Thursday, May 8, 2008

ဗိုလ်ချုပ်ကြီးများတိုင်းပြည်ချစ်ကြောင်း သက်သေပြရန်လိုပြီ

ယနေ့ မြန်မာနိုင်ငံတွင် ကျွန်ုပ်တို့ အားလုံးမကြုံစဖူးခဲ့သော ပြင်းထန်သည့် နာဂစ်မုန်တိုင်းကြီးဒါဏ်ကို မြန်မာပြည်သူတို့ ရင်ဆိုင်ကြုံတွေ့ ခံစားနေရပေသည် ။ လူ့ ဘ၀တွင် အသက်ရှင်ရပ်တည်ရေးအတွက် စား၊၀တ်၊နေရေး တို့ သည့် အရေးကြီးဆုံး မရှိမဖြစ် လိုအပ်ပေသည် ။ယနေ့ မုန်တိုင်းဒါဏ်ကိုခံစားနေရသည့်
ဧရာဝတီတိုင်း၊ရန်ကုန်တိုင်း၊ပဲခူးတိုင်း၊ကရင်ပြည်နယ်၊မွန်ပြည်နယ် ရှိပြည်သူတို့ တွင် စားစရာ အစားအစာမရှိ ၊
ဝတ်စရာအ၀တ်မရှိ ၊ နေစရာအိမ်မရှိတော့သည့်ဘ၀သို့ နေ့ ချင်းညချင်း ကျရောက်နေကြပြီဖြစ်သည်။
ထို့ အပြင်ထိုမုန်တိုင်းဒါဏ်ကြောင့် ရရှိလာသည့် ဒါဏ်ရာ၊သောက်သုံးရေမရှိသဖြင့် ရရာရေသောက်သုံးရာမှ
ရရှိလာသည့် ရောဂါများကို ကုသပေးမည့်ဆေးရုံ ၊ဆေးဝါးမရှိသည့် ဒါဏ်ထပ်ပိုးနေပေသည်။ ထိုပြည်သူတို့၏သဘာဝဘေးဒါဏ်ကြောင့်ံစားနေရသည့်ဒုက္ခကိုကူညီကယ်တင်ရန်မှာတိုင်းပြည်ကိုအုပ်ချုပ်မင်းလုပ်
နေသည့်စစ်ဗိုလ်ချုပ်ကြီးများတွင် လုံးဝတာဝန်ရှိပေသည် ။




သို့ ရာတွင်ယ္ခုကြုံတွေနေရသောမုန်တိုင်းဘေးသည်ပြည်နယ်နှင့်တိုင်းပေါင်းများစွာကို ပျက်စီးသွားစေသည့်
မုန်တိုင်းဖြစ်သဖြင့် မြန်မာနိုင်ငံကဲ့သို့ စီးပွားရေးနိမ့်ကျနေသော ၊ခေတ်နောက်ကျနေသည့်နိုင်ငံအတွက်ဒုက္ခရောက်နေ
သော သန်းပေါင်းများစွုာသော ဒုက္ခသည်များကိုလျှင်မြန်စွာကယ်တင်ရန်အင်အားမရှိချေ။
ထို့ ကြောင့် စစ်အစိုးရအနေနှင့်မိမိတို့ အာဏာတည်တံ့ရေး၊တိုင်းပြည်၏ နိုင်ငံရေး ၊စီးပွားရေး ၊လူမှု့ ရေးတို့ ကို
လက်ဝါးကြီးအုပ်ထားနှိုင်ရေးထက် မိမိပြည်သူများအတိ ဒုက္ခရောက်နေမှု့ ကဦးစားပေးသည့်အလုပ်ကိုလုပ်ကိုလုပ်ဖို့ 
လိုသော်လည်းအချိန်ဆွဲနေခဲ့သည် အထိပြည်သူအပေါ်သစ္စာဖေါက်ဖျက်ခဲ့သည်။
နအဖ စစ်အစိုးရအနေနှင့် အမြင်ကျယ်ကျယ်ထားပြီး မိမိလူမျီုးချင်းစာနာစိတ်ထားသည့်အနေနှင့် ဒုက္ခသည်များကိုလျှင်မြန်ထိရောက်စွာကယ်တင်နိုင်သည့်အမေရိကန်ဗိုလ်ချုပ်ကြီး Timothy J Keating (တင်မိုသီးဂျေကီးတင်) ၏ ကယ်ဆယ်ရေးအတွက်အထူးလေ့ကျင့်ထားသော ကယ်ဆယ်ရေးတပ်များကိုရက်မဆိုင်းပဲ
ဝင်ရောက်ကူညီခွင့်ပြုရန် လေးနက်စွာတိုက်တွန်းလိုက်သည်။
ဗိုလ်ချုပ်ကြီး တင်မိုသီဂျေကီးတင်း ကလည်းမိမိတို့ တပ်အနေနှင့် စစ်အစိုးရ ပြုတ်ကျရေးကိုစိတ်မ၀င်စားကြောင်း၊
အတိ ဒုက္ခရောက်နေသော ပြည်သူများကိုကယ်တင်ရန်သာစိတ်ဝင်စားကြောင်း မြန်မာနိုင်ငံအစီုးရ၏ခွင့်ပြုချက်ကို
စောင့်နေကြောင်း သို့ သော်ယ္ခု အချိန်အထိ ခွင့်ပြုချက်မရသေးကြောင်းပြောကြားသွာခဲ့သည်။
ဗိုလ်ချုပ်ကြီး တင်မိုသီဂျေကီးတင်း ဦးစီးသောတပ်တွင် ကယ်ဆယ်ရေးရဟတ်ယျဉ်တင်သင်္ဘောများ ၊ လူနာ ၆၀၀
ဆန့်ဆေးရုံသင်္ဘောကြီးပါဝင်သဖြင့်ဒုက္ခသည်များကိုကယ်တင်ရာတွင်လွန်စွာထိရောက်မည်ဖြစ်သည်။ ယ္ခုအချိန်အထိနအဖ အားကိုးသော တရုတ် ၊ရုရှားတို့ ကအမေရိကန်ကဲ့သို့ ကူညီရန်မကမ်းလှမ်းကြသည်ကိုကြည့်လျှင်
မြန်မာပြည်သူ တို့ ၏မိတ်ဆွေစစ်မိတ်ဆွေမှန်မည်သူဖြစ်သည်ကိုသိနှိင်ပေသည်။ထို့ ကြောင့် နအဖ အနေဖြင့်ပြည်သူ
များကို အမှန်တကယ်ထိရောက်စွာကူညီနိုင်သည့်အမေရိကန်အစိုးရ၏ကမ်းလှမ်းမှု့ ကိုလက်ခံရန်လေးနက်စွာတိုက်
တွန်းလိုက်သည်။
တကယ်ပြည်သူများ ဒုက္ခရောက်မှု့ ကိုမကြည့်ပဲပြည်သူသန်းချီသေသော်လည်းငါတို့ နှင့်မဆိုင်ဆိုသည့်ထုံးနှလုံး
မူကာ စစ်ဗိုလ်ချုပ်များကမျက်ကွယ်ပြုခဲ့လျှင်ကုလသမဂ္ဂနှင့်နိုင်ငံတကာမှ ၄င်းဖေါက်ပြန်သောစစ်ဗိုလ်ချုပ်များခွင့်ပြု
ချက်ကိုမစောင့်တော့ပဲဖြစ်သည့်နည်းနှင့်ဝင်ရောက်ဖို့ လိုအပ်ပေသည်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီအနှေင့် အထူး
အစည်းအဝေးခေါ်ယူပြီးလျှင်မြန်စွာလုပ်ဆောင်သင့်သည်။
ကိုယ့်လူမျိုး ကိုယ့်နိုင်ငံ ကိုလက်နှက်အားကိုးဗိုလ်ကျသွေးစုပ်နေသည့်စစ်ဘီလူးများကို နိုင်ငံတကာမှ၎င်တို့ ခွင့်ပြု
ချက်ကိုစောင့်မနေသင့်ပဲ လူသားချင်းစာနာထောက်ထားသောအားဖြင့်လူအသက်ပေါင်းများစွာကိုအချိန်မနှောင်းခင်
ကယ်တင်ဖို့ လိုသည်ဟုမြင်သည်။အမေရိကန်၊ပြင်သစ်၊ဗြိတိန်၊ဂျာမဏီ နှင့် ဥရောပနိုင်ငံများမှ UN ဦးဆောင်မှု့ အောက်
တွင် မြန်မာပြည်သူများကိုကယ်တင်ကြရန်အချိန်ကျပြီဖြစ်သည်။စစ်အစိုးရသည် တိုင်းပြည်ကို စီးပွားရေးချွတ်ချုံကျစေ
ရန်ပြုလုပ်ခဲ့သည်။ပြည်သူတို့ ရွေးကောက်သောအစိုးရလည်းမဟုတ် ၊ ၁၉၉၀ တွင်ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတွင်
လည်းရှုံနိမ့်ခဲ့သည့်အတွက်တရားဝင်အစိုးရလည်းမဟုတ်ချေ။
ထို့ ကြောင့် ၄င်းတို့ ခွင့်ပြုချက်ကိုတောင်းမနေသင့်တော့ပဲနိုင်ငံတကာမှကယ်ဆယ်ရေးတပ်များကိုစေလွှတ်ကာ
ဒုက္ခရောက်နေသောပြည်သူများကိုကူညီသင့်သည်။မြန်မာပြည်သူအပေါင်းဝမ်းပန်းတသာကြိုဆိုကြမည်မှာမြေကြီး
လက်ခတ်မလွဲပါကြောင်း ။
အမေရိကန်များသည်ပြည်ပအဖျက်အမှောင့်လုပ်နေသူများဟု နအဖ မှတောက်လျှောက် အပုတ်ချမှု့ ကြောင့် မှိုင်းမိ
နေသော တပ်မတော်သားများ ၊အတိဒုက္ခရောက်နေသော၎င်းတို့ ၏ မိဘဆွေမျိုးများ ကျင်နာထောက်ထားတတ်သော
အမေရိကန် စစ်သားများနှင့်တွေ့ ဆုံပြီးနားလည်မှု့ များရရှိကြတော့မည်ဟုယုံကြည်သည်။
NLD ပါတီကလည်းပြည်သူတို့ ၏ အသက်အိုးအိမ် ကယ်တင်ရန်တတပ်တအားပါဝင်မည် ဟုဆိုထားသဖြင့် NLD
ပါတီနှင့်တပ်မတော်သားများ၊ ဒီမိုကရေစီ စနစ်ကို ယုံကြည်ကျင့်သုံးနေသည့် အမေရိကန်ကူညီရေးတပ်ဖွဲ့ များ ပူပေါင်း၊
ဝိုင်းဝန်းလက်တွဲပြီးမွန်ပြတ်သည့်ကယ်ဆယ်ရေးလုပ်ငန်းများကိုလုပ်ကြဖို့လိုပြီး၎င်းမှတဆင့်တကယ်စစ်မှန်သော အမျိုးသားပြန်လည်သင့်မြတ်ရေးကိုတက်လှမ်းကြမည်ဆိုလျှင်မြန်မာပြည်သူတို့သားရွှေအိုးထမ်းလာသည့်ကိန်းဆိုက်သည်ကိုမဝေးတော့ပြီဖြစ်သည်ဟုတင်ပြလိုက်ရပါသည်
ထွန်းအောင်ကျော

No comments:

 
/* EOT ----------------------------------------- */