Thursday, June 12, 2008

ကိုရန်အောင်လေသံနဲ့ ပြောလိုက်မယ် လက်လုပ်ဗုံးဆိုတာ ဒါပဲဗျာ

ကျနော်အစကတော့ ဒီလက်လုပ်ဗုံးပညာရပ်ကို ကျနော်ရဲ့ ဘလော့မှာ တင်ပြဖို့ အစီအစဉ်မရှိပါဘူး။ ဒါပေမယ် ကျနော်လေးစားရတဲ့ဘလော့တွေထဲမှာ တစ်ခုအပါအ၀င်ဖြစ်တဲ့ ကိုနစ်နေမန်းရန်ဘလော့က cbox ထဲမှာ ဗုံးလုပ်နည်းပညာတွေကို တင်ပြပေးဖို့တောင်းဆိုနေတာတွေကို တွေ့ရသလို ကျွန်တော်နဲ့ အကြောင်းသိဘော်ဒါတွေက အီးမေးက နေတောင်ဆိုတာကြောင့် ဒီလက်လုပ်ဗုံးပညာကို တင်ပြဖို့ အစီအစဉ်တစ်ခုစတင်ရပါတော့တယ်။
ဒီပညာရပ်ကို ကျနော်အနေနဲ့ အခြေခံ၊ သာမာန်နှင့် ကျွမ်းကျင်အဆင့်ဆိုပြီး သုံးစုခွဲထားပါတယ်။ ကျနော်အနေနဲ့ ပထမက ကျနော်ရဲ့ ဘလော့ရဲ့ ဘေးမှာ လူတွေရဲ့ မဲပေးမှုအပေါ် အခြေခံပြီးမှ တင်သင့်၊ မတင်သင့် ဆုံးဖြတ်ဖို့ပါ။ ဒါပေမယ် အခြေခံအဆင့်ကို တော့ လူတိုင်းအနေနဲ့ သိသင်သည်က တစ်ကြောင်း၊ အန္တရာယ်ဖြစ်နိုင်မှု အားနည်းသည်ကတစ်ကြောင်းကြောင့် တင်ပြလိုက်ပါတယ်။ အန္တရာယ် ဖြစ်နိုင်မှု နည်းသည်ဆိုပေမယ့် ဒီပညာရပ်ကို လက်တွေစမ်းသပ် အသုံးပြုစဉ် တစ်စုံတစ်ခု ထိခိုက်မှုဖြစ်ပေါ်ပါက လုံးဝ(လုံးဝ) တာဝန်ယူမည် မဟုတ်ကြောင်း ထပ်မံ အသိပေးအပ်ပါသည်။ ထို့နည်းတူ ကျနော်၏ ဘလော့မှ တင်ပေးသော ပို့စ်အားလုံးသည် စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်ရန်နှင့် ပြည်သူ အသက်အိုးအိမ်၊ စည်းစိမ်ကို ကာကွယ်ရန်ရည်ရွယ်ထားသောကြောင့် ဤပညာရပ်အား မိမိတို့၏ ကိုယ်ကျိုးအတွက်သော်လည်းကောင်း၊ ပြည်သူအသက်၊ အိုးအိမ်၊ စည်စိမ်များကို ထိခိုက်နိုင်သော လုပ်ငန်းများတွင် အသုံးမပြုကြပါရန်လေးစာစွာဖြင့် အနူးညွတ်တောင်ခံအပ်ပါသည်။
အခြေခံလက်လုပ်ဗုံး စာအုပ်အား ဒီနေရာမှ ဒေါင်းလုပ်ရယူပါ။
ဒုတိယပိုင်း(သာမာန်အဆင့် စာအုပ်ထူ) ကို မိတ်ဆွေတို့၏ ဆန္ဒမဲပြုမှုနှင့် ယခုတင်ပို့သော လက်လုပ်ဗုံးအခြေခံအဆင့်၏ အကျိုးသက်ရောက်မှု အပေါ်တွင်မူတည်၍ တင်ပြသွားမည်ဖြစ်ပြီး တတိယပိုင်းထူးချွန်အဆင့်ကို ကျွန်တော်၏ ဘလော့ပေါ်တွင် လုံးဝ တင်လိမ့်မည်မဟုတ်ကြောင်း ကြိုတင်အသိပေးလိုပါသည်။

လေးစားစွာဖြင့်
မျိုးမြင့်အောင်
ပြည်သူတို့၏ လွတ်မြောက်ရာလမ်း

ပြန်ခေါက်ထားရန်

2 comments:

လင်းလက် said...

တစ်ခုပြောချင်တယ်ဗျ လက်လုပ်ဗုံးနဲ့သာမန်မိုင်းကတော့
မခက်ခဲပါဘူး...။ကျွန်တော်လဲအရပ်သားဖြစ်နေပေမဲ့
တချိန်ကတော့ DI Major ယူခဲ့ဖူးတော့အဲတာတွေကို
သိနေပါတယ်။ကိုမျိုးမြင့်အောင် ရဲ့စေတနာကိုလေးစား
ပါတယ်။ကျွမ်းကျင်သူတွေတောင်အမှားအယွင်းမခံတဲ့
ကိစ္စဖြစ်တဲ့အတွက်တော့ပြန်စဉ်းစားပေးစေချင်ပါတယ်ဗျာ။
vote လုပ်တာကိုမူတည်ပြီးမဆုံးဖြတ်သင့်ဘူးလို့ထင်မြင်မိ
ပါတယ်ခင်ဗျာ။အိုင်းစတိုင်းလိုမျိုးခံစားချက်တွေမခံစား
စေချင်ဘူးဗျ။ကျွန်တော့်အမြင်မှားယွင်းသွားခဲ့ရင်ဆောရီးပါ။
ဆွေးနွေးမှုတစ်ခုလို့ပဲမြင်ပေးပါ။

Anonymous said...

Hi Ko Myo,

I'm lack in blog or c-box. Let me write in English, please.

It may depend on who will use this technique. I don't think any person, who can effort to download this, will cause an issue. On my opinion, according to the recent political situation, it's time to distribute the tech.

That may be much easier than carrying real bomb from a place to another place to fight them back.

You may want to discuss with Dr. Hla Kyaw Zaw, CPB, regarding this.

Sincerely,
Faith

 
/* EOT ----------------------------------------- */