Tuesday, March 4, 2008

မလေးရှားနိုင်ငံရောက် မြန်မာများက စစ်အစိုးမှ ပြုလုပ်မည့် လူထုဆန္ဒခံယူပွဲအား ကန့်ကွက်ကြောင်း လက်မှတ်ရေးထိုး



ယနေ့ ၅.၃.၂၀၀၈ ရက်နေ့တွင် မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများက NLD (LA) Malaysia တွင် ကျင်းပပြုလုပ်သော ၂၀၀၈ မေလတွင်ပြုလုပ်မည့် ဆန္ဒခံယူပွဲအား အယုံအကြည်မရှိကြောင်းနှင့် ကန့်ကွက် ကြောင်း လက်မှတ်ရေးထိုးပွဲတွင် အားတတ်သရောလာရောက်လက်မှတ်ရေးထိုးကြသည်။ လက်မှတ်ရေးထိုးချိန်ကို နေလည် ၁၂ နာရီမှ စတင်ရန်သတ်မှတ်ထားသော်လည်း အလုပ်နားရက်မဟုတ်သည့်အတွက်ကြောင့် လူအများစုက မနက်ပိုင်းတွင်လာရောက်ကြသောကြောင့် လက်မှတ်ရေးထိုးပွဲကို မနက် ၈ နာရီတွင်စတင်ခဲ့ရပါသည်။ ယနေ့တွင်လက်မှတ်စတင်ရေးထိုးနေပြီး မေလ ၃၀ ရက်နေထိ လက်မှတ်ရေးထိုးပွဲပြုလုပ်မည်ဖြစ်ကြောင်း NLD (LA) Malaysia သတင်းနှင့် ပြန်ကြားရေးဌာနမှ ကိုခင်းမောင်ဝင်မှ အသိပေးပြောကြားပါသည်။ ယနေ့ နံနက် ၈ နာရီမှ နေ့လည် ၂ နာရီထိ လူပေါင်း ၈၀ ကျော်လက်မှတ်ရေးထိုးပြီးကြောင်းသိရှိရပါသည်။ မြန်မာတမျိုးသားလုံးအတွက် အလုပ်မအားလက်သည့်ကြားမှ လာရောက်လက်မှတ်ရေးထိုးပေးသော မလေးရှားရောက်မြန်မာများအားလုံးကို အထူးပဲကျေးဇူးတင်ကြောင်း အတွင်းရေးမှူးကို အောင်ကျော်ဆက်မှ ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။

No comments:

 
/* EOT ----------------------------------------- */