Thursday, May 8, 2008

နေပြည်တော်မှ စစ်အစိုးရနှင့် နီစပ်သောအသိုင်းအ၀ိုင်းမှ လာသောသတင်း

၁။ မေလ(ရ) ရက်နေ့မှနယ်မှတပ်များကိုနေပြည်တော်သို့ခေါ်ယူပြီးနေပြည်တော်ဝန်းကျင်နှင့်ဧလာမြို့များအနီးတွင်
နေရာချထားကြောင်းသိရ

၂။ မေလ (၉) ရက်မွန်းလွဲပိုင်းတွင် နေပြည်တော် ၊ ရန်ကုန်နှင့်မန္တလေးမြို့များတွင် အမေရိကန်စစ်သဘောင်္အုပ်စု သည် မြန်မာပြည်သို့အတင်းဝင်ရောက်၍ ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ကိုင်တော့မည်ဟုကောလဟာလသ တင်းများပျံနှံလာသည် ။ ကောလဟာလသတင်းများမှာစစ်ဘက်မိသားစုများမှထွက်ရှိလာဖြစ်ပြီး အမေရိကန်စစ်သ ဘော်အုပ်စု၏ ကယ်ဆယ်ရေးလုပ်ငန်းများကိုကာကွယ်ရန် စစ်ရဟတ်ယဉ်များစေလွှတ်မည့်သတင်းကို မြန်မာထောက်လှမ်းရေးမှသတင်းအတိအကျရသည်ဖြစ်ကြောင်းများပါရှိသည် ။

ထိုင်းပင်လယ်ဝတွင်ရပ်နာထား သည့်လေယဉ်တင်သဘောင်္ပေါ်မှ လေယဉ်အစင်း (၁၅၀) ကျော် သမ္မတဘုရှ်ရဲ့အမိန့်ကိုစောင့်နေကြောင်း လေယဉ်အုပ်စု (၀၀၁) ကနေပြည်တော်ကိုထိန်းချုပ်မည်။ တိုက်လေယဉ်(၀၀၂)က ကယ်ဆယ်ရေးလေယဉ်မျာကို စောင့်ရှောက်လိုက်ပါပြီး ရန်ကုန်ကိုထိန်းချုပ်မည် ။ တိုက်လေယဉ်အုပ်စု (၀၀၃)ကမန္တလေးအပါအ၀င် မြို့ကြီးများ ကိုထိန်းချုပ်မည် ။ ဗြိတိန်ဝန်ကြီးချုပ် ဂေါ်တွန်ဘရောင်းနှင့် ပြင်သစ်သမ္မတ ဆာကော်ဇီတို့လည်း ဖရီးဂိတ်သဘောင်္ တင်းစီ ထွက်ခွာရန်အမိန့်ပေးပြီး စသည့်သတင်းများအလျှင်အမြန်ပျံနှံသွားသည် ။

၃။ နေ့လည် (၂) နာရီခန့်မှစ၍ နေပြည်တော်နေပြည်သူများ ရန်ကုန်-မန္တလေးကားလမ်းမဆီသို့ဦးတည်လျှောက်နေ ကြသည် ။ လူတချို့လာသမျှကားကိုဖမ်းတားနေ ။ နေပြည်တော်ရုံးတွင်ဝန်ထမ်းများမရှိကြတော့ပဲ လမ်းမပေါ်၌ ပြေးလွှားနေတာတွေ့ရကြောင်း နေပြည်တော်ဈေးနှင့်စားသောက်ဆိုင်တန်းချောက်ကပ်သွား ။ လူအများအထုပ် ကိုယ်ဆီရွက်သူရွက် ၊ ဆွဲသူဆွဲနှင့် အဝေးပြေးကားလမ်းမပေါ်လျှောက်သွားနေတာတွေ့ရကြောင်းသိရ ။

1 comment:

Unknown said...

If this news truth that is satisfy for us.We'll free from the hell of junta, soon.

 
/* EOT ----------------------------------------- */