ အလေ့အကျင့်တွေကို လည်း ပျိုးထောင်ဖို့လိုပါတယ်။

ဒီနေရာမှာ ဥပဒေပညာရှင်တွေ၊ ရှေ့နေတွေရဲ့ အခန်းကဏ္ဍတွေက အရေးကြီးပါတယ်။ သူတို့အတွက် တရားဥပဒေ ဘက်တော်သားတွေပါ။ တရားဥပဒေကို စောင့်ရှောက်ရမယ့် ကာကွယ်ရမယ့် တာဝန်ဟာ သူတို့ရဲ့ အဓိက တာဝန်ပါ။ ဒါ့ကြောင့်မို့လို့ တချို့ရှေ့နေတွေက မတတ်နိုင်ဘူး၊ မတရား တာကြီးကို ပေးကမ်းနေရတဲ့ အဖြစ်ပျက်မျိုးတွေဟာ ဒေသအသီးသီး၊ နယ်ပယ်အသီးသီးမှာ ရှိပါတယ်။ အဲ့တာတွေနဲ့ ပတ်သက်ပြီးတော့ တရားဥပဒေစိုးမိုးရေး ရှုဒေါင့်ကနေပြီး ကူညီပေးကြဖို့ ဥပဒေပညာရှင် တွေ၊ ရှေ့နေအသီး သီးတွေကိုလည်းပဲ ကျွန်တော်တို့အနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်။

နိုင်ငံတစ်နိုင်ငံမှာ ပါတီစုံဒီမိုကရေစီ ရှင်သန်ဖို့၊ ဖွံ့ဖြိးဖို့ဆိုတာက တရားဥပဒေ စိုးမိုးရေးဟာ အဓိအကျ ဆုံးပါပဲ။ အဲ့ဒီတော့ ဒီတရားဥပဒေ စိုးမိုးရေးကို အုတ်မြစ်ချဖို့၊ ကာကွယ်စောင့်ရှောက်ဖို့ဆိုတာ တရား ဥပဒေ ဘက်တော်သားတွေ၊ ရှေ့နေတွေ၊ တရားသူကြီးတွေ အခန်းကဏ္ဍ အင်မတန် အရေးကြီးပါ တယ်။ အဲ့ဒီတော့ ပြည်သူတွေ အနေနဲ့ကလည်းပဲ မိမိကို အဓမ္မပြုကျင့်တယ်၊ ဥပဒေမဲ့ ပြုကျင့်ခံရတယ် ဆိုတာတွေနဲ့ ပတ်သက်ပြီးတော့ တရားခွင်နယ်မှာ ဦးတိုက်ပြီးတော့ လျှောက်ထားရဲတဲ့၊ တင်ပြရဲတဲ့ သတ္တိမျိုးကို မွေးမြူကြဖို့ လိုပါတယ်။

အဲ့ဒီနေရာမှာတော့ ပြောစရာ ရှိတာပေါ့နော်။ တရားစွဲလည်း မထူးပါဘူး သူတို့က သူတို့ဘာသာ ဆုံးဖြတ်ချင်သလို ဆုံးဖြတ်နေတာပဲ၊ ဒါက ကျွန်တော်တို့ အရပ်စကား ပြောတာပေါ့နော်။ တကယ့်တ ကယ်မှာကျတော့ ကျွန်တော်တို့မှာ (၈၈)နဲ့ မတူတဲ့ အချက်ကတော့ သတင်းမီဒီယာတွေ ပွင့်လင်း တာတာ။ အဲဒီတော့ ဥပဒေမဲ့ ပြုကျင့်ခံရတယ်၊ အဲဒါကို ရုံးတက် တရားစွဲတဲ့အခါ တရားရုံးက မတရား စီရင်ချက်ချတယ် ဆိုရင်လည်း တိုးတိုးတိတ်တိတ်နဲ့တော့ ပြီးမသွားပါဘူး။ ကျွန်တော်တို့ ဒီခေတ်မှာ သတင်းပြန်ကြားရေး စနစ်ဟာ အင်မတန်မှ လျင်မြန်ပါတယ်။ အဲ့ဒီတော့ ဒီတရားရေးအဖွဲ့က နေပြီးတော့မှ မလျော်သြဇာသုံးမယ် မတရားစီရင်ချက်ချမယ်၊ မမှန်မကန် ဆုံးဖြတ်တယ် ဆိုရင် လည်းပဲ ဒါဟာ ကျွန်တော်တို့နိုင်ငံမှာရှိတဲ့ တည်ဆဲတရားဥပဒေ စိုးမိုးရေးအခြေအနေ ဘယ်လောက်ရှိ သလဲဆိုတာကို စမ်းသပ်နေတဲ့ ဖော်ထုတ်နေတဲ့ အခြေအနေတစ်ရပ်တော့ ဖြစ်သွားမှာပါ။

အဲဒါဟာ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း ဦးတည်ပြီးတော့ ကျွန်တော်တို့ တိုက်ခိုက်နေတာ၊ ရန်လိုမုန်းတီးတဲ့ စိတ်နဲ့ လုပ်နေတာလည်း မပါပါဘူး။ ကျွန်တော်တို့ သွားနေတာက တရားမှုနဲ့ မတရားမှုနဲ့ကြားမှာ တရားတဲ့ဖက်၊ အမှန်တရားဖက်ကနေ ရပ်ခံသွားဖို့ ရပ်တည်သွားဖို့ တိုက်တွန်းခြင်း ဖြစ်ပါတယ်။ အဲ့တာကလည်း နိုင်ငံရဲ့ တည်ဆဲတရားဥပဒေ စိုးမိုးရေးဘောင်ထဲက ကြိုးပမ်းတာဖြစ်တဲ့ အတွက် ကြောင့်၊ အဲ့ဒီအတွက် လက်လွတ် စပယ် အရေးယူလို့ အပြစ်ပေးလို့ မရပါဘူး။ ပြည်သူတွေအနေနဲ့ မိမိ နေ့စဉ် ကြုံတွေ့နေရတဲ့ ပြဿနာတွေထဲမှာ ဥပဒေကြောင်းအရ ရင်ဆိုင်လို့ရတဲ့ ကိစ္စတွေကိုလည်း ရဲရဲတင်းတင်း ရင်ဆိုင်စေချင်ပါတယ်။ အဲ့ဒီလို အမှုအခင်းတွေ ရုံးထုတ်တဲ့ အမှုချိန်းစွဲဆိုတဲ့နေ့တွေ ဆိုလည်းပဲ အခြားစိတ်ဝင်စားတဲ့ ပြည်သူတွေ၊ ဘ၀တူပြည်သူတွေ အနေနဲ့ တရားခွင်မှာ သွားရောက် နားထောင်ခြင်းအားဖြင့် တရားခွင် ဗဟုသုတတွေ ရရှိစေသလို ကိုယ်တိုင်ကြုံတွေ့တဲ့အခါမှာလည်း ဘယ်လိုမျိုး တရားခွင်ကို ချဉ်းကပ်ရသလဲ။ တရားခွင်မှာ ဘယ်လိုလျှောက်လဲရသလဲဆိုတာ အလေ့ အကျင့် ဗဟုသုတတွေကို ဆင့်ပွားရရှိစေမှာ ဖြစ်ပါတယ်။

အဲဒါကြောင့်မို့လို့ ကျွန်တော်တို့နိုင်ငံမှာ တရားမျတတဲ့ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံဖြစ်ဖို့အတွက် ပြည်သူ တစ်ဦး ချင်းက လုပ်နိုင်တဲ့ အပိုင်းတွေကို ကမူးရှူးတိုးနဲ့ သွေးပူပြီး လုပ်ဆောင်တဲ့အပိုင်း မဟုတ်ဘဲနဲ့ တည်တည်ငြိမ်ငြိမ်နဲ့ စနစ်တကျ ဆောင်ရွက်နိုင်တဲ့ အခွှင့်အလမ်းတွေ အများကြီး ရှိပါတယ်။ အဲ့ဒီလို အခွင့်အလမ်းတွေကို အသုံးချပြီးတော့ ပြည်သူတစ်ဦးချင်း အနေနဲ့ပါ နိုင်ငံရဲ့တရားဥပဒေ စိုးမိုးရေးနဲ့ အမှန်တရား ပေါ်ထွန်းရေးအတွက် ဆောင်ရွက်နိုင်တဲ့ အခန်းကဏ္ဍတွေကို ထိထိရောက်ရောက် ဆောင်ရွက်ကြဖို့အတွက် ကျွန်တော် တိုက်တွန်းချင်ပါတယ်။ အကြံပေးချင်ပါတယ်။

ကျွန်တော်တို့ နိုင်ငံရေးသမားတွေဟာ နိုင်ငံရေး တာဝန်ယူနေတဲ့ ပုဂ္ဂိုလ်များ အနေနဲ့ကလည်းပဲ ပြည်သူတွေရဲ့ နေ့စဉ်ဒုက္ခတွေကို ကျွန်တော်တို့က ကိုယ်စားပြုပြီးတော့ ဖော်ထုတ်နေရမှာ ဖြစ်သလို နိုင်ငံရေး အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဖြစ်နိုင်တဲ့ နည်းလမ်းပေါင်းစုံကိုလည်း ကိုယ်စွမ်း ဥာဏ်စွမ်း ရှိသလောက် ကျွန်တော်တို့က ရှာဖွေဖော်ထုတ်နေရမှာ၊ ချဉ်းကပ်နေရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ပြည်သူတွေ လုပ်ရမယ့်အပိုင်း၊ လုပ်နိုင်တဲ့အပိုင်းကို ပြည်သူတွေဖက်က တာဝန်ကျေဖို့ လိုသလို နိုင်ငံရေးသမားတွေ နိုင်ငံရေး ဦးဆောင်နေတဲ့ သူအနေကလည်း ကျွန်တော်တို့က မူဝါဒပိုင်း ဆိုင်ရာ ညှိနှိုင်းဆောင်ရွက်မှုတွေ နည်းလမ်းရှားဖွေမှုတွေ ပြည်သူတွေနဲ့ ထိစပ်ပြီးတော့ ပြည်သူတွေရဲ့ ဘ၀၊ ပြည်သူတွေရဲ့ အခက်အခဲတွေ ထင်ဟပ်ဖော်ထုတ်နိုင်ရန် အတွက်လည်း ကျွန်တော်တို့က ကြိုး ပမ်းသွားရမှာ ဖြစ်ပါတယ်။

အဲ့ဒီလိုသာ တက်ညီလက်ညီနဲ့၊ ဟန်ချက်ညီညီနဲ့ ကျွန်တော်တို့ ကြိုးပမ်းဆောင်ရွက် သွားမယ်ဆိုရင် လက်ရှိ တပ်မတော် အကြီးအကဲ အနေနဲ့ကလည်းပဲ ဒါဟာ လွယ်လွယ်ကူကူ လက်ညှိုးထိုးပြီးတော့ အဖျက်အမှောက် ဆူပူမှုတွေလို့ စွပ်စွဲလိုက်ရုံနဲ့ ပြဿနာက ပြေလည်သွားမှာ မဟုတ်ဘူး။ ဒီလူဒီလူတွေဟာ စနစ်တကျနဲ့ တရားဥပဒေဘောင် အတွင်းကနေ ကြိုးပမ်းနေတယ်။ ချဉ်းကပ် နေတယ်၊ အမျိုးသားပြန်လည်သင့်မြတ်ရေး ကိုလည်း တကယ်လိုလိုလားလားနဲ့ ဆောင်ရွက်နေတာကို အသိအမှတ်ပြုဖို့လိုပါတယ်။ အဲ့ဒီလို ဘက်အသီး သီးမှ နေပြီးတော့ ကျွန်တော်တို့ ဆောင်ရွက်သွား ကြမယ်ဆိုရင် ဆုံမှတ်တစ်ခုမှာ အားလုံးလိုလားတောင့်တ နေတဲ့ ဖြစ်စေချင်နေတဲ့ ကျွန်တော်တို့နိုင်ငံ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိးတိုးတက်ရေး လမ်းကြောင်းပေါ်ကို မလွဲမသွေ ရောက်ရှိလာမှာ ဖြစ်ပါတယ်လို့ ကျွန်တော် ပြောကြားလိုပါတယ်။

(ဘာမားတူးဒေး ၀က်ဘ်ဆိုက်မှ ကူးယူဖော်ပြပါသည်)

အပြည့်အစုံဖတ်ရန်...

Friday, August 1, 2008

မုဒုံမှာ ဗုံးပေါက်ကွဲ၊ အသေအပျောက် မရှိ

သန်းထိုက်ဦး
ကြာသပတေးနေ့၊ ဂျူလိုင်လ 31 2008 18:58 -

ချင်းမိုင်။ ။ မွန်ပြည်နယ် မုဒုံမြို့နယ်ရှိ ဆက်သွယ်ရေးရုံး၌ ယမန်နေ့ညက ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သော်လည်း လူအသေအပျောက် မရှိဟု ဒေသခံများ အပြောအရ သိရသည်။

မုဒုံမြို့နယ် တောင်ဘက် ၂ မိုင်အကွာ ကြုံဖမ်းရွာရှိ တယ်လီဖုန်း ဆက်သွယ်ရေးစခန်း ရုံးလှေခါးအောက်တွင် ယမန်နေ့ ည ၁၁ နာရီခွဲခန့်က ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် ပေါက်ကွဲစေတတ်သော ယမ်းများနှင့် လက်နက်များလည်း သိမ်းဆည်း ရမိသည်ဟု ဒေသခံများက ပြောပြကြသည်။


“ကြုံဖမ်းရွာမှာ ပေါက်တာ။ လူအသေအပျောက် မရှိဘူး။ မိတဲ့ပစ္စည်းက အန်တီတီ ယမ်းအမျိုးအစား လေးလုံး။ နောက် ယမ်းအပျော့ ၁ဝ ထုပ်။ လက်နက်တွေလည်း ဖမ်းမိတယ်။ အဆောက်အဦက အရမ်းကြီး မပျက်စီးသွားဘူး။ အနည်းငယ် ပျက်စီးသွားတယ်” ဟု အမည်မဖော်လိုသူ လူငယ်တဦးက မဇ္ဈိမကို တယ်လီဖုံးမှတဆင့် ပြောပြသည်။

ယခုလအတွင်း မြန်မာနိုင်ငံတွင် တတိယအကြိမ် ဗုံးပေါက်ကွဲခြင်း ဖြစ်သည်။

ဇူလိုင် ၁၄ ရက်နေ့က ပဲခူးတိုင်း ဒိုက်ဦးမြို့နယ်အတွင်း၌ ကျောက်ကြီး-ရန်ကုန် ရွှေခရီး ခရီးသည်တင် ဘတ်စ်ကားပေါ်တွင် ဗုံးပေါက်ကွဲရာ ခရီးသည်တဦး သေဆုံးခဲ့သေးသည်။

ဇူလိုင် ၁ ရက်နေ့က ရန်ကုန်ဆင်ခြေဖုံး ရွှေပြည်သာမြို့နယ်ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း ရုံးခန်းတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။

ရွှေပြည်သာ ပေါက်ကွဲမှုကိုတော့ မြေအောက်လှုပ်ရှားမှု အဖွဲ့တခုဖြစ်သည့် စွမ်းအားမြှင့် မြန်မာကျောင်းသား စစ်သည်တော်များ အဖွဲ့ကတော့ သူတို့ လက်ချက်ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။

အပြည့်အစုံဖတ်ရန်...

 
/* EOT ----------------------------------------- */