Tuesday, June 10, 2008

ရန်ကုန်မြို့တွင် ICRC ရုံးနှင့် UN ရုံးရှေ့တွင် ဒုက္ခသည်များ ဆန္ခ ပြသတင်း


UN ရုံးသို့ သွားရန် န၀ဒေရုပ်ရှင်ရုံးရှေ့တွင် ကားစောင့်နေစဥ

ယူအမ်ရုံးသို့ သွားရောက် ဆန္ဒပြမည့်သူများ၏ နောက်သို့ နောက်ယောင်ခံလိုက်နေသော စစ်ခွေးတစ်ကောင်

ယနေ့ မနက်၁၀နာရီတွင် အရှေ့ဒဂုံမှစတင်ပြီးထွက်ခွာလာသော ဒုက္ခသည် ကလေးများအပါဝင် ၃၅ ဦးခန့်သည် မြန်မာကြက်ခြေနီမှလူငယ်များဦးဆောင်ပြီး ICRC (၈မိုင်) ရုံးရှေ့သို့လာရောက်ခါ
ဒုက္ခသည် များကမိမိတို့၏အခွင့်အရေးကိုတောင်းဆိုကြပါသည်။ ICRC မှ မိမိတို့လိုချင်သော တင်ပြချက်များကို မလိုက်လျောနိုင်သဖြင့် UN ရုံးရှေ့သို့ ဆက်လက်၍ ကားတတန် ခြေလျှင်တကြောင်းဖြင့် ချီတက်ခဲ့ပါသည်။
UN ရုံးရှေ့သို့ရောက်သောအခါ ၀င်ခွင့်မရသဖြင့်အ၇ပ်ဝတ်နှင့် လူအချို့က မိမိတို့နှင့်ခဏလိုက်ခဲ့ရန် ကြက်ခြေနီလူငယ်အချို့ကို ပန်းခြံထောင့်တနေရာတွင်ရပ်ထားသောရဲကားဆီသို့ခေါ်သွားပါသည်။ ကြက်ခြေနီများမှာကားနားရောက်မှ မိမိတို့အဖမ်းခံရကြောင်းသိလိုက်ရပါသည်။
ဒုက္ခသည်တွေပါကားပေါ်တင်ခေါ်သွားနိုင်သည်ဟုယူဆရပါသည်၊

ထူခြားသည်မှာ ၉၀%ကျော်ထောက်ခံမဲသန့်သန့်လေး ရထားပါသည် ဖွဲ့စည်းပုံဥပဒမူကြမ်းကိုပြည်သူတွေကကြိုက်ပြီး ပြည်သူတွေရဲ့ MANDATE အစစ်အမှန်ပါဟုမြန်မာ့အလုင်းတွင်ကြွေးကြော်ထားသောကျွန်ုပ်တို့အစိုးရသည် ဒုက္ခသည်များချီတက်ရာ လမ်းတလျှောက်တွင် ဘယ်ကနေဘယ်လိုပေါ်လာမှန်းမသိသော
နောက်ယောင်ခံအများအပြား ထားရှိထားသည်ကိုတွေ့၇ပါသည်။

သတင်းရေးသူတွေးမိသည်မှာ အော် ၉၀%ကျော်ထောက်ခံမဲ၇ထားတာတောင်ပြည်သူတွေကို ကြောက်တုန်းပဲကိုးဟုပင်ဖြစ်ပါသည်။
ထောက်လှမ်းရေးများ၊ စွမ်းအားရှင်များသည် နေရာအနှံ့ပင်ရှိနေတုန်းပဲဖြစ်ပါသည်။

မျိုးမြင့်အောင်

No comments:

 
/* EOT ----------------------------------------- */