Saturday, February 16, 2008

ပြတ်ပြတ်သားသား ကန့်ကွက်ကြပါစို့

ပြတ်ပြတ်သားသားကန့်ကွက်ကြပါစို့ ဆိုသောစာအုပ်အား ဤနေရာသို့နိုပ် ၍ ရယူနိုင်ပါသည်။
အထက်ပါစာအုပ်သည် လက်ရှိ နအဖ အစိုရ၏ လိမ့်လည်လည့်ဖျားမှုပေါင်းများစွာနှင့် နအဖ၏ အာဏာတည်မြဲရေးကြိုးပမ်းမှုများကို သိမြင်ပြီး ပြတ်ပြတ်သားသားတော်လှန်နိုင်ရည်ရွယ်တင်ဆက်လိုက်ပါသည်။
ဤစာအုပ်အားပေးပို့ပေးခဲ့သော Burma Campaign UK အား အထူးကျေးဇူးတင်ရှိပါသည်။
ထို့နည်းတူ အခြားအခြားသော နိုင်ငံရေးစာအုပ်များနှင့် ကျနော်၏ မိတ်ဆွေများအတွက်လိုအပ်မည်ထင်သော စာအုပ်များကိုလည်း ထပ်မံတင် ပို့ထားပါသည်။ ယခုတဖန်တင်ပို့ထားသော စာအုပ်များထဲတွင် ရှားပါစာအုပ်များဖြစ်သော မြန်မာနိုင်ငံရေးဖြစ်စဉ် ထူးခြားမှုရက်စွဲမှတ်တမ်းများနှင့် အခြားသော စာအုပ်များကိုပါတင်ပို့ထားပါသည်။ ကျနော်၏ မိတ်ဆွေများလည်း ကြိုက်နှစ်သက်လိမ့်မည်ဟုမျော်လင့်မိပါသည်။ ကျနော်၏ တိုက်ပွဲဝင်ရဲဘော်များနှင့် ကျနော်၏ ဘလော့တွင် အမြဲလာရောက်အားပေး နေသူများအတွက် လိုအပ်မည်ထင်သောစာအုပ်များကို ထပ်မံရှာဖွေစုဆောင်တင်ပြသွားပါမည်။ စာအုပ်များကို ဒေါင်းလုပ်ရယူရန် ဖတ်စေချင်သော စာအုပ်များ (၂) နှင့် နိုင်ငံရေးစာအုပ်များသို့ဝင်ရောက်၍ ရယူနိုင်ပါသည်။ ဆက်လက်၍ ကြိုးစားနေပါမည်။
စာအုပ်များရှာဖွေစုဆောင်ပေးပို့သော ဘလော့ဂါ ကိုခိုင်ခန့် အားလည်း အထူးပဲကျေးဇူးတင်ရှိပါသည်။
မျိုးမြင့်အောင်

No comments:

 
/* EOT ----------------------------------------- */