Tuesday, May 13, 2008

ပြည်တွင်းသတင်း

ရောဝတီတိုင်း

မေလ- ၁၃
ရောဝတီတိုင်းတခုလုံးကို စစ်အစိုးရ က ၀ိုင်းရုံပိတ်စို့ ထားလိုက်ပြီဖြစ်ပါတယ်။ ဘယ်သူမှဝင်လို့ ထွက်လို့ မရတော့ဘူး။ စစ်သားများနဲ့ စစ်ဆေးရေးဂိတ်များနေရာအနှံပြားမှာချထားလိုက်ပါတယ်။ ၀င်လားတဲ့ကား မှန်သမျှကိုစစ်ဆေးနေတယ်။ မသင်္ကရင်ဖမ်းတယ်။ လျူတန်းဖို့ လာတဲ့ ပစ္စည်းတွေကိုတော့
အကုန်သိမ်းဆည်းပြစ်လိုက်တယ်။ မှတ်ပုံတင်စစ်တယ်။ ရောဝတီတိုင်းမှာမွေးတဲ့သူမဟုတ်ရင်
တော့ နာဖို့ သာပြင်ပေတော့။ အကြီးအကျယ်လူတဲ့သူတွေ ကိုဖမ်းတယ်။ တရားမ၀င်ဘူးလို့ သတ်မှတ်နေတယ်။ ဘယ်သူမှမကူညီရဲဘူးဖြစ်နေတယ်။ ဒီစည်းကမ်းတွေကိုချိုးဖေါက်တဲ့သူတွေကို ကြံဖွတ်တွေ၊စွမ်းအားရှင်ဆိုတဲ့ခွေးတွေနဲ့ ဝိုင်းကိုက်ခိုင်းတယ်။ ကင်မရာနဲ့ ဗီဒီယိုတွေပါရင်သိမ်း။လူကိုဖမ်းလုပ်နေတယ်။ ရောဝတီတိုင်းက ကျယ်ပြန့် ပေမဲ့ သွားလာလို့ ရတဲ့ကားလမ်းက နည်းနည်းပဲရှိတော့ နအဖအတွက် ထိမ်းချုပ်ရတာလွယ်ကူနေတယ်။

Tuesday, 13 May 2008

စစ်သားတွေ၊ရဲတွေ၊ ကြံဖွတ်တွေ ယူနီဖေါင်းနဲရော၊ အရပ်တ်နဲ့ရောချထားတယ်။လက်နက်တွေမျိုးစုံတပ်ဆင်ထားတယ်။ လက်နက်တွေက တော့ သေနပ်၊ ၀ါးရင်းထုတ်၊ ဒုတ်တို၊ စကားပြောစက်တွေတပ်ဆင်ထားတယ်။ စစ်အစိုးရက ရောဝတီမှာဖြစ်ပျက်နေတာတွေကို အမြန် ဖျောက်ဖျက် ဖို့ ကြိုးစာနေပုံရတယ်။ နိင်ငံတကာကို ဖြစ်ရပ်မှန်တွေကို မမြင်အောင်လုပ်နေတယ်။ ဖျာပုံမှာတော့ ကာဖျူးထုတ်ထားတယ်။ တောင်ဒဂုံနဲ့ မြောက်ဒဂုံ က ဒုက္ခသည်စခန်းပေါင်းစုံက လူတွေကို မောင်းထုတ်ပြီး မဲရုံလုပ်ဖို့ စီစဉ်နေကြောင်း သတင်းများရရှိပါတယ်။

No comments:

 
/* EOT ----------------------------------------- */