New Generation Movemebt For Justice                                                                                                                                                                  
                                                                                                                                                                                                    နအဖလက်ကိုင်တုတ်ကြံ့ဖွတ်နှင့်စွမ်းအားရှင်များသိစေရန်
သင်တို့သည် ငွေကြောင့်သိမ်းသွင်းခံရခြင်းကြောင့်ဖြစ်စေ၊ ခြိမ်းခြောက်ခြင်းကြောင့်လုပ်ရခြင်း ဖြစ်စေ၊ မိမိကိုယ်တိုင်ကစိတ်ပါ၍ဖြစ်စေ၊ မည်သည့်အကြောင်းကြောင့် လုပ်လုပ်သင်တို့ .. ..လုပ်ရပ်ကိုရပ်တန်း ကရပ်ကြပါဟုသတိပေးလိုက်ပါသည်။
ထပ်မံပြုလုပ်မည့်လူထုလှုပ်ရှားမှုတွင်၊စစ်အာဏာရှင်အကြိုက် အကြမ်းဖတ်တိုက်ခိုက်ခြင်း၊ လက်ရှိ ဒီမိုက ရေစီလှုပ်ရှား နေသော သူများအား ထပ်မံကိုယ်ထိလက်ရောက်စောကားခြင်း ခြောင်းရိုက် ခြင်းများပြုလုပ်မည်ဆိုပါကသင်တို့ပေါ်ကျရောက်မည့်အန္တရာယ်သည်ကြီးမားမည်ကို လူသား ခြင်းစာနာစိတ်ဖြင့် သတိပေး လိုက် ပါသည်။
သင်တို့.ရက်စက်သောလုပ်ရပ်ကိုတန်ပြန်နှိမ်နှင်းရန်အတွက် လုံလောက်သောလူအင်အား နှင့် အခွင့်အလမ်းများရှိပြီဖြစ်ခြင်း၊ သင်တို့နေထိုင်ရာလိပ်စာများကိုလည်းကျွန်ုပ်တို့ရရှိပြီးဖြစ် ခြင်းကြောင့် သင်တို့အား နောက်ဆုံးနောင်တ ရရန်သတိပေးလိုက်ရခြင်းဖြစ်ပါသည်။
သင်တို့သစ္စာရှိသော စစ်အာဏာရှင်များမှာ မိမိအာဏာတည်မြဲရေးအတွက် သံဃာတော် များ ကိုပင် ရက်ရက်စက်စက်သတ်ဖြတ်သူများဖြစ်ပါ၍ မိမိကိစ္စပြီးမြောက်ပါကသင်တို့အား အသက် ရှင်ခွင့်ပေး မည် မဟုတ်ဆိုသည်ကိုသေချာနားလည်သဘောပေါက်ထားသင့်ပါသည်။
သင်တို့မွဲနေသလို..ငါတို့လည်းမွဲနေပါတယ်။သင်တို့မိသားစုဆင်းရဲသလို ..ငါတို့မိသားစု လည်း ဆင်းရဲနေပါတယ်။အေး..ဘယ်လောက်မွဲမွဲ၊ဘယ်လောက်ဆင်းရဲ..အတ္တသမား၊လောဘသမား စစ်အာဏာ ရှင်ခိုင်းတဲ့အတိုင်းလုပ်မဲ့ စစ်ခွေးများဖြစ်တဲ့အထိ..ငါတို့စိတ်ဓာတ်တွေ၊ငါတို့အတွေး အခေါ်တွေ မမွဲသေးဘူး၊ မဆင်းရဲသေးဘူး။ ဒါကြောင့်.ခင်ဗျားတို့လည်း..ဒီနေ့အချိုန်ကစပြီး ပြောင်း
ကျပါလို့..တကယ်လို့ စစ်အာဏာရှင်နောက်လိုက်ခွေး ဆက်လက်လုပ်ကိုင်နေမည် ဆိုပါက
ကျွန်ုပ်တို့ တရားမျှတရေးတွက်မျိုးဆက်သစ်လှုပ်ရှားမှု New Generation Movement for Justice အဖွဲ့ မှသတိပေးထုတ်ပြန်လိုက်ပါသည်။
                                                     တရားမျှတရေးအတွက်မျိုးဆက်သစ်လူပ်ရှားမူ
Friday, May 2, 2008
Posted by
Myo Myint Aung
at
6:22 AM
Subscribe to:
Post Comments (Atom)
No comments:
Post a Comment