ချင်းမိုင်။ ။ နာဂစ်မုန်တိုင်းကြောင့် ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းတို့တွင် သေဆုံးသူ ၁၅၀၀၀ ကျော်ရှိပြီး ပျောက်ဆုံးသူ (၃၀၀၀) ကျော်သည်ဟု စစ်အစိုးရက ထပ်မံ ထုတ်ပြန်လိုက်သည်။
ဧရာဝတီတိုင်း ဘိုကလေးမြို့တမြို့တည်းတွင်ပင် ၁ သောင်းကျော် သေဆုံးခဲ့ပြီး ဧရာဝတီတိုင်း အတွင်းရှိ အခြားမြို့နယ် (၆) ခုတွင် (၅၀၀၀) ထောင်ကျော် သေဆုံးခဲ့သည်၊
ရန်ကုန်တိုင်းတွင် (၅၉) ဦးသေဆုံးပြီး (၅၀၀) ကျော် ပျောက်ဆုံးနေသည်၊
အစိုးရ ထုတ်ပြန်သော သေဆုံးသူ အရေအတွက်မှာ ရာဂဏန်းမှသည် သောင်းဂဏန်းအထိ ထပ်မံ တိုးမြင့်လာခြင်း ဖြစ်သည်။
ဒဏ်ရာရသူ၊ အိုးမဲအိမ်မဲ့ဖြစ်သူ အရေအတွက်ကို သူက ထည့်သွင်း ပြောကြားသွားခြင်း မရှိသလို အရေးပေါ် အခြေအနေ ကြေညာထားသော မွန်ပြည်နယ်။ ကရင်ပြည်နယ်နှင့် ပဲခူးတိုင်းမှ အပျက်အစီး အသေအပျောက် စာရင်းကိုလည်း ထည့်သွင်း ပြောကြားသွားခြင်း မရှိပါ။
မိုးလေ၀သဌာန၏ ယနေ့ သတင်းအရ ကုန်းတွင်းပိုင်းတွင် ဆက်ရှိနေသော မုန်တိုင်းသည် ယခုအခါ လုံးဝ ပျက်ပြယ်သွားပြီဟု ဆိုသည်၊
စစ်အစိုးရသည် ပြန်လည် ထူထောင်ရေး လုပ်ငန်းများအတွက် နိုင်ငံတကာ အကူအညီများကို တောင်းခံထားပြီး မည်သည့်နိုင်ငံမှ အကူအညီများကိုမဆို လက်ခံသွားမည်ဟု ဦးဥာဏ်ဝင်းက ပြောသည်။ ကုလသမဂ္ဂမှ ပေးမည့် အကူအညီကို လက်ခံပါမည်ဟု စစ်အစိုးရက ပြောပြီး ဖြစ်သည်။
ထိုင်းနိုင်ငံမှ အကူအညီ ပေးအဖွဲ့ တဖွဲ့သည် မြန်မာနိုင်ငံသို့ ယနေ့ သွားရောက်မည်ဖြစ်ပြီး အမေရိကန် ပြည်ထောင်စုနှင့် အီးယူကလည်း အရေးပေါ် အကူအညီ ပေးမည်ဟု ကြေညာထားသည်၊
အီးယူက ဒေါ်လာ (၃) သန်းပေးရန် ကြေညာထားပြီး အမေရိကန် ပြည်ထောင်စုကလည်း ဒေါ်လာ (၂၅၀၀၀၀) ကို မြန်မာပြည်သံရုံးမှ တဆင့်ပေးပို့ရန်က ကမ်းလှမ်းထားသည်။
Tuesday, May 6, 2008
မုန်တိုင်းကြောင့် လူ ၁၅၀၀၀ ကျော်သေပြီးဟု စစ်အစိုးရထုတ်ပြန်
Posted by
Myo Myint Aung
at
1:22 AM
Labels: မုန်တိုင်းသတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment