မလေးရှားနိုင်ငံတွင် အဖမ်းအဆီးများနေသည်ဟု သတင်းများထွက်ပေါ်နေသည့် အပြင် အဖွဲ့အစည်းများကို ပါလိုက်လံဖမ်းစီးနေသော အချိန်တွင် NLD(LA)Malaysia က မြန်မာရိုးရာအတာသင်္ကြန်ကို စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန် ပြင်ဆင်လျှက်ရှိကြောင်း သိရှိရသည်။ မလေးရှားနိုင်ငံတွင် မြန်မာရိုးရာ မဟာသင်္ကြန်ပွဲတော်ကို ၁၃.၀၄.၂၀၀၈ ရက်နေ့၊ နံနက် ၁၁း၀၀ နာရီတိတိ တွင် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၊ ကိုတာရာယာနယ်မြေ SM ကုန်တိုက်တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး လာရောက်ကြည့်ရှု့သူများ၏ လုံခြုံရေးကိစ္စအ၀၀အတွက် NLD(LA) Malaysia တာဝန်ယူ ဆောင်ရွက်ပေးမည်ဟုကြားသိရပါသည်။
၁၃.၀၄.၂၀၀၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် မလေးရှားနိုင်ငံရောက် ရွှေမြန်မာတို့၏ ဒုတိယအကြိမ်မြောက် မြန်မာရိုးရာအတာသင်္ကြန်ပွဲတော်ကို ကျနော်၏ ဘလော့မှ တိုက်ရိုက်တင်ပြသွားမည်ဖြစ်သည်။
တိုက်ရိုက်ကြည့်ရှု့ နာဆင်လိုပါက ကျနော်ထံသို့ ၏မေးဖြင့် ကြိုတင် အကြောင်းကြားစေလိုပါသည်။
လေးစားစွာဖြင့်
ကြိုးစားလျှက်
မျိုးမြင့်အောင်
Saturday, April 12, 2008
ဒုတိယအကြိမ်မြောက် မလေးရှားရောက် မြန်မာတို့၏ မြန်မာရိုးရာအတာသင်္ကြန်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment