Thursday, May 8, 2008

လူမှုကယ်ဆယ်ရေးနှင့်ကူညီထောက်ပံ့ရေးအဖွဲ့

၀၇.၀၅.၂၀၀၈

၂၀၀၈ ခုနှစ်မေလ (၂) ရက်နေ့သောကြာနေ့ညပိုင်းမှစ၍ မြန်မာနိုင်ငံတွင်ဝင်ရောက်တိုက်ခိုက်ခဲ့သော နာဂစ်အမည် ရှိဆိုင်ကလုန်းမုန်တိုင်းကြောင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသများနှင့် ရန်ကုန်တိုင်း ၊ ပဲခူးတိုင်း ၊ ကရင်ပြည်နယ် မွန်ပြည်နယ်တို့တွင် ပျက်စီးဆုံး ရှုံးမှုကြီးမားခဲ့ပြီး လူအသေအပျောက်နှုံးမှာလည်းထိတ်လန့်တုန်လှုပ်ဖွယ်ရာအထိ ဖြစ်ခဲ့ရပါသည်။ လေမုန်တိုင်းတိုက်ရိုက်အတိုက်ခံရသည့်မြို့များဖြစ်သော ဘိုကလေးမြို့နယ်တွင် ပျက်စီးဆုံးရှုံးမှုအ များဆုံးဖြစ်ခဲ့သည်။ ဘိုကလေးမြို့နယ်တွင် ၉၅% ခန့်ပျက်စီးဆုံးရှုံးခဲ့သည်။ လူဦးရေ ၂၂၀၀၀( ၆.၀၅.၂၀၀၈ )နေ့အထိသေဆုံးပြီး လူဦးရေ(၅၀၀၀၀)ကျော်ပျောက်ဆုံးနေဆဲဖြစ်သည်။ ယခုကဲ့သို့လေမုန်တိုင်းတိုက်ခိုက်ခဲ့သည့် အတွက် ကုန်ဈေးနှုံးမှာ ၂ ဆ ၃ ဆ တက်လာခဲ့ပါပြီ ၊ အသားငါး ၊ လောင်စာဆီဈေးနှုံးတို့မှာလည်း အဆပေါင်းများ စွာတက်သဖြင့် လေမုန်တိုင်းဒဏ်ခံခဲ့ရသော ပြည်သူလူထုမှာစားဝတ်နေရေးအတွက်အခက်အခဲနှင့်ကြံတွေ့နေရပါ သည် ။


မုန်တိုင်းဒဏ်ကြောင့် ကျန်းမာရေး ၊ ဆက်သွယ်ရေး ၊ နေရေးထိုင်ရေး ၊ လျှပ်စစ်မီးပြတ်တောက်မှု ၊သောက်သုံးရေ ပြတ်လပ်မှုနှင့် လုံခြံရေးအခက်အခဲများကိုစစ်အစိုးရ၏ စစ်တပ် ၊ ရဲ ၊မီးသတ် စသည်မည်သည့် အာဏာပိုင်အဖွဲ့အ စည်းများကမှ တစုံတရာ ဖြေရှုင်းပေးခြင်းများမရှိသေးပေ ။ သို့သော် စစ်အစိုးရမှ၎င်းတို့၏ စစ်တပ်အရာရှိများ နေထိုင်သော နေရာများနှင့်ဗိုလ်ချုပ်ရွာတွင် စစ်သားများဝင်ရောက်၍ ပိတ်ဆို့နေသော သစ်ပင်များကိုရှင်းလင်းဖယ် ရှားပြီး လုံခြံရေးအပြည့်အ၀ယူထားခဲ့သည် ။ ကျန်နေရာများတွင် သက်ဆိုင်ရာရပ်ကွက်အလိုက် ပြည်သူလူထုမှ မိမိတို့လုံခြုံရေး ၊ စားဝတ်နေရေး ပြဿနာများကို ကိုယ်ထူကိုယ်ထ စနစ်ဖြင့်ဖြေရှင်းနေရသည် ။

ထိုသို့ဖြစ်ပေါ်နေသော ပြည်သူလူထုဒုက္ခများအား ကယ်တင်ရန် (၀၇.၀၅.၂၀၀၈) နေ့တွင် လူမှုကယ် ဆယ်ရေးနှင့် ကူညီထောက်ပံ့ရေးအဖွဲ့ ဖွဲ့စည်း၍လေဘေးဒုက္ခသည်များအတွက်အကူအညီများကို စတင်၍လုပ်ဆောင်နေပြီဖြစ် ကြောင်းအသိပေးကြေငြာအပ်ပါသည် ။


No comments:

 
/* EOT ----------------------------------------- */