၁၄ ရက်၊ ၅ လ၊ ၂၀၀၈
ညနေ ၂ နာရီ မိနစ် ၅၀
နောက်ထပ် ဆိုင်ကလုန်း တစ်ခု ဗမာပြည်ထဲမှာ စတင်ဖြစ်ပေါ်နေပြီလို့ ကုလသမဂ္ဂက အခုဘဲ သတိပေးလိုက်ပါတယ်။ ရန်ကုန်မြို့ရဲ့ အနောက်တောင်ဘက်မှာ စတင်ပြီး ဖြစ်ပေါ်နေပြီလို့ သိရတယ်။ အဲဒီ အပူပိုင်း ဆိုင်ကလုန်းဟာ နောက်ထပ် ၂၄ နာရီအတွင်းမှာ ကြီးထွားလာနိုင်တယ်လို့ သတင်းရရှိပါတယ်။
ဒါပေမယ့် အဲဒီမုန်တိုင်းဟာ အင်အားအသင့်အတင့်လား၊ အင်အားပြင်မလားဆိုတာကိုတော့ ကြိုတင်ခန့်မှန်းလို့မရသေး ဘူးလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှု အကူအညီပေးရေးအတွက်ရဲက ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
သူမက “ဒီသတင်းက ကုလသမဂ္ဂရဲ့ ကမ္ဘာ့ မိုးလေ၀သဋ္ဌာနရဲ့ ဋ္ဌာနခွဲတစ်ခုဖြစ်တဲ့ တိုင်ဖုန်းသတိပေးရေးစင်တာ (JTWC) က လာတာလို့” ပြောပါတယ်။ ပြီးတော့ ထိုထုတ်ပြန်ချက်ထဲမှာ “ယခုအချိန်မှာ ရန်ကုန်မြို့ရဲ့ အနောက်တောင်ဘက်ရဲ့ အနောက်ပိုင်းကနေ မိုင် ၃၀ အကွာရေပြင်မှာ မုန်တိုင်းစတင်နေပါပြီ” လို့ဖော်ပြထားပါတယ်။
Tuesday, May 13, 2008
နောက်ထပ် ဆိုင်ကလုန်းတစ်ခု မြန်မာ့ပင်လယ်ပြင်မှာ စ နေပြီ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment