Thursday, June 5, 2008

မြန်မာအလင်းသတင်းစာမှ သားသမီးအပေါ်ထား၇ှိတဲ့မိဘရဲ့စေတနာများ ကို ပြန်လည် ခြေပခြင်း

အရူးဘုံမြှောာက် (၁)
သားသမီးပေါ်ထားရှိသည့် မိဘ၏စေတနာ(၁) ကိုဖတ်ပြီး အင်းအရူးတွေနဲ့ ပြိုင်မပြောချင်တော့ ပါဘူးလို့စဉ်းစားပေမယ့် သတင်းစာ ၂မျက်နှာ တိတိမှာ နေရာယူထားတဲ့ စာဖတ်ပရိသတ် မြန်မာပြည်သူတွေကေို ဥာဏ်ရည်နိမ့်နေသူများဟု ထင်မှတ်နေတဲ့ ထိုဆောင်ပါးရှင် နဲနဲလေးပြိုင် ပြောချင်လာတယ်။ ငါတကောကောရေးးလည်း နေတယ်။ (၁) ဆိုတော့ (၂) တွေ (၃) တွေကိုလည်းစိတ်ပျက်စွာ ဆက်ဖတ်၇ဥိးမယ်ဆိုတော့ ဒင်းများ ငါ့ဆောင်ပါးလေးဖတ် ပြီး ရပ်တန်ကောင်းပါရဲ့ ၊ ဆိုတဲ့စိတ်ကူးလေးနဲ့ တန်ပြန်ဒီဆောင်းပါးလေးကို ရေးရခြင်းဖြစ်ပါတယ်။
ဦးသန်းရွှေနဲ့အပေါင်းပါဟာ သူ့တို့ဘာသာသူတို့ အာဏာရူး ရူးနေကြလို့ စိတ်ညစ်နေရ တဲ့အထဲ သူကအားပေးအားမြှောက် လုပ်လိုက်သေးတယ်။ သူ့ဆောင်ပါးကဘာနဲ့တူသလဲဆို ရင် အရူးကို ဘုံမြှောက် ထားသလိုမျိုးဆိုတော့ကျုပ် ဆောင်ပါးကိုလည်း ယခုလိုအမည်တပ် လိုက်တော့တယ်။ ဘယ်နှယ့် ဒီအာဏာရူးတွေကိုများ မိဘတဲ့၊ ဒီဆောင်ပါးရှင်ဟာဘာများစားမိ လိုက်လို့ ရူးသွားတာပါလိမ့်။ မဟုတ်မှ လွဲရော ဒေါ်လာ အစိမ်းကြော်စားမိပြီနဲ့တူတယ်။ မိဘရဲ့ ဂုဏ်သတ္တိကိုကော ဒင်းသိမှသိရဲ့လား။

အစိုး၇ဆိုတာ မိဘနဲ့တူတယ်ဆိုတော့အကြမ်းအားဖြင့် လက်ခံနိုင်ပါတယ်။ ဒါပေမယ့် ကျုပ်တို့တိုင်းပြည်က စစ်အာဏာရူးတွေကို မိဘစာရင်းထဲ ထည့်လိုက်တော့ ကျုပ်တို့ မိဘတွေကိုတောင် ဘယ်လိုဝေါဟာရ ပြန်ပေးရင်ကောင်းမလဲမသိ တော့ဘူး။ ဒင်းတို့အာဏာရူးတွေ ငါးပိနဲ့ထမင်းစားပြီး လူကြားထဲကားတိုးစီးနေပြမယ်ဆိုရင် တော့ ကျုပ်တို့ တနေ့ဆယ်ခါဦးချလိုက်ချင်ရဲ့။ ဒါမှမိဘလို့ခေါ်မှာလေ။ မိဘဆိုတာအိမ်တအိမ် မှာအနိမ့်ဆုံးသားသမီးကို သနားညှာတာပြီး အဲ့ဒီသားသမီး ကိုပို၍ ဂရုစိုက်ဆုံးလေ။ ဆောင်းပါးရှင်ရဲ့ မိဘတွေကိုတောင် ကျုပ်သံသယ၀င်ချင်လာပြီ။ ဆောင်းပါးရှင်တို့ မောင်နှမ တွေ ငယ်ငယ်တုံးက ငါးပိနဲ့စားချိန်မှာ ဆောင်းပါးရှင်တို့မိဘတွေက ကြက်သား ဟင်းဆီပြန်နဲ့များ စားတာမြင်ဘူးခဲ့ကြလို့များလား။ မဟုတ်တန်ကောင်းပါဘူးနော်….။
ဆောင်းပါးရှင်ပြောသလို နာဂစ်က သတင်းလောကမှာ ဇတ်လိုက်ဖြစ်နေတယ်ဆိုတော့ သတင်း ဖတ်တဲ့သူတော်တော်များများရှိလို့ပေါ့။ နာဂစ်သတင်းကို ပြည်သူတွေပိုစိတ်ဝင်စားကြလို့ပေါ့ ။ ဒါဆို ဆောင်းပါးရှင်ရဲ့ ကလောင်တံထက်ထက်လေးနဲ့ အရူးဘုံမြောက်စကားတွေေ၇းနေမဲ့အစား ပြည်သူတွေကိုနာဂစ်ဒုက္ခသည်တွေကို ပိုပိုကူညီလာအောင် လှုံ့ဆော်စာလေး တွေ ရေးမယ်ဆိုရင် တော်တော်လေးအကျိုးရှိမယ်ထင်ပါရဲ့။ အခုတော့ သူများတွေကူညီထား တဲ့ ခိုင်ခိုင်ခန့်ခန့်တဲ တွေနားမှာ လျှောက်ဓာတ်ပုံရိုက်ခံနေတဲ့ စစ်အာဏာရူးတွေကိုသတင်းစာ မျက်နှာထဲမှာ ဝေေ၀ဆာဆာနဲ့ စိတ်ပျက်စရာကြီး။ ထည့်ပါလား ဘာအကူညီမှ မရသေးလို့ ဒုက္ခရောက်နေတဲ့ဓာတ်ပုံတွေ။
ဆောင်းပါးရှင်သိပါတယ်။ မုန်တိုင်းဖြစ်ပြီးကားလမ်းတွေသစ်ပင်တွေနဲ့ပိတ်လို့ ဘယ်ကယ်ဆယ်ရေး လုပ်ငန်းမှ မရောက်နိုင်ပါဘူး။ အဲ့ဒီအချိန်မှာ ရုပ်ရှင်ထဲကလို ရဟပ်ယာဉ်တွေနဲ့စစ်တပ်က သက်စွန်းဆံဖျား လိုက်ကယ်မယ်ဆိုရင် မုန်တိုင်းပြီးပြီးချင်းအသက်ရှင်ကျန်သေးတဲ့လူတွေ မသေသင့်ဘဲမသေလောက်ပါ ဘူး။ ဒါဆို ကယ်ဆယ်ရေးလုပ်ငန်းတွေနှောင့်နှေးမှာစိုးလို့ မသွားသေးတာပါဆိုတဲ့ ဦးသန်းရွှေစကားက အရူးချီးပန်းပြောသလိုမျိုးဖြစ်မနေဘူးလား။ ဒါကို ဆောင်ပါးရှင်က စဉ်းစားဆင်ခြင်ဥာဏ်နဲ့အမျှော်မြင်ရှိ တယ်ဆိုတော့ အင်း… တရုပ်ပြည်ငလျှင်လှုပ်လို့ ဒုက္ခရောက်နေတဲ့ သူတွေဆီသွားခဲ့တဲ့တရုတ်သမ္မတ ကတော့ တော့်တောာ့်ကို စဉ်းစားဆင်ခြင်မှုနဲ့ အမျှော်မြင်မရှိတာပဲလို့ပြောလိုက်တာနဲ့မတူနေပေဘူးလား။
ကျုပ်တို့စစ်အစိုးရသာ အမြှော်မြင် ရှိခဲ့ရင် နာဂစ်မုန်တိုင်းကြောင့်ဒီလောက်လူသေနှုန်းမများဘူး။ ပြင်ဆင်ချိန်မရလိုက်တဲ့ ဆူနာမီဆိုတဲ့ ရေငလျှင် ကမ္ဘာပေါ်မှာဖြစ်ခဲ့တာတောင် ၇နိုင်ငံပေါင်း မှ ၂၅၀၀၀၀ ဘဲရှိခဲ့ပါတယ်။ ၃ရက်ကြာအချိန်ရခဲ့တဲ့မြန်မာပြည်ရဲ့ နာဂစ်ထိနှုန်းကတော့ ကြောက်ခမန်းလိလိပါပဲ။ ဆောင်ပါးရှင်ရေ ဆင်းရဲငတ်မွတ်နေတဲ့ ပြည်သူတွေကို ကျောခိုင်းပြီး စစ်အစိုးရအလိုကျရေးနေမယ့်အစား စာရေးဆရာဂုဏ်ကိုထိန်းပြီး ထက်မြက်တဲ့ကလောင်တံလေးနဲ့ ပြည်သူကိုအလုပ်အကျွေးပြုလိုက်ပါတော့ လား။
ပြည်ချစ်မြှား

No comments:

 
/* EOT ----------------------------------------- */