အင်အားကြီးသည့် နာဂစ် လေမုန်တိုင်းကြောင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ပိတ်ပစ်လိုက်ရပြီး လေကြောင်းခရီးစဉ် အားလုံးကိုလည်း ဖျက်သိမ်းလိုက်ရသည်။
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် တာဝန်ရှိသူများ အဆိုအရ ရန်ကုန်မှ ထွက်ခွာမည့် လေကြောင်း ခရီးစဉ်များ အားလုံးကို ယာယီ ဖျက်သိမ်းထားပြီး ရန်ကုန်သို့ ဆိုက်ကပ်မည့် လေကြောင်းလိုင်းများ အနေဖြင့် မန္တလေးလေဆိပ်၌ ဆင်းသက်ရန် ညွှန်ကြားထားသည်ဟု ရိုက်တာ သတင်းတပုဒ်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံ၏ မြို့တော်ဟောင်း ရန်ကုန်မြို့ တမြို့လုံးနီးပါးကို ဖျက်ဆီးပစ်သော နာဂစ်မုန်တိုင်းမှာ ယမန်နေ့ ညသန်းခေါင်းယံချိန်မှ စတင်ဝင်ရောက် တိုက်ခတ်လာခြင်း ဖြစ်ပြီး ဓါတ်တိုင်နှင့် လမ်းဘေးသစ်ပင်ကြီးများ ပြိုလဲကာ မြို့အတွင်း နေရာအတော်များများ၌ နေအိမ် ခေါင်မိုးသွပ်ပြားများ လေပေါ်ပျံဝဲသည်အထိ ရှိခဲ့သည်။
ရန်ကုန်တမြို့လုံး ရစရာမရှိအောင် ပျက်စီးနေပြီဗျာ၊ ကျနော့်တသက်နဲ့ တကိုယ် ဒီလိုမျိုး အဖြစ်အပျက် တခါမှ မကြုံဖူးဘူး ဟု ရန်ကုန်မြို့ခံတဦးက သတင်းဌာနကို ပြောပြသည်။
ဂြိုလ်တုစလောင်းများ ပျက်စီးနေပြီး အထုတ်အပိုးများဖြင့် လူအချို့ မြို့လယ်လမ်းမများတွင် ပြေးလွှားလျှက်ရှိပြီး လမ်းပေါ်သွားသော ကားအနည်းငယ်ကို တင်ဆောင်သွားရန် အကူအညီတောင်း တားမြစ်နေသည်ကို တွေ့မြင်ရကြောင်း မြို့တွင်းလှည့်လည် လေ့လာနေသူတဦးက ပြောပြသည်။
တနိုင်ငံလုံးတွင် တယ်လီဖုန်းလိုင်း အနည်းငယ်သာ ကောင်းမွန်လျှက် ရှိသည်။ အင်တာနက်ပြတ်၊ လျှပ်စစ်မီး မလာနှင့် မုန်တိုင်းအန္တရာယ် ကြိုတင် ပြင်ဆင်ထားခြင်း မရှိသူ အများအပြားမှာ စားရေးအတွက်ပင် အခက်အခဲ ဖြစ်နေသည်။
မုန်တိုင်းကြောင့် ဧရာဝတီမြစ်ရေ လျှံတက်လာကာ ရန်ကုန်မြို့နေရာအနှံ့အပြား ရေရောက်လာသဖြင့် ခရီးသည်တင် ဘတ်စ်ကား လိုင်းများလည်း ရပ်နားထားရသည်ဟု ရိုက်တာ သတင်းက ဆိုသည်။
နအဖ အစိုးရ အတွင်းရေးမှူး ၁ ဒုတိယဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး က ရန်ကုန် အပါအဝင် ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်တို့တွင် အမျိုးသား ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်ရန် အရေးပေါ် အခြေအနေ ကြေညာချက် ထုတ်ပြန်ထားသည်။
Saturday, May 3, 2008
ရန်ကုန်မှ လေမုန်တိုင်းသတင်း
Posted by
Myo Myint Aung
at
6:39 AM
Labels: မဇ္ဖိုမ သတင်းအား ကိုကားတင်ပြသည်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment