Thursday, May 8, 2008

ဥပဒေနှင့်ဆန့်ကျင်သည့် ဆန္ဒခံယူပွဲဖြစ်သည်ဟု အန်အယ်လ်ဒီပြောကြား

ယနေ့ပြုလုပ်သည့် စစ်အစိုးရ၏ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း အတည်ပြုရေး ဆန္ဒခံယူပွဲသည်
လုံးဝဥပဒေနှင့်ဆန့်ကျင်သည့် မဲဆန္ဒခံယူပွဲဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန် အယ်လ်ဒီ) ကပြောသည်။

အန်အယ်လ်ဒီမှ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက “ကျနော်တို့ရတဲ့ သတင်းတွေအရ မြန်မာ ပြည်အနှံ့ မဲရုံတိုင်းမှာ ကြံ့ဖွံ့နဲ့ သူတို့ရဲ့အာဏာပိုင် အဖွဲ့အစည်းဝင်တွေက လာတဲ့မဲဆန္ဒရှင်တွေ
ကို ထောက်ခံမဲပေးခိုင်းတယ်။ ထောက်ခံမဲကိုလည်း မဲဆန္ဒရှင်က မခြစ်ရဘူး။ သူတို့ကိုယ်တိုင် ခြစ်ပေးတယ်။ အဲဒီလိုစနစ်နဲ့ အတင်းအဓမ္မလုပ်နေတယ်” ဟုပြောသည်။



၎င်းတို့အဖွဲ့ချုပ်ဝင်များ၏ သတင်းပေးပို့ချက်များအရ ရှမ်းပြည်နယ်နှင့် မကွေးတိုင်း ရေနံချောင်း၊ ဧရာဝတီတိုင်း ကျုံပျော်နှင့် ပုသိမ်၊ နောက်ပဲခူးတိုင်း ဇီးကုန်း၊ နတ္တလင်း၊ ပဲခူး တို့တွင် ထိုသို့ အတင်းအဓမ္မ ဆန္ဒမဲကို အမှန်ခြစ်ခိုင်းသည်ဟု သိရကြောင်း ၎င်းကပြောသည်။

“ဥပဒေနဲ့ မညီတဲ့နည်းနဲ့ လျှို့ဝှက်မဲပေးတဲ့ စနစ်လည်း မရှိတော့ဘူး။ သူတို့အရှေ့မှာပဲ ခြစ်ခိုင်း တယ်။ အဲဒီလိုပဲဖြစ်နေတယ်” ဟုဦးဥာဏ်ဝင်းကပြောသည်။

ဆိုင်ကလုန်းမုန်တိုင်းဒဏ်ခံလိုက်ရသည့် ဧရာဝတီနှင့်ရန်ကုန်တိုင်းတို့ အတွင်းရှိ (၄၇) မြို့နယ်မှ
အပ ဖွဲ့စည်းပုံမူကြမ်း အတည်ပြုရေး ဆန္ဒခံယူပွဲကို ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပရေး ကော် မရှင်က ယနေ့ကျင်းပနေခြင်းဖြစ်သည်။

“ပဲခူးတိုင်းသာယာဝတီမြို့မှာ မနက် (၁၁) နာရီကတည်းက မဲရုံအားလုံးကို ပိတ်လိုက်တယ်။ မဲပေးတဲ့လူတွေ မကုန်သေးဘူး။ မဲနောက်ထပ်ပေးချင်ရင် သူတို့ဆီကို သွားရတယ်။ သူတို့က ဘာလုပ်ထားသလဲဆိုတော့ တမြို့လုံးက နိုင်ငံသားစိစစ်ရေးကတ်ပြားတွေကို သိမ်းထားတယ်။ ကျေးရွာတွေမှာရှိတဲ့ လယ်သမားတွေရဲ့ ကျေးရွာဘဏ်စာအုပ်တွေ သိမ်းထားတယ်။ အဲတော့ မဲပေးချင်တဲ့သူက အဲဒီကိုသွား၊ ထောက်ခံမဲပေးလို့ရှိရင် မှတ်ပုံတင်ပြန်ပေးတယ်။ ဘဏ်စာအုပ်
တွေ ပြန်ပေးတယ်။ အဲဒီလိုနည်းနဲ့ မဲကိုလုယူနေပါတယ်” ဟု ဦးဥာဏ်ဝင်းကပြောသည်။

အန်အယ်လ်ဒီ ရန်ကုန်တိုင်းစည်းရုံးရေးဥက္ကဌ ဦးစိုးမြင့် နှင့် တွဲဖက်အတွင်းရေးမှူးဒေါက်တာ မျိုးအောင်တို့ နှစ်ယောက်က ယနေ့လုပ်သည့် ဆန္ဒခံယူပွဲတွင် မဲဆန္ဒပေးနေသည့် မြို့နယ်များ ဖြစ်သည့် လှည်းကူး၊တိုက်ကြီး၊ မှော်ဘီ၊ ထောက်ကြံ့ဘက်သို့ လေ့လာဖို့သွားခဲ့ရာတွင် ၎င်းတို့ ၏မော်တော်ယာဉ်ကို တိုးဂိတ်တွင် ရပ်ခိုင်းပြီး လုံထိမ်းတပ်မှ ဒု-ရဲမှူးက သွားခွင့်မပြုဘဲ ပြန်လှည့် ခိုင်းသဖြင့် ရန်ကုန်ဘက်သို့ ပြန်လာခဲ့ရသည်ဟုလည်း အန်အယ်လ်ဒီမှ ပြောသည်။

No comments:

 
/* EOT ----------------------------------------- */