မုန်တိုင်းကြောင့် သေဆုံးသူများသည် ၄၀၀၀ နီးပါးရှိသည်ဟု စစ်အစိုးရ၏ နောက်ဆုံး ထုတ်ပြန်ချက်က ပြောသည်။ လူပေါင်း ၃၉၃၄ ဦးသေဆုံးပြီး ၄၁ ယောက် ဒဏ်ရာရကာ လူ ၂၈၇၉ ဦး ပျောက်ဆုံးနေဆဲ ဖြစ်သည်ဟု နိုင်ငံပိုင် ရေဒီယိုက ကြေညာသွားသည်။
ဧရာဝတီတိုင်းတွင် ဟင်္သတ၊ ဖျာပုံ၊ ဒေးဒရဲ၊ ပုသိမ်၊ မြောင်းမြ၊ လပွတ္တာ၊ မော်လမြိုင်ကျွန်း၊ ငွေဆောင်၊ ချောင်းသာ၊ ဂွ၊ ငသိုင်းချောင်းတို့တွင် ပျက်ဆီးမှုများ ရှိခဲ့ပြီး ရန်ကုန်တိုင်းတွင် ရန်ကုန်နှင့် ကျောက်တန်း၊ ခရမ်း၊ သုံးခွတို့တွင် ပျက်စီးမှုရှိခဲ့သည်ဟု ရေဒီယိုသတင်းက ဖော်ပြသည်။
ပဲခူးတိုင်းတွင် ဝေါ၊ ဒိုက်ဦး၊ ပဲခူး၊ ညောင်လေးပင်၊ ဥက္ကံ၊ သုံးဆယ်၊ မွန်ပြည်နယ်တွင် သထုံ၊ ဘီးလင်း၊ မော်လမြိုင် တို့တွင် ပျက်ဆီးဆုံးရှုံးမှု ရှိခဲ့သည်ဟုလည်း ပြောသည်။်
မဇ္ဈိမ ရရှိသော သတင်းများအရ အစိုးရ ကြေညာသော သေဆုံးသူမှာ ၁၀၀၀၀ ထက် ပိုနိုင်သေးသည်ဟု သိရသည်။
တရုတ်၊ အိန္ဒိယ၊ ထိုင်းနိုင်ငံတို့မှ အစားအသောက်၊ ဆေးဝါး အပါအ၀င် အကူအညီများ စစ်အစိုးရက တောင်းခံလျှက်ရှိပြီး အပျက်အစီးများ ဖယ်ရှားရန်အတွက် စင်္ကာပူမှ စက်ပစ္စည်းများ ၀ယ်ယူလျှက် ရှိသည်။
Monday, May 5, 2008
လူ ၄၀၀၀ နီးပါး သေဆုံးဟု အစိုးရ သတင်းထုတ်ပြန်
Posted by
Myo Myint Aung
at
1:34 PM
Labels: မဇ္ဈိမသတင်းဌာန မှ ကူးယူဖော်ပြသည်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment