ပုသိမ်၊ကန်ကြီးထောင့်၊သာပေါင်း၊ကျုံပျော်၊ရေကြည်၊ကျောင်းကုန်း၊ဟင်္သာတ၊ဇလွန်၊လေးမျက်နှာ၊မြန် အောင်၊ကြံခင်း၊အင်္ဂင်္ပူ၊မြောင်းမြ၊အိမ်မဲ၊၀ါးခယ်မ၊မအူပင်၊ပန်းတနော်၊ညောင်တုန်း၊ဓနုဖြူမြို့နယ် စုစုပေါင်း (၁၉) မြို့နယ်၊။
ရန်ကုန်တိုင်းနှင့်ဧရာဝတီတိုင်းအတွင်းရှိ အောက်ဖော်ပြပါမြို့နယ်များကို သဘာဝဘေးအန္တရာယ် ကျ ရောက်သော ဒေသများအဖြစ်သတ်မှတ်ပြီး ဆက်လက်၍ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးလုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိကြောင်း ကြေညာလိုက်သည်။
ဧရာဝတီတိုင်းအတွင်းရှိ
အမိန့်အရ
ပုံ
သီဟသူရတင်အောင်မြင့်ဦး
(ဒုတိယဗိုလ်ချုပ်ကြီး အတွင်းရေးမှူး ၁ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ)
ပြည်ထောင်စုမြန်မာနိုင်ငံတော် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကော်မရှင် ကြေညာချက် ၈/၂၀၀၈
ပြည်ထောင်စုမြန်မာနိုင်ငံတော် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကော်မရှင် ကြေညာချက် ၈/၂၀၀၈ ကို ၁၃၇၀ ကဆုန်လဆန်း(၂)ရက် မေလ(၆) ရက် ရက်စွဲဖြင့်ထုတ်ပြန်ကြေညာလိုက်သည်။
အပိုဒ် ၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေမှုကြမ်းအတည်ပြုရန်အတွက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို ၂၀၀၈ ခုနှစ်မေလ(၁၀) ရက်နေ့တွင်ကျင်းပမည်ဖြစ်ကြောင်း ဤကော်မ ရှင်က ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည်။
အပိုဒ် ၂။ သို့ရာတွင်မေလ(၂) ရက်နေ့မှစ၍ မြန်မာနိုင်ငံတွင်ဖြစ်ပေါ်ခဲ့သောနာဂစ် ဆိုင်ကလုန်း မုန်တိုင်းကြီးကြောင့် ဧရာဝတီတိုင်း၊ရန်ကုန်တိုင်း၊ပဲခူးတိုင်း၊ကရင်ပြည်နယ်၊မွန်ပြည်နယ်တို့ကို သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများအဖြစ် နိုင်ငံတော်မှ ကြေညာခဲ့ပါသည်။
အပိုဒ် ၃။ ယခုအခါယင်းသို့ကြေညာထားသော ဒေသများအတွင်းရှိမြို့နယ်အချို့မှာ ပုံမှန်အနေ ထားသို့ ရောက်ရှိနေပြီးဖြစ်သည့်အတွက် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီက မေလ(၆)ရက် ရက်စွဲပါ ကြေညာချက်အမှတ် ၅/၂၀၀၈ ဖြင့် အောက်ပါမြို့နယ်များကိုသာ သဘာဝ ဘေးအန္တရယ်ကျရောက်ရာဒေသများအဖြစ် ဆက်လက်သတ်မှတ်လိုက်သည်။
(က) ဧရာဝတီတိုင်းအတွင်းရှိ မော်ကျွန်းမြို့နယ်၊ ငပုတော၊ လပွတ္တာ၊ ဖျာပုံ၊ ဘိုကလေး၊ ကျိုက်လတ်၊ ဒေးဒရဲ (၇)မြို့နယ်ကိုသတ်မှတ်သည်။
(ခ) ရန်ကုန်တိုင်းအတွင်းရှိ တာမွေ၊တောင်ဥက္ကလာ၊ဒဂုံဆိပ်ကမ်းမြို့နယ်၊ဒဂုံမြို့သစ်မြောက်ပိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ဒဂုံမြို့သစ်အရှေ့ပိုင်း၊ဒေါပုံ၊ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ မင်္ဂလာ တောင်ညွန့်၊ မြောက်ဥက္ကလာ၊ ရန်ကင်း၊သာကေတ၊ သင်္ဃန်းကျွန်း၊ကြည့်မြင့်တိုင်၊ ကမာရွက်၊ ကျောက်တံတား၊စမ်းချောင်း၊ဆိပ်ကမ်း၊ဒဂုံ၊ပန်းပဲတန်း၊ဗဟန်း၊မရမ်းကုန်းမြို့နယ်၊လသာမြို့နယ်၊လှိုင်၊လမ်းမတော်မြို့နယ်၊အလုံ၊သန်လျင်၊ကျောက်တန်း၊သုံးခွ၊ခရမ်း၊တွံတေး၊ကွမ်းခြံကုန်း၊ ကော့မှူး၊ဒလ၊ဆိတ်ကြီးခနှောင်တို၊အင်းစိန်၊မင်္ဂလာဒုံ၊ရွှေပြည်သာ၊လှိုင်သာယာ၊ စုစုပေါင်း(၄၀) တို့ဖြစ်သည်။
အပိုဒ် ၄။သို့ပါ၍ အပိုဒ်(၃)ပါမြို့နယ်များအတွက်ကျင်းပရန်သတ်မှတ်ထားသည့်ပြည်လုံးကျွတ် ဆန္ဒခံယူပွဲများရွှေ့ဆိုင်းလိုက်ကြောင်းနှင့်ထိုမြို့နယ်များအတွက် ပြည်လုံးကျွတ် ဆန္ဒခံ ယူပွဲများကို ၂၀၀၈ ခုနှစ်မေလ(၂၄)ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာ လိုက်သည်။
အောင်တိုး
ဥက္ကဌ
ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပရေးကော်မရှင်

Wednesday, May 7, 2008
ထင်ရာစိုးအစိုးရနှင့် ဒုက္ခခံပြည်သူ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment