အရေးပေါ် အခြေအနေ ထုတ်ပြန်ကြေငြာချက်မေလ ၂ ရက်နှင့် ၃ရက်တွင် မြန်မာနိုင်ငံအတွင်း (ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်)သို့ တစ်နာရီ မိုင် ၁၀၀ ကျော်နှုန်းဖြင့် ၀င်ရောက်တိုက်ခတ်သွားသည့် Nargis ဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးမှုများ အသက်အိုးအိမ်ဆုံးရှုံးမှုများ ဆိုးဝါးစွာ ဖြစ်ပေါ်လျှက်ရှိနေပြီး အရေးပေါ်အကူအညီများ အမြန်ဆုံးလိုအပ်လျှက် ရှိနေပါသည်။
သို့ဖြစ်ပါ၍ ပြည်ပရောက် မျိုးချစ်မြန်မာများ အဖွဲ့မှဦးစီး၍ စင်္ကာပူနိုင်ငံ ပင်နီစူးလားပလာဇာ တွင် ညနေ ၅း၃၀ မှ ည ၈း၃၀ အထိ မြန်မာနိုင်ငံရှိ ဒုက္ခသည်များ အတွက် အလှုငွေများအရေးပေါ် ကောက်ခံခဲ့ရာ စင်္ကာပူဒေါ်လာ ၁၆၀၀ တိတိ ကောက်ခံရရှိခဲ့ပါသည်။
ထို့ကြောင့် လူသားခြင်းစာနာထောက်ထားသော အားဖြင့် အောက်ဖော်ပြပါ ပြည်ပရောက်မျိုးချစ်မြန်မာများ သို့ ဆက်သွယ်၍ လှုဒါန်းနိုင်ကြပါပြီ။
လှုဒါန်းငွေများကို စာရင်းအတိအကျ ထုတ်ပြန်ကြေငြာပေးမည်ဖြစ်ကြောင်း နှင့် သက်ဆိုင်ရာ ဒုက္ခသည်များသို့ အချိန်မှီ ပေးအပ်ကူညီမည် ဖြစ်ကြောင်းလေးစားစွာ တိုက်တွန်းအသိပေးအပ်ပါသည်။
၁။ကိုအေးကိုကို (+၆၅ ၉၆၃၅၂၀၆၄)
၂။ကိုဝင်းကျော် (+၆၅ ၈၁၁၈၀၃၁၅)
၃။ကိုစိုးထွန်း (+၆၅ ၉၄၈၇၄၄၁၃)
၎။ကိုမင်းသိမ်း (+၆၅ ၈၁၈၆၀၀၄၂)
၅။ကိုသူရိန် (+၆၅ ၈၁၈၆၈၁၅၆)
၆။ကိုညီညီအောင် (+၆၅ ၉၇၄၂၀၉၀၅)
ပြည်ပရောက်မျိုးချစ်မြန်မာများ အဖွဲ့ (စင်္ကာပူ)
Sunday, May 4, 2008
အရေးပေါ်အလှူငွေကောက်ခံနေသော စင်္ကာပူနိုင်ငံမှ မျိုးချစ်မြန်မာအဖွဲ့
Subscribe to:
Post Comments (Atom)
No comments:
Post a Comment