Tuesday, May 6, 2008

ဗိုလ်ထက်မင်းမှ တပ်မတော်သားများအား တိုက်တွန်းချက်

တပ်မတော်သားများခင်ဗျား-

တပ်မတော်မှာ တော်သုံးတော်ရှိတဲ့အနက် “ကိုယ်တိုင်တော်” သူ အခြားအရာရှိများထက် “အဖားတော်” သူ များနဲ့  “အမျိုးတော်” သူ အရာရှိတွေသာ လွှမ်းမိုးချယ်လှယ်နေကြလို့  တပ်ပျက်ကြီး ဖြစ်နေပါတယ်။ ဒါ့အပြင် တပ်မတော်သားတွေဟာ ရှေ့ မှာ ရန်သူ၊ နောက်မှာ ခုံရုံး၊ ဘယ်မှာ လုပ်အားပေး၊ ညာမှာ သင်တန်းကြေး၊ အောက်မှာ မိုင်းဗုံး၊ အပေါ်မှာ အကြွေးထုပ် တွေနဲ့  ပိတ်မိနေပြီး ရည်မှန်းချက် ပျောက်နေကြပြီ ဖြစ်ပါတယ်။ တပ်မတော်သားတွေဟာ ကျွေးတာစား၊ ပေးတာယူ၊ ခံမပြောနဲ့  ဆိုတဲ့ တစ်သွေးတစ်သံအမိန့်  အာဏာရှင်စနစ်နဲ့  အုပ်ချုပ်မှုအောက်မှာ ပြားပြားဝပ် နေကြရတာမို့  တစ်ခုတည်းသော ထွက်ပေါက်ဖြစ်တဲ့ တပ်တွင်းဆန္ဒဖော်ထုတ်ပွဲ (ဒါဘာ)တွေမှာတောင် “တင်ပြရန်မရှိပါဘူး” ဆိုတဲ့ စကားနဲ့  ဆန္ဒတွေကို မျိုသိမ့်ခဲ့ရပေါင်းများ နေတာလည်း ရဲဘော်တွေ ကိုယ်တွေ့  ဖြစ်ပါတယ်။




ဒီလို တင်းကြပ်မှုတွေကြားထဲက ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲမှာ အခွင့်အရေးရတုံး တပ်မတော်သားတွေရဲ့  ဆန္ဒအမှန်ကို ဖေါ်ထုတ်ပြသခဲ့ပြီး ဖြစ်ပါတယ်။ဒါကြောင့် ယခု ကျင်းပမဲ့ အခြေခံဥပဒေ ဆန္ဒခံယူပွဲမှာ ၁၉၉၀ ရွေးကောက်ပွဲတုံးကလို အာဏာရှင်စနစ် တည်မြဲမှုကို တပ်မတော်သားတွေက ဆန့်  ကျင်ကန့် ကွက်မဲ ပေးကြဖို့  တိုက်တွန်းလိုပါ တယ်။
အမှန်တကယ်တော့ နအဖရဲ့  အခြေခံဥပဒေအရ နိုင်ငံတော်ဦးဆောင်မှု ကဏ္ဍမှာ တပ်မတော်က ၂၅ % ပါဝင်ရေးဟာ ကံကြမ္မာငင်မဲ့ နိုင်ငံရဲ့  အရေးကြီးတဲ့ ဆုံးဖြတ်ချက် ဖြစ်တာမို့  နအဖအာဏာရှင်များက တပ်မတော်အတွင်း တပ်ရင်းမှူးအဆင့်ထိ တပ်မှူးများကို ညီလာခံ ခေါ်ယူပြီး ဆန္ဒသဘောထား တောင်းခံသင့်ပါတယ်။ဒီနေရာမှာ တချို့ တပ်ရင်းမှူးနဲ့ အထက် အများစုက ပြည်ထောင်စုစနစ်နဲ့  ဖွဲ့ စည်းထားတဲ့ မြန်မာနိုင်ငံကို နိုင်ငံတည်ငြိမ်မှုရှိရေးအတွက် အသွင် ကူးပြောင်းရေးကာလဖြစ်ဖြစ်၊ ရွေးကောက်ပွဲ လုပ်ပြီး အရပ်သားအစိုးရနဲ့ ဖြစ်ဖြစ်၊ ပူးတွဲကာ အချိန်အတိုင်းအတာ တခုထိ လုပ်ပေးလိုသော်လည်း ထာဝစဉ် နိုင်ငံတော် အုပ်ချုပ်ရေး ယန္တရားမှာ တပ်မတော်က ဆက်လက်လွှမ်းမိုး လုပ်ဆောင်သွားပါက တပ်မတော်ရဲ့ သမိုင်း အမဲစက်ကြီး၊ ကြီးသထက် ကြီးသွားမှာကို စိုးရိမ်သောက ဖြစ်နေကြတယ်လို့ သိရပါတယ်။
အဆိုပါ ၂၅% ပါဝင်ရမဲ့ တပ်မတော်အရာရှိများရဲ့  အနာဂါတ်ရေးဟာလည်း မရေရာ မသေချာ ဘ၀နှင့် အခြေခံဥပဒေအရ “၀ိုးတ၀ါး” ဖော်ပြထားတာမို့  လိုသလို “ဖဲချပ်” ရွေ့  ပြောင်း ခံရဖွယ် ရှိနေပါတယ်။
ဒါကြောင့် ဆုံးဖြတ်ခွင့် အာဏာအရှိဆုံးဖြစ်တဲ့ တိုင်းမှူးများကို တိုက်တွန်းချင်တာ ကတော့ အာဏာရှင်တွေက ထောက်ခံမဲရအောင်လုပ်ခိုင်းတိုင်း “အဖားတော်သူ” အဖြစ် သမိုင်း ကင်ပွန်း တပ် မခံကြဖို့  လိုအပ်သလို လက်အောက်ခံတင်ပြလာကြတဲ့အရာရှိစစ်သည်တွေရဲ့  ဆန္ဒမှန် အတိုင်းလွတ်လပ်စွာတင်ပြခွင့်ပေးဖို့ နဲ့ ရဲရဲတင်းတင်း မှန်မှန်ကန်ကန် တင်ပြပေးခြင်းဖြင့် တပ်မတော်သမိုင်းကြောင်း ကောင်းမွန်ရေး ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုက်ပါတယ်။


ဗိုလ်ထက်မင်း

ဤပို့အား ပေးပိုပေးသော ဗိုလ်ထက်မင်း အား အထူးပဲကျေးဇူးတင်ရှိပါသည်
လေးစားစွာဖြင့်
မျိုးမြင့်အောင်

No comments:

 
/* EOT ----------------------------------------- */