ကျွန်တော်တို့တိုင်းပြည်ဟာ ကပ်ကြီးသုံးပါး ဆိုက်နေပါပြီ
နာဂစ် မုန်တိုင်းရဲ့ပြင်းထန်စွာတိုက်ခိုက်မှုကို ကျွန်တော်တင်ပြပေးနေတဲ့ post တွေမှာမြင်တွေ့ပြီးလောက်ပြီလို့ထင်ပါတယ်
ခုလောလောဆယ်မှာ အပြစ်မဲ့ပြည်သူတွေ မြို့လိုက်ရွာလိုက်ကို သေကြေနေကြပါပြီ
မုန်တိုင်းထဲမှာမသေလိုက်သူတွေလဲ အစာရေစာမရခြင်း အအေးကြောင့်ဖြစ်တဲ့ရောဂါတွေဝင်ခြင်း
ရေပုတ်တွေကတဆင့်ဖြစ်လာတဲ့ ခြင်၊ ယင် တွေကြောင့် အသည်းယောင်၊ အသားဝါရောဂါတွေကူးစက်ခြင်းတွေကြောင့် သေဆုံးကြတော့မှာပါ
ဒါကိုစစ်အစိုးရလဲ လက်လျှော့ရတော့မယ့်အခြေအနေမှာဖြစ်နေပါတယ်
ခုနောက်ဆုံးသူတို့ကိုင်တွယ်ဖြေရှင်းလို့လုံးဝမရတော့ဘူးဆိုတာသေချာတဲ့အခြေအနေကိုရောက်လာလို့သာ ခုလို အနောက်နိုင်ငံတွေကိုဝင်ရောက်ကူညီဖို့လက်ခံလိုက်ရတာပါ
ဘယ်လိုဘဲဖြစ်ဖြစ် မြန်မာတွေအတွက်တော့ဒါဟာအဆိုးထဲကကောင်းသတင်းပါဘဲ
ဒါပေမယ့် ကျွန်တော်တို့တွေ အနောက်နိုင်ငံတွေကိုချည်းအားကိုးနေလို့မရပါဘူး
လူသိန်းပေါင်းများစွာကိုကူညီဖို့ငွေအားအရမ်းလိုပါတယ်
ဒီတော့ လောလောဆယ်ဖြစ်နေတဲ့နိုင်ငံရေးကိစ္စတွေချည်းအာရုံစိုက်နေကြမဲ့အစား လူမှုရေးကိစ္စ အသက်ပေါင်းများစွာဆက်လက်ရှင်သန်ရေးကိစ္စကိုလဲ ဝိုင်းဝန်းကူညီပေးကြပါစို့
ကျွန်တော်ဦးဆောင်ပြီး မြန်မာပြည်က မုန်တိုင်းဘေးဒုက္ခသည်မှန်သမျှကို တိုက်ရိုက်လူကိုယ်တိုင်လှုဒါန်းနှိုင်ဖို့စီစဉ်ထားပါတယ်
ကျွန်တော်တို့ကိုလှုဒါန်းတဲ့ငွေတွေအားလုံးကို မြန်မာပြည်ကလူမှုရေးတကယ်လုပ်နေတဲ့မိတ်ဆွေတွေကိုပို့ပေးပါတော့မယ်
ဒီကိစ္စက နိုင်ငံရေးနဲ့လုံးဝမပါတ်သက်ပါဘူး လူအခြင်းခြင်းစာနာမှုနဲ့ကူညီတဲ့ လူမှုရေးသီးသန့် ဖြစ်ပါတယ်
ကျွန်တော်ဘယ်နိုင်ငံရေးအဖွဲ့အစည်းကိုမှပေးမှာမဟုတ်ပါဘူး လူလူချင်းတိုက်ရိုက် ကူညီသွားဖို့စီစဉ်ထားပါတယ်
ဒီတော့ မြန်မာတွေရဲ့ဒုက္ခဆင်းရဲတွေကို ကျွန်တော့်လိုဘဲ ခံစားစာနာပေးတတ်မယ်ဆိုရင်
ကျွန်တော်ကြိုးစားနေတဲ့ Myanmar cyclone relief funds ကိစ္စလေးဖြစ်အောင် ဝိုင်းကူညီပေးကြပါဗျာ
ကျွန်တော်နဲ့မသိသေးတဲ့ Blogger တွေအများကြီးရှိမှာပါ မိတ်ဆွေတို့သိသမျှ Blogger တွေကိုလဲလက်ဆင့်ကမ်းပေးကြပါ
ကျွန်တော်တို့အားလုံးညီညွတ်ရင် စစ်အစိုးရတောင် Blogger တွေကိုတုန်လှုပ်သွားရတယ်ဆိုတာ လုံးဝသက်သေပြခဲ့ပြီးသားပါ
စက်တင်ဘာတုန်းကကျွန်တော်တို့ ပြခဲ့ပြီးပြီ
နေဘုန်းလတ် ကိစ္စတုန်းကပြခဲ့ပြီးပြီ
ဇေယျာသော် ကိစ္စတုန်းကလဲ ပြခဲ့ပြီးပြီ
Vote No ကိစ္စတုန်းကလဲပြခဲ့ပြီးပြီ
ကဲ
ဘယ်လိုလဲ ခုလဲကျွန်တော်တို့ရင်ခုန်သံတွေစည်းချက်ညီနေပါတယ်ဆိုတာ
မျက်ရေတွေအရောင်တူနေသေးတယ်ဆိုတာ
ငါ့လူမျိုးထိရင် မချိအောင်နာတဲ့ မျိုးချစ်စိတ်ရှိတယ်ဆိုတာ
အလုပ်နဲ့သက်သေပြကြပါစို့
ဒီပို့လေးကို ကျနော်ဘလော့အတွက် ပေးပို့ပေးခဲ့သော မျိုးချစ်မြန်မာအား အထူးပဲကျေးဇူးတင်ရှိပါသည်။
Monday, May 5, 2008
ညီညွတ်ခဲ့တာ ဘလော့ဂါ
Posted by
Myo Myint Aung
at
10:53 PM
Subscribe to:
Post Comments (Atom)
No comments:
Post a Comment